မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ရေပြာကျေးရွာသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထု၊ မင်းလှ၊ မတူပီသို့ သွားလာပြီး ပြည်ထောင်စု လမ်းမကြီးနှင့် ပုသိမ်၊ မုံရွာသွားလာသည့် လမ်းမကြီး ဆုံရာ ရွာချောင်းတံတား အမှတ်(၂) ရေပြာတံတားဘေးတွင်တည်ရှိပါသည်။ ၂၄ နာရီမီးရရှိပြီး ရဲစခန်း၊ အ.ထ.က ကျောင်းနှင့် တိုက်နယ်ဆေးရုံ တည်ဆောက်ခွင့် ရရှိထားပြီး လူစီကားသည့် လမ်းဆုံ ရွာကြီးဖြစ်ပါသည်။ အဆိုပါရွာနှင့် ကပ်လျက် သံတမော်ကျေးရွာကြားတွင် ရေပြာသဲချောင်းရှိပြီး ထိုရေပြာ သဲချောင်းကြီးမှာ မိုးတွင်း ကာလများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်လေ့ရှိပြီး ရေပြာကျေး ရွာ တောင်ဘက်ခြမ်း လူနေအိမ်များ အပါအဝင် ရေပြာ လျှပ်စစ်ရေတင် စက်များကိုပါ အမြဲအန္တရာယ် ကြရောက်လျက်ရှိရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပေါ်ခဲ့သော အိုတူးပီ မုန်တိုင်းကြောင့် ရေကြီးရေလျံမှု များဖြစ်ကာ ရေပြာကျေးရွာတောင် ဘက်ခြမ်းကို ရေဘေးအန္တရာယ်များ ကြရောက် ခဲ့၍ လူ ၆ ဦးအသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်၊ အိမ်မွေးတိရိစ္ဆာန်များ၊ လယ်မြေ၊ ယာမြေများအပါအဝင် ယောချောင်းတံတား အမှတ်(၂) ရေပြာတံတား ချဉ်းကပ်လမ်းမကြီးကို ပျက်စီးခဲ့ပြီး လမ်းအောက်ဖက်ရှိ ဆင်သေကျေးရွာ၊ ကျွန်းပင်စုရွာ၊ အောက်ကျဉ်းကျေးရွာများကိုလည်း ရေကြီး၊ ရေလျှံမှုဖြစ်၍ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထိုအန္တရာယ်ကို လျော့ပါးစေရန်အတွက် ရေပြာကျေးရွာနေ ပြည်သူများမှ ကိုယ်ထူ ကိုယ်ထရေကာတာများ ပြုလုပ်ခဲ့ ပြီး ဆည်မြောင်း ဦးစီးဌာနမှ လည်း ကူညီမှု အချို့ပေးခဲ့သော်လည်း စိတ်ချရသည့်အခြေအနေမရှိဘဲ စိုးရိမ်ရမြဲဖြစ်နေပါကြောင်း၊ အဆိုပါ သဲချောင်းကြီးကို အချိန်မီ ရေကာတာ ရယူရေ လမ်းကြောင်း ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ရေကြီးရေလျံမှုများ ထပ်မံ ဖြစ်ပေါ်ကာ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကျရောက်နိုင်သည့်အပြင် လျှပ်စစ်ရေတင် စံပြလယ်စိုက်ဧက ၁၀၀၀ တွင် ရေပြာကျေးရွာ၊ ဆင်သေကျေးရွာ၊ ကျွန်းပင်စုကျေးရွာ၊ အောက်ကျင်းကျေးရွားများရှိ လူနေအိမ်စုစုပေါင်း ၅၀၀ နှင့် လူဦးရေ ၂၀၀၀ခန့် တို့အပေါ် အန္တရာယ်များကြရောက်နိုင်ပြီး အသစ်တည်ဆောက်မည့် ပုသိမ်၊ မုံရွာ လမ်းမကြီးပေါ်ရှိ ယောချောင်းတံတား အမှတ်(၂၀) ရေပြာတံတား၏ ချဉ်းကပ်လမ်းကိုလည်း ပျက်စီးနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ သဲချောင်းကြီးကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကာတာ ရယူရေး ရေလမ်းကြောင်း ပြုပြင်ပေးစေလိုသော ဆန္ဒဖြင့် ဒေသခံပြည်သူများက မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြပြီးဖြစ်သော ရေကာ တာတူးမြောင်းကို ပြည်ထောင်စုအစိုးရမှ သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အတွက် ရေပြာ ကျေးရွာ အား ရေဘေးအန္တရာယ် ကာကွယ်နိုင်ရန် ရေကာတာပြု လုပ်ပေး၍ ရေလမ်း ကောင်းမွန်စေရန် ပြုပြင်ဆောင် ရွက်ပေးရန်အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း ဒေသခံပြည် သူများကိုယ်စား မေးမြန်းပါသည်။
ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအုပ်စု ၊ရေပြာကျေးရွာအတွင်းသို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေပြာချောင်းမှ ရေများဝင်ရောက်၍ လူ ၆ ဦးသေဆုံးခဲ့ပြီး အိမ် ၃၃ လုံးနှင့် လယ်ယာမြေများတွင် ပျက်စီးခဲ့ပြီး ၂၅-၁၀-၂၀၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ရေပြာသို့ လာရောက်သည့် ခရီးစဉ်တွင် ရေပြာချောင်း၌ ရေကာတာပြုလုပ်ပေးရန် တင်ပြခဲ့သည့် အတွက် မြစ်ချောင်း အင်းအိုင်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကိုယ်တိုင် လာရောက်၍ အလျား ၁၂၀၀ပေ၊ အနံ ၂၀ ပေ ၊ အမြင့် ၅ပေရှိသော မျောရိုက်၊ ဝါးကပ်ကာ၊ သဲအိတ်ချ၊ ရေကာတာ တည်ဆောက်ပေးခဲ့ပါသည်။ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ ရေပြာရွာ အနောက်ဘက် ပေါက်-ပခုက္ကူလမ်း မှ ယောချောင်းအထိ ရေလွှဲမြောင်းကို တူးဖော် ဆောင်ရွက်ပေး ခဲ့ရာ ရေအရင်အမြစ်အသုံးချရေးဦးစီးဌာနမှ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ တွင်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်းအစီရင်ခံစာ တင်ပြအပ်ပါသည်။
ရေပြာရွာသည် ယောချောင်းနှင့် ရေပြာချောင်းဆုံသည့်အောက်ဖက်တွင် ရှိသောကြောင့် ယောချောင်း ရေကြီးချိန် တွင် ရေပြာချောင်းရေကျ ဆင်းလာပြီးရွာ အတွင်းသို့ ဖြတ်စီးဝင် သောကြောင့် ရေပြာရွာသားများမှ ရေပြာရွာ အနောက်ဘက် ချောင်ရိုး တစ်လျှောက်ခိုင်ခန့်သော ရေကာတာထပ်မံ လုပ်ပေးစေလို၍ တင်ပြခြင်း ဖြစ်သည့်အတွက် တင်ပြချက်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ရရှိပါက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
