မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ရှိ ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ၂၅ ခုတင်ဆံ့ဆေးရုံအဆင့်သို့ အဆင့်တိုးခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းအင်အားများကိုသာ အထိုက်အလျောက် ဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံအဆောက်အဦ များမှာ အဆင့်တိုးမြှင့်ပြောင်းလဲမှု မရှိခြင်းများကြောင့် လူနာများသည့်အခါများတွင် မကြာခဏ လူနာကုသခုတင်များကို အပြင်ရှိ လူသွားလျှောက်လမ်းများပေါ်တွင် ထားရှိကုသမှုခံယူနေရခြင်း၊ ဆေးရုံ စတိုခန်းများမရှိ၍ ဆေးရုံသုံးဆေးများကို အဆင်ပြေသလိုထားရှိနေရခြင်း၊ ဆေးရုံဝင်းထရံမလုံခြုံခြင်းနှင့် ဆရာဝန်အိမ်များ အပါအဝင် ဝန်ထမ်းအိမ်ရာများ ပြည်စုံမှုမရှိခြင်း၊ လူနာတင်ယာဉ်မရှိခြင်း၊ အိမ်သာများလုံလောက်မှု မရှိခြင်း စသည့်လိုအပ်ချက်များရှိနေသည်ဖြစ်ရာ မြို့နယ်အဆင့် ၂၅ ခုတင်ဆံ့ဆေးရုံကြီး ဖြစ်နေပြီး အဆိုပါဆေးရုံအဆင့် အင်္ဂါရပ်နှင့်မညီမညွတ်ဖြစ်နေသည့် အတွက် ပေါက်မြို့ရှိ ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံကြီးအား ၂၅ ခုတင်ဆံ့စံချိန်စံညွှန်းအဆင့်နှင့် လိုက်လျောညီထွေမှုရှိရန် ဖော်ပြပြီးဖြစသော လိုအပ်နေသောအချက်များ အပေါ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

