(ဃ)-ပြည်ထောင်စုအစိုးရအဖွဲ့မှရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ခွဲဝေပေးသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ သန်း (၁၀၀၀)နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁.၂၀၁၄)

ပြည်ထောင်စုအစိုးရအဖွဲ့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဖွံ့ဖြိုးရေးရန်ပုံငွေ သန်း ၁၀၀၀ ကို မည်သည့် ပုံစံ ညွှန်ကြာချက်များဖြင့် သတ်မှတ်ပေးသည်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် ချထားပေးသော ငွေများကို မည်သည့်မြို့နယ်များသို့ခွဲဝေပြီး မည်သူ၏လုပ်ငန်းရပ်များတွင် သုံးစွဲထားသည်ကို သိရှိလိုကြောင်း၊ ကွန်ဟိန်း မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ လင်းခေးမြို့နယ်၊ ပင်တယမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဟိုပုန်မြို့နယ် များတွင် အဆိုပါရန်ပုံငွေဖြင့် လုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းရှိ/မရှိ၊ ရှိပါက မည်သည့် လုပ်ငန်းများအတွက် သုံးစွဲခဲ့သည်နှင့် ၂၀၁၃-၁၄ ခုနှစ်တွင် အဆိုပါမြို့နယ်များအတွက် လျာထား လုပ်ဆောင်သည့်လုပ်ငန်းများတွင် သုံစွဲမည့် ငွေ ပမာဏနှင့် ရှမ်းပြည်နယ် အတိုင်းအတာဖြင့် တစ်မြို့နယ်လျင် ငွေပမာဏမည်မျှဖြင့် မည်သို့စီမံ ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဒေါ်နန်းဝါနု (ကွန်ဟိန်း) ကိုယ်စား ဦးစိုင်းသိန်းအောင် (တာချီလိတ်)မှ မေးမြန်းသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ် အ‌ကောင် အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စပြီး နှစ်စဉ် ကျပ်သန်း ၁၀၀၀ ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့သ့ို ထောက်ပံ့ငွေ အဖြစ် လည်းကောင်း၊ အသုံးစရိတ်ပိုင်းတွင် ထောက်ပံ့ငွေ အသုံးစရိတ်အဖြစ် လည်းကောင်း ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ ၎င်း ထောက်ပံ့ငွေ ကျပ်သန်း ၁၀၀၀ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့၏ အစီအ စဉ်ဖြင့် ကျေး လက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲ ရန် ထောက်ပံ့ငွေအဖြစ် ခွင့်ပြုလျာထားပေးခြင်းဖြစ်ပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တွင် ခွဲဝေချထားငွေများကို ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင်‌့ ဆင်းရဲမှုလျှော့ ချရေး လုပ်ငန်းစဉ်(၈)ရပ်တွင် တောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်နှင့် ကွမ်းလုံခရိုင်တို့တွင် ကျပ် ၄၂၉၀၂၀၀၀၀ိ/၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဖြတ်ခရိုင် တို့တွက် ကျပ် ၁၄၆၀၀၀၀၀၀ိ/- ကို ရင်းနှီးမြှုပ်နှံမှုအတွက် သုံးစွဲခဲ့ပါကြောင်း၊ ထို့အပြင် ပင်းတယမြို့နယ်၊ ကျားကုန်းကြေးရွာ မီးလင်းရေးအတွက် ကျပ် ၂၅၀၀၀၀၀၀ိ/-၊  ရပ်စောက်မြို့ နယ် ကောင်းဘို့ကျေးရွာမီးလင်းရေးအတွက် ကျပ် ၁၀၀၀၀၀၀၀၀ိ/၊ လုပ်ငန်းစဉ်(၈)ရပ်ပါ လျှပ်စစ်မီးလင်းရေးအတွက် ကျပ် ၅၀၀၀၀၀၀၀ိ/၊ ကွမ်းလုံမြို့နယ်၊ ပန်ဆန်းနမ့်ကျေးရွာအုပ်စု၊ တံတားဦးရွာ၊ မန်ကြပ်ရွာ၊ ကန်မိန်ရွာနှင့် ဝန်ထမ်း ရပ်ကွက်များမှ အရင်းအနှီး ခက်ခဲသောတောင်သူများသို့ လယ်ယာ ထုတ်ကုန်လုပ်ငန်းအတွက် ကျပ် ၈၀၀၀၀၀၀၀ိ/ ကိုသုံးစွဲခဲ့ပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ငလျင်ဒဏ် သင့်ပြည်သူ များအတွက် ကျပ် ၁၈၄၈၀၀၀ိ/၊ မူဆယ်မြို့နယ် ရေရရှိရေးအတွက် ကျပ် ၁၀၀၀၀၀၀၀ိ/-၊ ကျိုင်းတုံကျေးရွာ ချင်းဆက်လမ်း ဆောင်ရွက်ရန် ကျပ် ၈၀၀၀၀၀၀ိ/၊ ကွန်ဟိန်းမြို့နယ်အလိုက် စုစုပေါင်း ကျပ် ၉၉၇၂၇၂၅၀၀ိ/ ကို သုံးစွဲခဲ့ သည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိရပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ ရန်ပုံငွေဖြင့် ကွန်ဟိန်းမြို့နယ် အတွက် ကျပ် ၁၄၀၀၀၀၀ိ/၊ လင်ခေးခရိုင်အတွက်ကျပ် ၆၀၄၂၀၀၀ိ/၊ ပင်းတယ မြို့နယ် အတွက် ကျပ် ၂၅၀၀၀၀၀၀ိ/၊ ညောင်ရွှေနှင့် ဟိုပုန်းမြို့နယ်များပါဝင်သော တောင်ကြီး ခရိုင်အတွက် ကျပ် ၅၂၄၀၀၀၀၀ိ/ ကို သုံးစွဲထားသည်ကို သိရှိရပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်းမှ ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှု လျော့ချရေးရန်ပုံငွေကျပ် သန်း ၁၀၀၀ ထောက်ပံ့ပေးခဲ့ရာ ၎င်းရန်ပုံငွေမှ ပြည်နယ် အတွင်း ဒေသ ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ မီးလင်းရေးကော်မတီနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် သုံးစွဲခဲ့သည်ကို သိရှိရပါကြောင်း၊ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေမှ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ကြီးခရိုင် တွင် ကျပ် ၂၁ သန်း၊ လွိုင်လင်ခရိုင်တွင် ကျပ် ၆၆.၅ သန်း၊ လင်းခေးခရိုင်တွင် ကျပ် ၁၇.၅ သန်း၊ လားရှိုးခရိုင် တွင် ကျပ် ၄၂.၆ သန်း၊ ကျောက်မဲခရိုင်တွင် ကျပ် ၈၂.၂ သန်း၊ မူဆယ်ခရိုင်တွင် ကျပ် ၅၆ သန်း၊ လောက်ကိုင် ခရိုင်တွင် ကျပ် ၂၀ သန်း၊ ကျိုင်းတုံခရိုင်တွင် ကျပ် ဝ.၈  သန်း၊ မိုင်းဖြတ်ခရိုင်တွင် ကျပ် ၆ သန်း၊ မိုင်းဆတ်ခရိုင် တွင် ကျပ် ၄၀ သန်း၊ တာချီလိတ်ခရိုင်တွင် ကျပ် ၆၀ သန်း၊ တောင်ကြီးခရိုင်နှင့် တောင်ကြီးမြို့နယ်တွင် ၅၁.၈ သန်းဖြင့် စုစုပေါင်း ကျပ်သန်း ၄၉၄.၄ သန်းကို မွေးမြူရေးအစုအဖွဲ့များအတွက် သုံးစွဲခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့ပြင် ၂၀၁၃-၁၄ ခုနှစ်တွင် ကျေးလက် မီးလင်းရေးအတွက် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ လျှပ်စစ်မီးလင်း ရေးအတွက် ကျပ် ၅၀ သန်း၊ သီပေါမြို့နယ်၊ ကြံခင်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အတွက် ကျပ် ၅၀ သန်း သုံးစွဲခဲ့သည်ကို သိရှိရပါကြောင်း၊ အထက်ဖော်ပြပါ ရှင်းလင်းဖော်ပြထား သည့် ကိစ္စရပ်များကို ရှမ်းပြည်နယ်လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်းဖြင့် ၎င်းထောက်ပံ့ငွေများကို စီမံသုံးစွဲလျက်ရှိပါကြောင်း ဖြေကြားပါသည်။