တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အချို့သောတောင်သူလယ်သမားများသည် စားကျက်ကျူးမြေများတွင် စိုက်ပျိုးလျက်ရှိပါသည်။ “ဥပမာ ကန်ကြီးထောင့် မြို့နယ် တွင် စာရင်းအရ စားကျက်မြေဧက ၁၉၅၇၁.၂၇ ဧက၊ စားကျက်ကျူးမြေမှာ ၁၆၇၃၅ ဧက၊ စားကျက်ကျူးလယ်မြေ ၁၄၀၇၃ ဧက၊ မိုးစပါးသီးသန့်မြေဧကမှာ ၁၁၅၆၅ ဧက။” မိမိတို့မြို့နယ် နည်းတူ အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ရှိကြောင်း ကြားသိရပါသည်။ ထိုစားကျက်ကျူးမြေများတွင် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနေကြရာ ထုတ်ကုန်တိုးမြှင့်နိုင်မှုတွင် တစ်တပ်တအား ပါဝင်နေကြပါကြောင်း၊ ယင်းစားကျက်ကျူးမြေများတွင် စိုက်ပျိုးကြသော တောင်သူများ သည်လည်း အခြားတောင်သူများနည်းတူ လယ်ယာမြေသွင်းအားစုများကို ရာသီအလိုက် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စားကျက်မြေများတွင် လယ်မြေအဖြစ် တောင်သူလယ်သမားများ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးစရိတ် ထုတ်ချေးနိုင်ခြင်း သို့မဟုတ် အခြား ခေါင်းစဉ်တစ်ခုခုဖြင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

