(င)-နိုင်ငံတော်စီးပွားရေးအတွက်ဝင်ငွေပိုမိုတိုးတက် လာစေရန်နှင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမြှင့် တင်နိုင်ရန်မြန်မာ့ခရီးသွားနှစ်တစ်နှစ်ကိုသတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁.၁၀.၂၀၁၄)

ဗိုလ်မှူးအောင်ကျော်နှင်း (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးအောင်ကျော်နှင်း (တပ်မတော်သားကိုယ်စားလှယ်)ယခင်အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရန် နိုင်ငံ၏သာယာလှပသော ရေမြေတောတောင်ရှုခင်းများ၊ ရေချိုးဆိပ်များ၊ ပင်လယ်ကမ်းခြေများ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ရှေးဟောင်းစေတီပုထိုး ယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို ကမ္ဘာကသိရှိစေရန် ဝန်ဆောင်မှုကဏ္ဍမှ နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး မြန်မာ့ခရီးသွားနှစ် ၁၉၉၆ (Basic Myanmar Year 1996)ကို သတ်မှတ်၍ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊

ယနေ့အချိန်တွင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အကောင်းဆုံးဝန်ဆောင်မှု များ ပေးနိုင်သည့်အခြေအနေ၊ ကမ္ဘာ့နိုင်ငံအများစု၏ စိတ်ဝင်စားမှုခံရသောအခြေအနေ၊ ကမ္ဘာ့စီးပွာရေး လုပ်ငန်း ရှင်ကြီးများ၏ မျက်စိကျသည့် ဘက်စုံကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလားအလာကောင်းများရှိနေသည့် အခြေအနေကို နိုင်ငံအနေဖြင့် အခွင့်အရေးတစ်ရပ်အဖြစ် ဆုပ်ကိုင်ပြီး အကောင်းဆုံးအသုံးချကာ နိုင်ငံခြား ဝင်ငွေပိုမိုရရှိအောင် ခရီးသွားလုပ်ငန်းများကို ယခုထက်ပိုမို ဈေးကွက်မြှင့် တင်ဆောင်ရွက်သွားရ မည်ဖြစ်ပါ ကြောင်း၊  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆက်စပ်လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်း နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဧည့်လမ်းညွှန်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ အနုပညာယဉ်ကျေးမှုလက်ရာ အမှတ်တရရောင်းချခြင်း လုပ်ငန်းများပါ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကို အခြေပြုပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေများ ပေါ်ပေါက်လာနိုင်ရုံသာမကဘဲ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွင်ပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်းဝင်ရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ပြီး ၂၀၁၄  ဇူလိုင်လအထိ ဧည့်သည် ၁.၆ သန်း ဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ ဧည့်သည်သုံးသန်းဝင်ရောက်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ဟုလည်း သိရှိရပါကြောင်း။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုကောင်းမွန်စွာနှင့် မြင့်မားသောဝန်ဆောင်မှုများ ပေးနိုင်ပါက ကမ္ဘာလှည့်ခရီးသွား များသည် ကျေနပ်နှစ်သက်ကြမည်ဖြစ်ပြီး နိုင်ငံ့ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မြန်မာ့ခရီးသွား နှစ် ၁၉၉၆ (Basic Myanmar Year 1996) ကဲ့သို့သော တစ်နှစ်ကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် သတ်မှတ်မည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ
အဖြေ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေနိုင်ငံတော်အကြီးအကဲများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Improve  structure ကို နည်းမျိုးစုံဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၉၆ ခုနှစ်တွင် ဧည့်သည်များကို မြန်မာနိုင်ငံ၏ အပျူငှာမှုအပြုံးနှင့် ဖိတ်ခေါ်ခဲ့သော်လည်း လုပ်ငန်းများ ခန့်မှန်းထားသကဲ့သို့ မအောင်မြင်ခဲ့ပါကြောင်း၊ ၂၀၁၀ တွင် အထွေထွေ ရွေးကောက်ပွဲကြီးပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် လွှတ်တော်ကြီးသုံးရပ်နှင့်အတူ Inter Government ခေါ်သော ပြည်သူ့ အစိုးရအဖွဲ့ပါ ပေါ်ပေါက်လာပါကြောင်း၊ လွှတ်တော်နှင့် အစိုးရအဖွဲ့သည် တစ်ဦးနှင့် တစ်ဦး Check and Balance လုပ်ပြီး ဆင်နွှဲလာခဲ့ရာ ၂၀၁၂ ခုနှစ်တွင် Political Reform များ၊ Economic Reform များ၊  Social Reform များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လာသည့်အတွက် ၂၀၁၁ ကစပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးလာပါကြောင်း၊ ယနေ့အချိန်တွင် တစ်နိုင်ငံလုံး၌ ဟိုတယ် ၁၁၀၀ ခန့် ဖွင့်ပြီးဖြစ်သည့်အပြင် ရန်ကုန်တွင် ၂၆၇ လုံးနှင့် အခန်းပေါင်း ၁၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာ့ခရီးသွားနှစ် (Basic Myanmar Year) လုပ်နိုင်ရန် မခက်ခဲနိုင်ပါကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ခရီးသွားနှစ်များ၊ ခရီးသွားဧည့်သည်များ၏နှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ဝ.၈၂ မီလီယံ၊ ၂၀၁၂ ခုနှစ်တွင် ၁.၀၆ မီလီယံ၊ ၂၀၁၃ ခုနှစ်တွင် ၂.၀၄၄ ရောက်ခဲ့ပါကြောင်း။ ယခု ၂၀၁၄ ခုနှစ်တွင် သတ်မှတ်မှန်းထားသော သုံးသန်းသည် သြဂုတ်လအကုန်တွင်ပင် ၁.၈၂ မီလီယံ ရောက်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် Over three Million ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပြီး ဖြစ်ပါကြောင်း၊

 ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကို နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် တစ်နိုင်ငံလုံးတွင် International Non Governmental Organization (INGO) များ ဝင်ရောက်လာပြီး ပံံ့ပိုးမှုများ ရလာပါကြောင်း။

မြန်မာ့ခရီးသွားလုပ်ငန်း၏ ခရီးသွားမဟာဗျူဟာစီမံကိန်းအချက် (၆) ချက်ရှိပါကြောင်း၊

 (၁) မိမိတို့၏ Master Plan Strategy တွင် Stranding of the Institutional Environment ကို မိမိတို့နှင့် ခရီးသွားလုပ်ငန်းကို ဦးဆောင်ပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရန်လိုအပ်ပြီး ဦးဆောင်ပေးနိုင်သော အဖွဲ့အစည်းကသာ Dialog လုပ်ရန် အဆင်ပြေပါကြောင်း၊ ထို့ကြောင့် Myanmar Tourism Federation ကို ၎င်းတို့၏ ကြိုးစားမှုကြောင့် ၎င်းတို့အောက်တွင် ၁၁ ဖွဲ့ရှိပါကြောင်း၊

 (၂) Suspending of the Human Resource Development အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော Human Resource Development ကိုလည်း သင်တန်းများဖွင့်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

(၃) Suspending of the Destination Planning And Management သည် ခရီးစဉ်ဒေသများ၏ သွားလာရေး၊ ခရီးစဉ်ဒေသများတွင် နိုင်ငံတော်အေးချမ်းသာယာမှုအပေါ် မူတည်ပါကြောင်း၊

 (၄) Product And Service Quality သည် ဧည့်သည်များသည် ခရီးစဉ်ဒေသအလျောက် ရောက်ရှိသည့်အခါ ဒေသထွက် ကုန်ပစ္စည်းများကို ဝယ်နိုင်သော အဆင့်မျိုးဖြစ်စေရန် နှင့် ဝယ်လိုက်သည့်အတွက် ဒေသတွင်း ဝင်ငွေတိုးပွားစေနိုင်သည့်အတွက် အထူး ရည်ရွယ်ထားပါကြောင်း၊

 (၅) Connectivity And the Communication တွင်လည်း ယခုအခါ ဆက်သွယ်ရေး လမ်းကြောင်းများသည် လည်း ကောင်းမွန်နေသည်ကို မျက်မြင်တွေ့ရှိရပါကြောင်း၊ ထို့အပြင် လိုအပ်သည်များ မွမ်းမံပြင်ဆင်ပြီး မော်တော်ယာဉ်ဖြင့်ဖြစ်စေ၊ လေကြောင်းဖြစ်စေ၊ သင်္ဘောလိုင်းကဖြစ်စေ၊ ကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားရေး၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ၂၀၁၃ ခုနှစ် World Economic Forum တွင် နိုင်ငံပေါင်း ၄၀ ကျော်ကနေ လာရောက်ပြီး နိုင်ငံ့ဝန်ကြီးများအပါအဝင် ရင်းနှီးစွာ ရင်းနှီးစွာ ဆွေးနွေးခဲ့ပါ ကြောင်း၊  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Strategy ဖြင့် ဆောင်ရွက်နေခြင်း ကြောင့် အိမ်နီးနားချင်းနိုင်ငံများမှ ၂၅ Million ၊ 22 Million အစရှိသည်ဖြင့် တက်သော်လည်း မိမိတို့မြန်မာနိုင်ငံ၏ အခြေအနေပေါ်မူတည်ကာ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်  ၂၀၁၆ခုနှစ်၏ နောက်ပိုင်းတွင် မြန်မာ့ခရီးသွားနှစ်ကို တစ်ကြော့ပြန်လည် ကျင်းပနိုင်လိမ့်ဟု မျှော်လင့်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။