ကယားပြည်နယ်သည် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ် တစ်ခုဖြစ်ပြီး ယင်းကဲ့သို့ နောက်ကျ ကျန်နေခဲ့သော ပြည်နယ်များအား နိုင်ငံတော်သမ္မတကြီးမှ တန်းတူ အခွင့်အရေး များ ဖြစ်စေရေးအတွက် လမ်းညွှန်မိန့်ကြားချက်များတွင် ကယားပြည်နယ်ကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကယားပြည်နယ်၏ မြို့နယ် ၇ မြို့နယ်အနက် ၆ မြို့နယ်ကို လစာ(၂ဆ) ပေးထားပြီးဖြစ်ရာ မိမိတို့ တစ်မြို့နယ်သာလျင် လစာ(၂ဆ) ပေးရန် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်း သွားလာခက်ခဲပြီး ဝေး လံခေါင်သီသော ကျေးလက်ဒေသများတွင် အကွာအဝေး တူ၊ ဘဝတူ၊ လုပ်ငန်းတူနေကြသော်လည်း လစာခံစားရခြင်း မတူကွဲပြားရှိနေခြင်းကြောင့် လွိုင်ကော်မြို့နယ်တွင် တာဝန် ထမ်းဆောင်နေကြရသော ဝန်ထမ်းများသည် များစွာ စိတ်မကောင်းမှုများ ဖြစ်ကြရပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် တစ်ခုလုံး (၂ဆ) တန်းတူညီတူ၊ ဘဝတူဖြစ်စေရေး ကို အထူးမျှော်လင့်စောင့်စားကြလျက်ရှိသည့်အတွက် လွိုင်ကော်မြို့ နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားလုံး လစာ(၂ဆ) ခံစားခွင့်ပြုနိုင်ပါရန် နိုင်ငံတော်အစိုးရမှ စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ခွင့်ပြုပေးနိုင်မည်ဆိုသည်နှင့် ခွင့်မပြုပါက မည်သည့် အကြောင်းကြောင့်ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။

