(ခ)-ခေါင်လန်ဖူးမြို့နယ်တွင်လှေခါးထစ်လယ်ယာဖော် ထုတ်ရေး၊ လယ်ရေသွင်းမြောင်း တူးဖော်လို ခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

ဦးယော်ဒီဒွေ့ (ပူတာအို) ခေါင်လန်ဖူးမြို့နယ်တွင် လှေကားထစ်လယ်ယာဖော်ထုတ်ရေးနှင့် စပ်လျဉ်း၍ လှေကားထစ် လယ်ယာ ဖော်ထုတ်လိုသူများဖြစ်သော ဖုလွမ်းရွာ၊ ကောင်လိုလပ်အုပ်စု ၅၀ ဧက၊ မရာလ်ဒမ်းရွာ၊ ထရီဝမ်ဂေါင်အုပ်စု ၅၀ ဧက၊ နမ်ဇေရွာ၊ ထလားလော် အုပ်စု ၅၀ ဧက၊ ရဲဘန်ရွာ၊ရနင်ချီအုပ်စု ၁၀ ဧက၊ မခရုန်ဒမ်း၊ ရနီဂျင်အုပ်စု ၅ ဧက၊ ညီဝမ်ထန်အုပ်စု ၁၀ ဧကဖြစ်ပြီး လှေကားထစ်များနဲ့ လယ်ရေသွင်းမြောင်းများပါ တူးဖော်လိုသော ကောင်လိုလပ်အုပ်စု ရေမြောင်း ၂ မိုင်၊ မရာလ်ဒမ်းရွာ၊ ထရီ ဝမ်ဂေါင်အုပ်စုရေမြောင်း ၁ မိုင်ခွဲ၊ ရဲဘန် (ရနီချီ)အုပ်စု ရေမြောင်း ၁ မိုင်ခွဲ၊ မခရုန်ဒန်ဒမ် (ရနီချီ) ရေမြောင်း ၁ မိုင်ခွဲ၊ အဒူလား(ညီဝမ်ထန်) ရေမြောင်း ၂ မိုင်ခွဲ၊ ၂ မိုင်အသီးသီးရှိရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် ရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါ၍ နိုင်ငံတော်ကပံ့ပိုးပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်