ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများခန့်ထားခြင်းနှင့်ပတ်သက်၍ လက်ထောက်ကျန်းမာရေးမှူး များကို မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)(HA-1)အစား မြို့နယ်ကျန်းမာရေးမှူး(THA)အဖြစ် ရာထူး တိုးပေးရန်၊ မြို့နယ်ကျန်းမာရေးမှူး(THA)များကို မြို့နယ်အဆင့်တွင်ခန့်အပ်ရန်နှင့် လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်အထိ ရာထူးတိုးမြှင့်ပေးမည်၊ ရာထူးတက်လမ်းရှိသည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးဌာန ၇ ခုရှိပြီး မြန်မာနိုင်ငံလူဦး၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများကို အခြေခံကျန်းမာရေးစောင်ရှောက်မှုများ ပေးနေသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဖြစ်သည်ဟု သိရှိရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင် နေကြသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများသည် ပြည်သူလူထ၏ အခြေခံကျန်းမာရေး စောင့်ရှောက် မှုများ အတွက် တာဝန်ကျေပွန်အောင်ထမ်းဆောင်ကြသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တွင် ၎င်းတို့ အတွက် ရာထူးတက်လမ်းအခွင့်အလမ်းများ အလွန်နည်းပါးသည်ဟု ကြားနေရပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးများသည် ဝန်ထမ်းစဖြစ်သည့်အချိန်မှစပြီး ပင်စင်ယူသည့် အထိ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း ရာထူးနှစ်ဆင့်သာ တိုးမြှင့်ခံစားခွင့်ရှိကြောင်း၊ ကျန်းမာရေး ကြီးကြပ်(၁)၊ (၂)များ သည် လက်ထောက်ကျန်းမာရေးမှူးဖြစ်ပြီးလျှင် ရာထူးနှစ်ဆင့်သာတိုးမြှင့် ခံစားခွင့်ရှိကြောင်း၊ အခွင့်အရေး နှစ်မျိုးရှိသည့် သားဖွားဆရာမများသည် လက်ထောက်ကျန်းမာရေးမှူး ရာထူးကိုယူပါက ကျန်းမာရေးမှူးမှ နောက်ထပ်ရာထူးနှစ်ဆင့်သာ တိုးမြှင့်ခံစားခွင့် ရှိနေပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး ရာထူးသည် ဒုဦးစီးရာထူးဖြစ်သော်လည်း တစ်ဆင့်တည်းပေးသည့် မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) (HA-1) ရာထူး သည် ကြားစကေးဖြစ်ပြီး ဦးစီးအရာရှိအဖြစ်တိုးမြှင့်ပေးခြင်းမရှိသည့်အတွက် နောက်ဆုံးအဆင့်အဖြစ် မြို့နယ်ကျန်းမာရေးမှူး (THA) ဦးစီးအရာရှိအဖြစ် ရာထူးတိုးပေးရာတွင်လည်း မြို့နယ်အဆင့် တွင် ခန့်အပ်ခြင်းမရှိဘဲ ခရိုင်နှင့်ပြည်နယ်/တိုင်းဒေသကြီးရုံးများတွင်သာ တာဝန်ချပေးသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း နေထိုင်ကြသည့် ကျေးလက်တောရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျေးလက်ကျန်းမာရေးဌာန ၁၇၇၈ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၉၈၃) ခုရှိပြီး ၎င်းကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် လက်ထောက်ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများဖြစ်သည့် ကျန်းမာ ရေး