နိုင်ငံတစ်ဝန်းလုံးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်ခိုက်တိမ်းမှောက်မှုများကြောင့် ပြည်သူ့တို့၏ အသက်များ ဆုံးရှုံးခဲ့ရပါကြောင်း၊ ယာဉ်တိုက်ခိုက်တိမ်းမှောက်မှုများကို လမ်းအခြေအနေ၊ ယာဉ်နှင့် ယာဉ်မောင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အဝေးပြေးကားဂိတ်များမှ ခရီးသည်တင်ယာဉ်များ မထွက်ခွာမီ ယာဉ်များနှင့် ယာဉ်မောင်းများကို သေချာစွာ စစ်ဆေးဆောင်ရွက်ပေးခြင်းသည် ပြည်သူတို့၏အသက်ကို ကာကွယ်ခြင်းဖြစ်စေပြီး ကောင်းမွန်မှန်ကန်သော ပြည်သူ့ အကျိုးပြုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၅-၅-၂၀၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က တိမ်းမှောက်ခဲ့သော ရာဇာမင်းခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၄ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့ပြီးနောက် စစ်ဆေးရေးအဖွဲ့များသည် ယာဉ်များမထွက်ခွာမီနှင့် လမ်းခရီးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များအနေဖြင့် ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး စနစ်တကျ မှန်ကန်တိကျစွာ စစ်ဆေးအပြစ်ပေးမှသာ ပြည်သူတို့၏အသက်ကို လုံခြုံစိတ်ချအောင် ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အဝေးပြေးကားဂိတ်များတွင် ယာဉ်များမထွက်ခွာမီ အဖွဲ့စနစ်နှင့် စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေခြင်း ရှိ/မရှိ၊ စစ်ဆေးဆောင်ရွက်နေပါက မည်သည့်ဌာန အဖွဲ့အစည်းများက ဦးစီးပြီး မည်သည့်ပညာရှင်များနှင့် ဖွဲ့စည်းစစ်ဆေးဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော ယာဉ်နှင့် ယာဉ်မောင်းများကို မည်သို့ အရေးယူဆောင်ရွက်နေသည်နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားသော ဗဟိုကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ပြေးဆွဲနေကြသော ခရီးသည်တင် ပို့ဆောင်ရေးယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်ကမ်း၊ လမ်းစည်ကမ်းများနှင့်အညီ မောင်းနှင်ရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်းပြီး ခရီးသည်ပို့ဆောင်ရေး ယာဉ်များကို ခရီးမထွက်ခွာမီ စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားရှိချက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့များမှလည်း ညွှန်ကြားချက်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ ကြီးကြပ်သည့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့များတွင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး စသည့် အဖွဲ့အစည်းများ ပါဝင်ပြီး ခရီးသည်တင်ယာဉ်များ စတင်ထွက်ခွာမည့် နေရာများတွင် စစ်ဆေးကြပါကြောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးသော ဝန်ထမ်းများသည် ယာဉ်စစ်ဆေးရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာများဖြစ်ပြီး ယာဉ်မှတ်ပုံတင်ဌာနနှင့် ယာဉ်မောင်းလိုင်စင်ဌာနမှ ဝန်ထမ်းပညာရှင်များဖြစ်ပါကြောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရာတွင် ယာဉ်စစ်ဆေးမှု အချက် ၁၃ ချက်နှင့် စစ်ဆေးပါကြောင်း၊ သက်တမ်းရှိသောယာဉ် သက်သေခံလက်မှတ်ရှိ/မရှိ၊ မီးကြီး၊ အချက်ပြမီးများ ကောင်းစွာအလုပ်လုပ်မှု ရှိ/မရှိ၊ ကိုယ်ထည်ကြံ့ခိုင်မှုရှိ/မရှိ၊ ရှေ့နောက်တာယာများ ကောင်းမွန်မှုရှိ/မရှိ၊ သတ်မှတ်လူစီးထိုင်ခုံအရေအတွက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ ခရီးသည်အရေအတွက် ကုန်ပစ္စည်းများတင်ဆောင်မှု သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ မီးသတ်ဆေးဗူးများတပ်ဆင်ထားမှု ရှိ/မရှိ၊ အရေးပေါ်ထွက်ပေါက်ပါရှိပြီး အသုံးပြုနိုင်မှုရှိ/မရှိ၊ ရေသုတ်တံ (Wiper)များ ကောင်းမွန်မှုရှိ/မရှိ၊ သတ်မှတ်ရောင်ပြန်ပြားများ တပ်ဆင်ထားရှိမှုရှိ/မရှိ၊ ယာဉ်ရပ်နားထားစဉ်မှာ အသုံးပြုရန်အတွက် တြိဂံရောင်ပြန်ပါရှိမှု ရှိ/မရှိ၊ အရေးပေါ်ဖြစ်သည့်အချိန်တွင် မှန်ခွဲနိုင်သော တူနှင့် ပုဆိန် (Emergency Hammer) များပါရှိမှုရှိ/မရှိ၊ ထိုင်ခုံခါးပတ်တို့ အသုံးပြုမှုရှိ/မရှိများကို စစ်ဆေးပါကြောင်း၊ ထို့အပြင် ယာဉ်မောင်းများကို စစ်ဆေးရမည့်အချက် ၁၀ ချက်ဖြစ်သည့် သက်တမ်းရှိသော (င) ယာဉ်မောင်းလိုင်စင် ပါဝင်မှုရှိ/မရှိ၊ ယာဉ်မောင်းလိုင်စင်မပါဘဲ မောင်းနှင်မှုရှိ/မရှိ၊ သတ်မှတ်ယာဉ် မောင်းလိုင်စင်နှင့် မောင်းနှင်ခြင်းရှိ/မရှိ၊ လိုင်စင်အတုနှင့် မောင်းနှင်ခြင်းရှိ/မရှိ၊ အရန်ယာဉ်မောင်းများနှင့် ၎င်းတို့၏ ယာဉ်မောင်းလိုင်စင်များ ပါရှိမှုရှိ/မရှိ၊ ယာဉ်နောက်လိုက်/ယာဉ်အကူနှင့် ၎င်းတို့၏ လိုင်စင်များပါရှိမှုရှိ/မရှိ၊ သက်တမ်းရှိသော (ခ) လုပ်ငန်း အငှားလိုင်စင် ပါရှိမှုရှိ/မရှိ၊ ယာဉ်မောင်းများ အရက်မူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိ/မရှိ၊ ယာဉ်မထွက်ခွာမီ ခရီးသည်များကို ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်မှာကြား ဆောင်ရွက်မှုရှိ/မရှိ၊ ယာဉ်မောင်းများ အချက်ပြမီး မှားယွင်းအသုံးပြုမှု ရှိ/မရှိစသည့်တို့ကို စစ်ဆေးပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့အသီးသီးက ဗဟိုကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးရန် ညွှန်ကြားချက်နှင့်အညီ စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များကို အပတ်စဉ်တင်ပြလျက်ရှိပါကြောင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အရက်သေစာ သောက်စားထားခြင်းနှင့်ပတ်သက်၍ စတင်စစ်ဆေးသော ၁၃-၅-၂၀၁၄ ရက်နေ့မှ ၂၈-၈-၂၀၁၄ ရက်နေ့အထိ စစ်ဆေးခဲ့သည့် ယာဉ်စီးရေ ၅၉၉၈၄ စီးရှိပြီးတော့ မောင်းနှင်သော ယာဉ်မောင်းများကို အရက်သေစာသောက်စားမှု မရှိသည်ကို တွေ့ရပါကြောင်း၊ ယင်းစစ်ဆေးမှုများကို ဆက်လက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကို တင်ပြစေပြီး သက်ဆိုင်သော ယာဉ်အသင်းအဖွဲ့များ၊ လိုအပ်သော လမ်းညွှန်မှု၊ ကြီးကြပ်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့သည် စစ်ဆေးသတ်မှတ်ချက်များနှင့် မကိုက်ညီသော ခရီးသည် မော်တော်ယာဉ်များကို ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေးပြီး လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ရေးအတွက် ခရီးဆက်လက်ထွက်ခွာရန် တားမြစ်ကန့်သတ်ခြင်း၊ ယာဉ်မောင်းလိုင်စင်အတုနှင့် ကိုင်ဆောင်မောင်းနှင်သူများကို ဥပဒေအရ တရားစွဲဆိုခြင်း၊ စည်ကမ်းမလိုက်နာသူများအတွက် ယာဉ်လိုင်းများ သတိပေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ယာဉ်လိုင်းများအား အရေးယူခြင်းများ ပြုလုပ်ပါကြောင်း၊ ယာဉ်မထွက်ခွာမီ စစ်ဆေးချက်များမှ အကြောင်းအရာတစ်ခုကို သုံးကြိမ်ဆက်တိုက် ချိုးဖောက်သည်ကို တွေ့ရှိပါက အရေးယူဆောင်ရွက်ရန်နှင့် ယာဉ်မတော်တဆဖြစ်ပွားမှုတွင် လူသေဆုံးမှု ရှိခဲ့ပါက သက်ဆိုင်ရာယာဉ်လိုင်းကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းအရေးယူရန် ညွှန်ကြားထားရှိခဲ့ပါကြောင်း။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် လူသေဆုံးမှုရှိခဲ့သည့် ယာဉ်လိုင်းကို ပိတ်သိမ်းသည်အထိ အရေးယူခဲ့ပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာ သွားနိုင်ရေး၊ အမြန်လမ်းမကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး ယင်းအဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့၊ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ဆေးလျက် ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လအထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ် ၃၀၀၇ စီး၊ ယာဉ်မောင်းလိုင်စင်အတုနှင့်မောင်းနှင်သူ ၄ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်နည်းဥပဒေ ၂၂ နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၆၈ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်မှုတို့နှင့် အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကြိုတင်ကာကွယ် စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက ယာဉ်မတော်တဆမှု ၆၀ မှုဖြစ်ပွားခဲ့ရာ မေလတွင် ၄၀ မှု၊ ဇွန်လတွင် ၂၉ မှု၊ ဇူလိုင်လတွင် ၂၇ မှု၊ သြဂုတ်လတွင် ၂၆ မှု၊ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ၁၀ မှုသာ ဖြစ်ပွားခဲ့သည့်အတွက် အဝေးပြေးမော်တော်ယာဉ် မတော်တဆထိခိုက်မှုများ
