မိမိအနေဖြင့် အစိုးရသစ်လက်ထက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမို ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနသီးခြားခွဲပြီး လမ်း၊
တံတား၊ ရေး၊ မီးအစရှိသည့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများကို အဓိကဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် နှစ်စဉ် နိုင်ငံတော်၏ ဘဏ္ဍာငွေလျာထားမှုနှင့် သောက်သုံးရေရရှိရေးအတွက် ကုမ္ပဏီအသီးသီးကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့ သော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်မှုမရှိဘဲ ကုမ္ပဏီကနေအဆင့်ဆင့်သော ကန်ထရိက်စနစ်များကို ပြန်လည် ပေးခဲ့ သည့်အတွက် ပြည်သူများမှာ သောက်သုံးရေနှင့်ပတ်သက်ပြီး ပေးကားပေး၏ မရ ဖြစ်နေပါကြောင်း၊ ကျေးလက်ဒေသများတွင် အမှန်တကယ်ဆောင်ရွက်ရမည့် ရေကန်တစ်ခုအတွက်လုပ်ငန်းများကို လည်းလုပ်ငန်းညှိနှိုင်းဆောင်ရွက်ခွင့်တွေ မရခဲ့ပါကြောင်း၊ ထို့ကြောင့် ကျေးလက် သောက်သုံး ရေကန်များ ဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူသူများကို မည်သို့ဆောင်ရွက်သည်၊ တင်ဒါ ခေါ်ယူ ရာတွင် ရေကန်တစ်ခုအတွက်အပိုင်းလိုက်သတ်မှတ်ချက်နှင့် လုပ်ငန်းတန်ဖိုးများကို မည်ကဲ့သို့ သတ်မှတ်ထားသည်နှင့် သတ်မှတ်ထားရှိသည့်အတိုင်း ဆောင်ရွက်မှုမရှိသည့် သောက်သုံ းရေကန် ကုမ္ပဏီများအား မည်ကဲ့သို့ ဆောင်ရွက်သည်၊ ပြည်သူများအတွက် စံတိုစံချိန် စံနှုန်းပြည့်ဝစွာရရှိမည့် သောက်သုံးရေကန်များ မရရှိသေးသည့် ကန်ထရိက်စနစ်ကြီးကို မည်ကဲ့သို့ပြုပြင်ဆောင်ရွက် ပေးသွား မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် သန်းပေါင်း ၅၀၁၆.၂၈ သန်းနှင့် ရေရရှိရေးအတွက် တွင်းတိမ် ၂၀၄ တွင်း၊ တွင်းနက် ၄၂၀ တွင်း၊ လက်တူးတွင်း ၁၆ တွင်း၊ မြေသားရေကန် ၁၇၄ ကန်၊ အခြားရေရရှိရေးလုပ်ငန်း ၂ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၈၁၆ ခုကို ဆောင်ရွက်ဖို့ ခွင့်ပြုပြီးဖြစ်ပါကြောင်း၊
သောက်သုံးရေကန်များဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူမှုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နှင့် ဆောင်ရွက်ရန်ခွင့်ပြုထားတဲ့ ကျေးလက်သောက်သုံး ရေကန် တူးဖော်ခြင်းလုပ်ငန်းများအပါအဝင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းအားလုံးကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်း ဒေသကြီးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အိပ်ဖွင့်တင်ဒါများခေါ်ယူပြီး လုပ်ငန်းအပ်နှံဆောင်ရွက် လျက်ရှိပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တင်ဒါလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစေရေးနှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် အိပ်ဖွင့်တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ကော်မတီအနေဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အတွင်းတွင် နိုင်ငံပိုင်သတင်းစာများ၊ ကြော်ငြာစာများထည့်သွင်းပြီး အိပ်ဖွင့်တင်ဒါများ ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းများကို ဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသပေါက်ဈေးနှုန်းနှုန်းနှင့် လုပ်ငန်းပမာဏတန်ဖိုး ခန့်မှန်းတွက်ချက်မှုများကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စစ်ဆေး အတည်ပြု ချက်ဖြင့်သာ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများကို စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံပြီး ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ပါကြောင်း၊