အဆင့်မြှင်တင်ခြင်းလုပ်ငန်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ရောဂါကာကွယ်တားဆီးခြင်းလုပ်ငန်း၊ ရောဂါကုသခြင်းလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနက် ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများအတွက် ရှေ့တန်းတိုက်စစ်မှူးများဖြစ်ပါကြောင်း၊ ဆိုးရွားစွာဒုက္ခပေးခဲ့သည့် ကျောက်ရောဂါကို အမြစ်ပြတ်တိုက်ထုတ်ခြင်း၊ ကျေးလက်နေလူမှု ဘဝ တိုးတက်ရန် အတွက် ယင်လုံအိမ်သာစီမံချက်များ အကောင်အထည်ဖော်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုလျှော့ချရေး၊ ငါးနှစ် အောက်ကလေးများသေဆုံးမှု လျှော့ချရေးစီမံချက်များ ဆောင်ရွက် ပေးခြင်း ၊ ငှက်ဖျားရောဂါဝန်ထုပ်ဝန်ပိုးများလျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော်ပေးခြင်း၊ TV / HIV ရောဂါများဖြစ်ပေါ်သေဆုံးမှု လျှော့ချရေးစီမံချက်များ အကောင်အထည်ဖော်ခြင်း၊ ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝေးလံ ခက်ခဲသော ဒေသများစွာသွားရောက်ပြီး တာဝန်ထမ်းဆောင်လျက် ဆေးကုသမှုစသည့် လုပ်ငန်းများတွင် ကျန်းမာရေးမှူးနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးသည် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည့် သမိုင်းမှတ်တမ်းများလည်း ရှိနေပါကြောင်း၊ ယခုအချိန်ထိနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခံထားရသည့် လက်ထောက်ကျန်းမာရေးမှူး ဦးသန့်ဇင်ဦး တို့လို ပြည်သူ့အပေါ် အလုပ်အကျွေးပြုနေသည့် မြန်မာနိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များစွာရှိနေပါကြောင်း၊ WHO အဖွဲ့ဝင် ၁၉၁ နိုင်ငံရှိသည့်အထဲတွင် မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့် ရှောက်မှုအဆင့် ၁၉၀ အထိ ရှိနေပါကြောင်း၊ ၎င်းသည် ဝန်ထမ်းများ၏ အလုပ်အပေါ်စိတ်ဝင်စားမှုနှင့် ကြိုးစားအားထုတ်မှု၊ တာဝန်ကျေပွန်မှု၊ စီမံခန့်ခွဲမှုများနှင့် တိုက်ရိုက်ဆက်နွှယ်နိုင်ပါကြောင်း၊ ရာထူး တက်လမ်းမရှိခြင်း၊ မည်သည့် Profession ဝန်ထမ်းများအတွက်မှ မရှိသည့် ကြားစကေးအဆင့်ရာထူးများ တိုးပေးခြင်း၊ နောက်တစ်ဆင့် ထပ်တိုးပါက မြို့နယ်အမည်တပ်ခံပြီး ခရိုင်ရုံးများ တွင်တာဝန်ထမ်းဆောင် နေခြင်းများသည် လက်ထောက်ကျန်းမာရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန် ကျေပွန်မှု၊ စိတ်ဝင်စားမှုများကို များစွာထိခိုက်စေသည်ဟု ကြားသိရပါကြောင်း၊ ထို့ကြောင့် မိမိသိလို သည်မှာ လက်ထောက် ကျန်းမာရေးမှူးများကို မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)(HA-1) အစား မြို့နယ် ကျန်းမာရေးမှူး(THA) အဖြစ် တိုက်ရိုက်တိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မြို့နယ်ကျန်းမာရေးမှူး (THA) များကို မြို့နယ်အဆင့် တွသ်ခန့်အပ်ရန် အစီအစဉ်ရှိ/မရှိ နှင့် လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်ထိ ရာထူးတိုးပေးမည့်အစီအစဉ်များ ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ကမ္ဘာ့အဖွဲ့ဝင် ၁၉၁ နိုင်ငံတွင် မြန်မာနိုင်ငံ ကျန်းမာရေးအဆင့်သည် အဆင့် ၁၉၀ ရှိသည်ဆိုသည်မှာ World Health Report 2000 မှထုတ်သည့် Report ဖြစ်ပါကြောင်း၊ ၎င်း Report ကို၎င်းအချိန်တွင် Regional avical Health Sectruation and Health Education ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင်လုပ်နေပါကြောင်း၊ ၎င်း Report တွင်သုံးသည့် Meteorology များသည် ပျော့ညံ့ချက် ရှိသည့်အတွက် ကမ္ဘာက ၎င်း Report ကို လက်မခံပါကြောင်း၊ ၎င်း Report ကို မိမိတို့ အနေ ဖြင့် လုံးဝ Coast မလုပ်စေချင်ပါကြောင်း၊ မိမိနိုင်ငံအောက်တွင် နိုင်ငံတစ်နိုင်ငံသာရှိပါကြောင်း၊ ဘာလီတွင် Workshop လုပ်ပြီး အကုန်လုံး ကန့်ကွက်ပါကြောင်း၊ တစ်ကမ္ဘာလုံးမှ ကန့်ကွက်သည့် အတွက် Report ကို မိမိတို့ လုံးဝ Coast မလုပ်စေချင်ပါကြောင်း၊ Refer မလုပ်စေချင်ကြောင်း၊ ပြည်သူ့ခန့်ထားမှု မရှိုခြင်းသည့် ပြည်သူ့ကျန်းမာရေး၏ နောက်ကောက်ကျရသည့်အဓိကအချက်အဖြစ်သည်ဟု ယူဆပါ ကြောင်း၊ ၎င်းကိုမိမိအနေဖြင့် လက်မခံနိုင်ပါကြောင်း၊ ၎င်းနောက်ကောက်ကျသည်ဟု ရေးလိုက်ခြင်းသည့်် တောနေချုံ ကြားတွင်လုပ်သည့်သားဖွားဆရာမ(Heart Assistance) PHS1၊ PHS2 ၎င်းတို့အနေနှင့် စိတ်ထိခိုက်နိုင်ပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးများကို မြို့နယ်ကျန်းမာရေး အဆင့်(၁) (HA) အစား လွှတ်တော်ကိုယ်စားလှယ်ကြီးက ကျန်းမာရေးမှူးအဆင့်(၁) ကိုဖျက်လိုက်ချင်သော်လည်း သုံးဆင့် ရှိသည့်အတွက် မိမိတို့ ဖျက်ချင်တိုင်းဖျက်၍ မရပါကြောင်း၊ ကျော်ပေး၍မရပါကြောင်း၊ ပြည်ထောင်စု သမ္မတနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းဥပဒေများအခန်း(၄) အပိုဒ် ၄၅ တွင် ဝန်ထမ်းတစ်ဦးကို သက်ဆိုင်သည့် ရာထူးအဆင့် အမျိုးအစားအတွင်း သာမာန်အားဖြင့် အဆင့်မကျော်ဘဲ တစ်ဆင့်ဆီကို ရာထူးတိုးမြှင့်ရ မည်ဟု ဖော်ပြထားသည့်အတွက် လက်ရှိဖွဲ့စည်းပုံ အရ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)က ကြားခံနေ သည့်အတွက် လုပ်ပေး၍မရပါကြောင်း၊ ဖွဲ့စည်းပုံကိုလုံးဝပြင်ပြီး ထုတ်ချင်သည်ဆိုပါက ထုတ်လိုသည့် အကြောင်းကို မိမိတို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် လက်ထောက်ကျန်းမာရေးမှူး အဆင့်(၂) မှ အဆင့်(၁) ကြားခံပါကြောင်း၊ ပြီးရင်မြို့နယ်ကျန်းမာရေးမှူးဖြစ်သည့်အခါတွင် သုံးနှစ် သုံးနှစ်ဆီကြားခံနေပါကြောင်း၊ ၎င်းသုံးနှစ်၊ သုံးနှစ်ကို မိမိတို့ လျှော့လို့ရပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေးခေါ်နေပါကြောင်း၊ ကျန်းမာရေးမှူးတစ်ခုတည်းကို တိုးခြင်း၊ လျှော့ခြင်းလုပ်၍ မရပါကြောင်း၊ ၎င်းနှင့်အလားတူ တာဝန်ထမ်းဆောင်နေသည့် သူနာပြုများရှိပါကြောင်း၊ Techanical ဆိုသည်မှာ ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်သူ၊ ဆေးချွတ် အကုန်လုံးကိုစဉ်းစားနေပါကြောင်း၊ ထို့ကြောင့် နည်းနည်းကြာခြင်းဖြစ်ပါကြောင်း၊ အလွန်များပြားသောဝန်ထမ်းများဖြစ်သည့်အတွက် တစ်ခုကို တိုးပါက အလားတူ နှီးနွှယ်နေသည့်ဝန်ထမ်းများကို တိုးသင့်မတိုးသင့် တိုးပါကမည်ကဲ့သို့တိုးရမည်ကို အကုန်လုံး စဉ်းစားလုပ်နေရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်းစားရပါကြောင်း၊ ဖွဲ့စည်းပုံတွင် ပေးနိုင်သောရာထူး၊ နေရာကိုလက်ခံနိုင်မှုရှိ/မရှိ၊ ဘတ်ဂျက်ရမှု/မရမှု ပေါ်မူတည်ပြီး စဉ်းစားရပါကြောင်း၊ မြို့နယ်ကျန်းမာရေးမှူး(THA)တွင် အရာရှိစကေးဖြစ်သည့် PSC ၏သဘောတူညီချက်အရ အရာရှိ စကေး ဖြစ်ရန်အတွက် ၎င်းတို့တွင် ဘွဲ့တစ်ခုရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖြစ်စဉ်ကို လည်းသိပါ ကြောင်း၊ ယခုလည်း ဆွေးနွေးလျက်ရှိပါကြောင်း၊ ယခု မိမိပြောသည့်အတိုင်း Uniform ကိစ္စ၊ Training ကိစ္စ၊ Career Ladder ကို အကုန်လုံး လုပ်နေပါကြောင်း၊ ပြည်သူ့အသံကိုလည်းနားထောင်သလို ကျန်းမာရေးမှူးများ၏ အသံကိုလည်း မိမိတို့ အမြဲနားထောင်ပြီး လုပ်နေပါကြောင်း၊ ဖွဲ့စည်းပုံကို ပြုပြင်ရာ တွင် နေ့ချင်းညချင်းလုပ်၍မရပါကြောင်း၊ သို့သော်အဆင့်ဆင့် စိစစ်မှုများလုပ်ရပါကြောင်း၊ စိစစ်တိုးရန် ငွေကြေးဘယ်လောက်ရမည်ဆိုသည့်အပေါ်တွင် မူတည်နေပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ အခြားဝန်ကြီးဌာနသို့ တင်ပြသည့်အခါ စိစစ်တိုးအနေဖြင့် ဘယ်လောက်ပေးမည်ဆိုသည့် ၎င်းတို့၏ မှတ်ချက်ကို မိမိတို့ Credit လုပ်ပါကြောင်း၊ ယခုရှိသော ဖွဲ့စည်းပုံတွင် လွန်ခဲ့သော နှစ်တရာလောက် က ဖွဲ့စည်းပုံဖြစ်သည့်အတွက် အခြေအနေအချိန်အခါအရ ၎င်းဖွဲ့စည်းပုံကိုပြင်ရန် ယခုလောလောဆယ် တွင် လုပ်နေပါကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သုတရေးဦးစီးဌာနနှစ်ခု ပေါင်းပြီး တစ်ခုလုပ်နေပါကြောင်း၊ မိမိဝန်ကြီးဌာနတွင် ဝန်ထမ်းပေါင်း ၁၀၉၀၀၀ ရှိပါကြောင်း၊ ဒါကို မိမိတို့ ထည့်စဉ်းစားရပါကြောင်း၊ အရမ်းတောင်းသည့်အခါလည်း တောင်းလို့မရပါကြောင်း၊ အမျိုးတူသော ဝန်ထမ်းများကို စဉ်းစားနေရ ပါကြောင်း၊ ရှေ့တန်းတိုက်စစ်မှူး ဖြစ်သည့် HA များသည် TMO၊ SMO များနှင့် ပေါင်းပြီးလုပ်သည့် အတွက် HA များ၏ အရေးပါမှုကို ကောင်းစွာသိပါကြောင်း၊ ၂၄ ရက်နေ့တွင် ကျန်းမာရေးမှူးများ အသင်း ညီလာခံတွင် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် HA များ သာမက ကျန်သည့်နေရာများကိုလည်း လုပ်နေသည်ကို တင်ပြလိုပါကြောင်း၊ ကျန်းမာရေးမှူး HA များသည် လက်ထောက်ညွှန်ကြားရေးမှူး ပြီးလျှင် THA မှစပြီး လက်ထောက်ညွှန်ကြားရေးမှူး အဆင့်၊ ဒုတိယညွှန်ကြားရေးမှူး အဆင့်ထိ လုပ်နေရပါကြောင်း၊ အလားတူ Technical ဘက်တွင်လည်း လုပ်နေရပြီး ဆရာဝန်များသာရှိနေသည့်အတွက် ကျန်းမာရေးမှူးများကို အထောက်အကူပြုမည့် ရာထူး အဆင့်မမြင့်လျှင် မရသည့်အတွက် အကုန်ဆွဲထားပြီးဖြစ်ပါကြောင်းနှင့် တစ်ဖက်တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်သည့် လုပ်ငန်းများလည်း လုပ်ရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သည့်ပမာဏ၊ Population Drancy ၊ Population နှင့် ဒေသအလိုက် လိုအပ်ချက်များ ကျွမ်းကျင်မှုဆိုင်ရာများ၊ ငွေပေးရရှိမှုအခြေအနေကိုလည်း ကြည့်ရပါ ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံအရ တိုင်းဒေသကြီး /ပြည်နယ်နှင့် ဗဟိုဌာနတွင်ရှိသည့် ကျန်းမာရေးအသိပညာသင်တန်း (Training) ယူနစ်နှင့်၊ လုပ်ငန်းခွင်ကျန်းမာရေး (Occupational Health)ဌာနများတွင် ရာထူးနေရာသတ်မှတ်သည့်အခါ ဆရာဝန်နှင့် ဦးစီးအရာရှိတို့သည် တူပါကြောင်း၊ ဆရာဝန်ထားပါက ကျန်းမာရေးမှူးဝင်လို့မရပါကြောင်း၊ ထို့ကြောင့် ဆရာဝန်/ဦးစီးအရာရှိဟု ဖော်ပြထားသည့်အတွက် အရည်အချင်းနှင့် လုပ်သက်သတ်မှတ်ချက်ပေါ် မူတည်၍ သင့်လျော်သော ဦးစီးနေရာတွင် ခန့်အပ်သွားမည် ဖြစ်ပါကြောင်း၊ မေးခွန်း(၃) ဖြစ်သည့် လက်ထောက်ကျန်းမာရေးမှူးများကို မည်သည့်အဆင့် ထိရာထူးတိုးမြှင့်ပေးမည်။ ရာထူးတက်လမ်း ရှိသည်ဆိုခြင်းမှာ လက်ထောက်ကျန်းမာရေးမှူးအဆင့် (၁) ကို ရာထူးတိုးသတ်မှတ်ချက်ကိုလည်း ယခင်က ငါးနှစ်၊ ယခုသုံးနှစ်ကို ၂၀၁၇ ခုနှစ်တွင် လျှော့လိုက်ပါကြောင်း၊ သုံးနှစ်ပြည့်လျှင် လစ်လပ်ပေါ်မူတည်ပြီး ကျန်းမာရေးမှူးအဆင့် (၁) ကို ဖြစ်သွားပါမည်၊ အလားတူ မြို့နယ်ကျန်းမာရေးမှူး Township Health Assistance က M.Com ရမည်ဆိုလျှင် သုံးနှစ်မလိုပါကြောင်း၊ တစ်နှစ်နှင့် ကျန်းမာရေးမှူး အဆင့် (၁) ကို ရာထူးတိုးပေးပါကြောင်း၊ အချုပ်အားဖြင့် လက်ထောက်ကျန်းမာရေးမှူး ရာထူးရပြီးနောက် လုပ်သက်ခြောက်နှစ်ရှိလျှင် မြို့နယ်ကျန်းမာရေးမှူး သို့မဟုတ် ဦးစီးအရာရှိအဆင့်ကို ရမည်ကို တင်ပြလိုပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး အဆင့် (၁) ကို ရာထူးတိုးရန်အတွက် ၆-၁-၂၀၁၇ ရက်နေ့တွင် ဖြေဆိုသူ ၉၃ ဦးရှိပြီး ၈၄ ဦးလာလျှောက်ပါကြောင်း၊ ၈၄ ဦးကိုလည်း တိုးပေးပြီး ၂၀၁၇ ခုနှစ် မတ်လမှ ရာထူးတိုးခန့်လိုက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျန်းမာရေးမှူးအဆင့် (၁)ကနေ မြို့နယ်ကျန်းမာရေးမှူး THA ရာထူး တိုးမြှင့်ရန်အတွက်ကို အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် ကျန်းမာရေးမှူး အဆင့် (၁) ၆၄ ဦးလာဖြေပါကြောင်း၊ ၎င်းတို့အထဲတွင်ရှိသည့် Post က ၄၄ ဦးရှိပါကြောင်း၊ မိမိတို့ရွေးပြီးဖြစ်သည့်အတွက် ရက်သတ္တပတ်အတွင်း ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကို တင်ပြပြီးလုပ်ပေးမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်က ကျန်းမာရေးလုပ်ငန်းများ ဟုတ်/မဟုတ်ကို သုံးသပ်နေသည့်အဖွဲ့ကိုလည်း မိမိတို့က Regional Sruveillance Officer (RSC) အဖြစ် သုံးဦး၊ တကယ့်အရေးကြီးသည့် Position နေရာတွင် လုပ်နေသည်ဆိုတာကိုလည်း မိမိမှ တင်ပြလိုပါကြောင်း၊ Career Ladder ကိုလည်း ဒုတိယညွှန်ကြားရေးမှူးအထိ တင်ထားပါကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်ပါဝင်ကြီးကြပ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
