မြောင်းမြမြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်တွင်တည်ရှိပြီး လူဦးရေသုံးသိန်း နည်းပါးရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပါကြောင်း၊ မြောင်းမြမြို့တွင် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်း လုပ်သားများ များပြားလျက်ရှိပြီး အထူးသဖြင့် အမျိုးသမီးရွှေ့ပြောင်းလုပ်သားတွေများပြား သည်ကို တွ့ရှိရပါကြောင်း၊ မြောင်းမြရှိ အဓိက အရွယ်ကောင်းအမျိုးသမီး ရွှေ့ပြောင်းလုပ်သား အများစု သည် အထည်ချုပ်လုပ်ငန်းများ၊ စားပွဲထိုး၊ အိမ်အကူ၊ ဆိုင်အကူနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေရ သည်ကို တွေ့ရှိရပါကြောင်း၊ အမျိုးသမီးများအလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးနိုင်သည့် အသက် မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းကျောင်း(Vocational Training School)များကို ဒေသတွင်တည်ထောင် ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများဖြစ် သည့် သူနာပြုနှင့်သားဖွားဆရာမများ၏ လိုအပ်ချက်မှ မြင့်မားလျက်ရှိပြီး ဝန်နှင့်အား မမျှဘဲ တာဝန်များ ထမ်းဆောင်နေရပါကြောင်း၊ ဖိအားအမျိုးမျိုး ရင်ဆိုင်နေရသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှု အပြည့် အဝပေးရန် ခက်ခဲနေသည်ကိုတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်းမြမြို့တွင် သူနာပြုနှင့် သားဖွား သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက အဆိုပါအခက်အခဲများ နှင့် ကျန်းမာရေး ဝန်ထမ်း လိုအပ်မှုများကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းဖွင့်လှစ်ရန်လိုအပ်သည့် သင်ထောက် ကူခုတင် ၂၀၀ ဆေးရုံလည်းရှိပြီး လုံခြုံစိတ်ချရ သည့်မြေ ၅ ဧက ကိုလည်းသတ်မှတ်စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ မြောင်းမြမြို့သူ ဒေါ်ခင်ကြည် သည် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မဟေသီအဖြစ်နှင့် ခင်ပွန်းသည်၏ဂုဏ်သတင်းနှင့် ကျော်ကြားရုံတင် မကဘဲ ကိုယ်ပိုင်အရည်အချင်းနှင့် လူချစ်ခင်၊ လူရိုသေခံရသူဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် နောက်ကွယ်မှပံ့ပိုးပေးနိုင်ခဲ့သည့်အပြင် ယနေ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားထိန်းကျောင်း မြေတောင်မြှောက်ပေးနိုင်ခဲ့သူ လည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ မဟာသီရိသုဓမ္မဘွဲ့ချီးမြှင့်ခြင်းခံရပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့်တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် အိန္ဒိယနှင့် နီပေါ သံအမတ်ကြီး အဖြစ် ပူးတွဲ တာဝန်ယူခဲ့ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ်သောပရဟိတ လုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်နိုင်အောင် စည်းရုံးနိုင် ခဲ့သူလည်း ဖြစ်ပါကြောင်း၊
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည့်အပြင် မြန်မာအမျိုးသမီးများအနေဖြင့် ဒေါ်ခင်ကြည်ကို လေးစားအတုယူကြိုးစားပြီး နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်သည့် မျိုးဆက်သစ်များအဖြစ် ပေါ်ထွန်းလာနိုင်ပါကြောင်း၊ လွတ်လပ်ရေး ရပြီးကာစ ကာလတွင် တာဝါလင်း အမျိုးသမီးဆေးရုံကို ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအဖြစ် ဂုဏ်ပြခေါ်ဆိုခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သူမ၏ဇာတိမြို့ဖြစ်သည့် မြောင်းမြမြို့တွင် ဒေါ်ခင်ကြည်ကိုလေးစားအားကျ အတုယူကြိုးစားမည့် တိုင်းကျိုးပြည်ပြု မျိုးဆက်သစ် ဒေါ်ခင်ကြည်လေးများ မွေးထုတ်ပေးနိုင်ရန်အတွက် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို မြောင်းမြမြို့တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ပြီး မည်သည့် နှစ်တွင် သင်တန်းသူများကို စတင်လက်ခံနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် သူနာပြုသားဖွားသင်တန်းကျောင်း ၅၀ ရှိပါကြောင်း၊ တချို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် နှစ်ကျောင်း၊ တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်ကျောင်းရှိပါကြောင်း၊ ယခုအချိန်ထိ သူနာပြုဦးရေပေါင်း ၃၃၃၃၃ ဦး နှင့် သားဖွား ၃၈၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်ပါကြောင်း၊ ကျောင်း ၅၀ တွင် ဆရာအင်အား ၅၂၀ ဦးနှင့် သူနာပြုသားဖွားကျောင်းတက်နေသည့် ကျောင်းသူပေါင်း ၆၂၅၀ ဦး ၊ သားဖွား သင်တန်းတွင် ၂၆၅၈ ယောက်ရှိပါကြောင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ(LHB) ၁၄၉ ဦး တက်ရောက် ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းတွင် လူဦးရေ ခြောက်သန်းကျော်ရှိ ပြီး Start Nurse က ၃၁၇ ယောက် ၊ Train Nurse ကလည်း ၁၂၉၇ ယောက် စုစုပေါင်း ၁၆၀၀ လစ်လပ်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းတွင် သားဖွားသူနာပြုတစ်ကျောင်းနှင့် သူနာပြုတစ်ကျောင်း စုစုပေါင်း(၂)ကျောင်း ရှိပါကြောင်း၊ ပုသိမ်မြို့တွင် လောလောဆယ်တက်နေသည့် သားဖွား ၁၂၅ ယောက်၊ သူနာပြု ၂၈၁ ဦး တက်နေပြီး ပုသိမ်မြို့တွင် ၂၄၃ ယောက် စုစုပေါင်း သူနာပြုပေါင်း ၅၂၄ ဦး ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သားဖွား ၁၂၅ ဦး တက်နေ ပါကြောင်း၊ ဧရာဝတီတိုင်းတွင် အမြန်ဆုံးကျောင်းတစ်ကျောင်းဖွင့်ရန်လိုအပ်နေပါကြောင်း၊ ကျောင်းဖွင့် မည်ဆိုပါက သင်ကြားပေးမည့် ဆေးရုံ ကြီးများရှိရန်လိုအပ်ပါကြောင်း၊ မြောင်းမြဆေးရုံသည် ခုတင် ၂၀၀ ဆေးရုံကြီးဖြစ်သည့်အတွက် အဆင် ပြေပါကြောင်း၊ ထို့အပြင် မြေ (၅ ဧက)ရမည် ဟု ပြောသော်လည်း သုံးနှစ်ကြာမှ ဂရန် သို့မဟုတ် ခွင့်ပြုမိန့်ရခဲ့ပါက နောက်ထပ်သုံးနှစ်ကြာသွား နိုင်ပါကြောင်း၊ မြေအမြန်ဆုံး ရ အောင် မိမိတို့ကို ဆောင်ရွက်ပေးပါက ၂၀၁၈-၁၉ တွင် ဆောက်ပြီးသည့်နှင့် ၂၀၂၀ တွင် အနည်းဆုံး ၅၀ မှ ၁၀၀ သူနာပြုခေါ်မည်ဖြစ်ပါကြောင်း၊ သားဖွားခန့်ထားသည်မှ ၁၃၆၀၀ ကျော်ရှိသည့်အတွက် ၁၀၄၆ ယောက်သာလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် သူနာပြု ၅၀ ရာခိုင်နှုန်း လောက် အင်အားနှင့်သာ လုပ်နေရပါကြောင်း၊ ခွင့်ပြုသူနာပြုပေါင်း အကြမ်းအားဖြင့် ၄၀၀၀၀ ကျော်ရှိသော်လည်း ခန့်ထား အင်အားသည် ၂၀၄၁၆ ဦးသာရှိသည့်အတွက် ၁၉၅၈၁ ယောက် လစ်လပ်နေပါကြောင်း၊ ၎င်းကို ဖြည့်ရန် လိုအပ်နေသည့်အတွက် ကျောင်းကြီးကို အမြန်ဆုံးဆောက်လုပ် ပေးမည်ဖြစ်ပါကြောင်း၊ မြေအမျိုး အစား(Y)၊ မြေလွတ် မြေလပ် (လန-၉၃)ကို မိမိတို့ရရှိပြီးဖြစ်ပါကြောင်း၊ (လန-၉၃) ဆိုသည်မှ လယ်ယာ မြေကို အခြားနည်းဖြင့် အသုံးပြုပြီး လျှောက်ထားရနေပြီဖြစ်ပါကြောင်း၊ သို့သော် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနပိုင် မြေမိန့်ကို လျှောက်ထားဆဲ ဖြစ်ပါ ကြောင်း၊ ၎င်းမြေမိန့် ရရှိပါက မိမိတို့ တစ်ခါတည်း လုပ်ပေးမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အမြန်ဆုံး ဆောက်လုပ် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