ရေကန်တစ်ခုအတွက် အပိုင်းလိုက်သတ်မှတ်ချက်များနှင့် လုပ်ငန်တန်ဖိုး သတ်မှတ်ခြင်းများနှင့် ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေနှင့်ဆောင်ရွက်သည့် မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းများတွင် နံပါတ်(၁)အနေဖြင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို သီးခြားဘတ်ဂျက်ခွဲ၍ ခန့်မှန်းငွေကျပ် 3.64 သန်း၊ ခြံစည်းရိုးကာရံခြင်း၊ Chain Link ကာရံခြင်းကို ၁၇၅ ပေ အလျား၊ အနံ ၆ ပေ၊ အမြင့်အတွက် ခန့်မှန်းကျပ် ၂.၇ သန်း၊ လက်နှိပ်တုံကင် လေးခုတပ်ဆင်ရန် ခန့်မှန်းငွေကျပ် .၂ သန်း၊ သယ်ယူစရိတ်နှင့် မမျှော်မှန်းနိုင်သည့် ကုန်ကျစရိတ်နှင့် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းအပါအဝင် ခန့်မှန်းငွေ ကျပ် .၄၅ သန်း စုစုပေါင်း ကျပ် ၇ သန်းခန့်မှန်းငွေတို့ဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မွမ်းမံ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများကို ခြံစည်းရိုးကာရံခြင်း၊ လက်နှိပ် တုံကင်တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်မှုမရှိဘဲ ကန်တူးဖော်ခြင်းလုပ်ငန်းအတွက် သတ်မှတ်ပြီး ၁၀၀ ပေအကျယ်၊ ၆ ပေအနက် ရေကန် တူးဖော်ခြင်း လုပ်ငန်းကို ခန့်မှန်းငွေကျပ် ၃.၅ သန်းဖြင့် ခွင့်ပြုဆောင်ရွက်စေခဲ့ပါကြောင်း၊ ကျေးလက်သောက်သုံး ရေကန်တူးဖော်ွခင်းလုပ်ငန်းများအပါအဝင် ကျေးလက်ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းအရည်အသွေး၊ စံချိန်စံညွှန်းများကို လုပ်ငန်းဆောင်ရွက်နေရာတွင် လုပ်ငန်း ပြီးပြတ်သည့်အချိန်၌ ရုံးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အဆင့်ဆင့်တို့က စစ်ဆေးရေးအဖွဲ့များနှင့် မြေပြင်ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းဖြစ်ပါကြောင်း၊
လိုအပ်ချက်များရှိပါက သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီများကို ညွှန်ကြားပြုပြင် စေခြင်းများ ဆောင်ရွက်စေပါကြောင်း၊ သတ်မှတ်သည့်အတိုင်း လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုမရှှိခြင်းကို အချိန်မီပြီးစီးစေရန် တွန်းအားပေး ဆောင်ရွက်ခြင်း၊ ရက်လွန်ဒဏ်ကြေး သတ်မှတ်ကျခံစေခြင်း၊ အဆင့် ဆင့်ကန်ထရိုက်ပေးသည့် စနစ် ကျင့်သုံးသည့် ကုမ္ပဏီကို အမည်မည်းစာရင်း(Black List) သွင်းခြင်းစသဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာတွင်လည်း Public Audit ဟုခေါ်သည့် သက်ဆိုင်ရာ ပြည်သူလူထုအနေဖြင့် အချိန်မီသတင်းပို့ပါက အရေးယူဆောင်ရွက်လျက်ရပါကြောင်းနှင့် ၂၀၁၁ ခုနှစ်က ၂၀၁၅ ခုနှစ် (၅)နှစ်တာကာလအတွင်း ဒဏ်ကြေးပေးဆောင်ရသည့် ကုမ္ပဏီ ၁၅၄ ခုနှင့် Black List သွင်းခံရသည့် ကုမ္ပဏီနှစ်ခုရှိပါကြောင်း၊
ပြည်သူများ စံချိန်စံညွှန်းပြည့်ဝစွာရရှိမည့် သောက်သုံးရေကန်များ မရရှိသည့် ကန်ထရိုက်ကြီး များကိုမည်သို့ ပြုပြင်ဆောင်ရွက်မည်ဆိုသည်နှင့်ပတ်သက်၍လည်း ကျေးလက်ဒေသ သောက်သုံးရေ ကန်များအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ခွင့်ပြုပေးသည့် ရန်ပုံငွေ ဘတ်ဂျက်ကို လေလွင့်ဆုံးရှုံးမှုမရှိစေရန် ဝန်ကြီးဌာနအဆင့်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဆင့်ဆင့်နှင့် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထောက်အကူပြုအဖွဲ့များကနေ စနစ် တကျကြီးကြပ် ကွပ်ကဲဆောင်ရွက်ပြီး အခါအားလျော်စွာ သက်ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီးများ ကလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်းလုပ်ငန်းရှင်များ (Stake Holder)အားလုံး အားကောင်းလာပြီး ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး တင်ဒါကန်ထရိုက် စနစ်ကို ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာန၊ အစိုးရအဖွဲ့၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့ များနှင့် ရွေးချယ်ပြီး ကန်ထရိုက်စာချုပ်များ ချုပ်ဆို လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တယ်။ ကန်ထရိုက်စာချုပ် ချုပ်ဆိုရာတွင်လည်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖြင့် တင်ဒါရွေးချယ် အောင်မြင်သည့်ကုမ္ပဏီတို့က ကန်ထရိုက် စာချုပ် ချုပ်ဆိုခြင်းဖြစ်ပြီး စာချုပ်စည်းကမ်းတွင်လည်း ထပ်ဆင့်လုပ်ငန်းချထားခြင်း(Sub Contract) ခွင့်မပြုသည်ကို ဖော်ပြပါရှိပြီးဖြစ်သည့်အတွက် စာချုပ်ပါစည်းကမ်းများ ဖောက်ဖျက်ပါက စာချုပ်ဖျက်သိမ်းခြင်း၊ စာချုပ်စဘော်ငွေနှင့် လုပ်ငန်းအာမခံစဘော်ငွေများအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်း၊ ကုမ္ပဏီအား အမည် စာရင်း (Black List)ဖော်ပြ၍ မိမိတို့ဝန်ကြီးဌာနနှင့် ဆောင်ရွကသည့် မည်သည့်လုပ်ငန်းမျိုးမဆို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုစေခြင်း စသည့်အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
