(ခ)- ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေး အသုံးစရိတ်များ (ပြည်ပအကူအညီအပါအဝင်) ခွဲဝေသုံးစွဲမှု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၈.၁၀.၂၀၁၄)

ဒေါက်တာနေလင်း (ဆိပ်ကမ်း) လွှတ်တော်မှ  ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအပေါ်တွင်  တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတွေရရန်အတွက်  ပြည်ထောင်စုလွှတ်တော်၏ နှစ်စဉ်အသုံး စရိတ်များ ခွင့်ပြုပေးနေပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်များ ဘဏ္ဍာရေးနှစ် အလိုက် ခွဲဝေရရှိမှုအပေါ် ပြန်လည်တင်ပြရမည်ဆိုပါက ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ် တွင် ပြုပြင်ပြီးခန့်မှန်းခြေပေါင်း ၂၀.၄ ရှိပြီး ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံပေါင်း ၅၇.၁ သာရှိခဲ့ရာမှ လွှတ်တော်ပေါ်ပေါက်လာပြီးနောက် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပြီး ခန့်မှန်းကျပ်ဘီလီယံပေါင်း ၇၈.၄၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၉၂၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၄၀၀.၇၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံပေါင်း ၅၂၈.၅နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ပြုပြင် ပြီး ခန့်မှန်း‌ွခေအသုံးစရိတ် ကျပ်ဘီလီယံပေါင်း ၇၀၈.၉ အထိ နှစ်စဉ်တိုးမြှင့်ခွင့်ပြုငွေ ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊  ထိုသို့ ခွင့်ပြုငွေချပေးခဲ့ခြင်းအပေါ် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင် ရာဦးစီးဌာနများအလိုက် လိုအပ်ချက်များအပေါ်မူတည်ပြီး ခွဲဝေချထား ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထု ကျန်းမာရေးစောင်‌့ရှောက်မှု ပေးသည့်နေရာတွင် အဓိကလုပ်ငန်းကြီးလေးခုဖြစ်သော ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်း ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ၊ ရောဂါကုသရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက်၊ ဘဏ္ဍာရေးနှစ် အလိုက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုကို သိရှိလိုပါကြောင်းမေမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာသန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာသန်းအောင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင်၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေးအသုံးစရိတ်များကို ပြည်ပအကူအညီ အပါအဝင်ခွဲဝေသုံးစွဲမှုနှင့် စပ်‌လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်စား မိမိအနေဖြင့် ပြန်လည်ရှင်းလင်း  တင်ပြသွားမည်ဖြစ်ပါကြောင်း၊  ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်အနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၉၂.၂၀၉ သန်းကို သုံးစွဲ ခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၅၄၉၁၅.၉၀၈ သန်းကိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၇၇၀၀(၈.၁၁၇) သန်းကို သုံးစွဲခဲ့ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်အနေဖြင့် ကျပ်သန်းပေါင်း ၆၆၀၀(၇၃၀.၄၇၆)ကို သုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၅၀၀(၂၇၈.၃၁၀) သန်းကို သုံးစွဲခဲ့ရာ စုစုပေါင်း ၉၂၀၈.၇၈၆ သန်းကို လည်းကောင်း၊ ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် သာမန်အသုံးစရိတ်ငွေ ကျပ်သန်းပေါင်း ၁၀၈၀၉၁.၅၉၅ ကို တိုးချဲ့သုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၀၆၀၀၂၈.၄၃ ကိုသုံးစွဲခဲ့ရာ စုစုပေါင်း ကျပ်သန်းပေါင်း ၄၀၀၇၁၉.၆၃၈သန်းကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်၌ ကျပ်သန်းပေါင်း ၃၀၈၀၀၀၃၇.၂၆၄ ကိုသုံးစွဲခဲ့ပြီး ငွေလုံး ငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၀၀၅၃၆.၅၉၃ ကိုသုံးစွဲပြီး ကျပ်သန်းပေါင်း ၅၀၂၈၀၀ ၅၇၃.၈၅၇သန်းကို လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သာမန်အသုံး စရိတ်ငွေ ကျပ်သန်းပေါင်း ၃၈၂၂၀၀၇၇.၆၅၉ ကိုသုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၀၂၄၆၆.၉၃၀ကို လည်းကောင်း သုံးစွဲခဲ့ပါကြောင်း၊ ထို့ကြောင့် စုစုပေါင်း သာမန်အသုံးစရိတ် များအနေဖြင့် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် စုစုပေါင်းအသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၉၅၉၂၂၉.၂၀၃ သန်းရှိပြီး ငွေလုံးငွေရင်းတွင် ကျပ်သန်းပေါင်း ၇၉၁၈၂၅.၇၈၄ သန်းရှိခဲ့ပါကြောင်း၊ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ကျန်းမာရေး အသုံးစရိတ် ပြည်ပ အကူအညီအပါအဝင် သုံးစွဲခဲ့မှုများမှာ ဘီလီယံပေါင်း ၁၇၅၁.၀၅၅ ဘီလီယံဖြစ် ကြောင်း ပြန်လည်ဖြေကြားပါသည်။