သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အောက်ရှိနည်းပညာ တက္ကသိုလ် ၃၃ ခုရှိပြီး G.T.I ၁၁ ခုနှင့် G.T.C ၃ ခု စုစုပေါင်း ၃၇ ကျောင်းဖြင့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။ နည်းပညာတက္ကသိုလ်များတွင် အရည်အချင်းတိုးမြှင့်သည့်အနေဖြင့် ဝင်ခွင့်အမှတ်ကို တိုးမြှင့်သတ်မှတ်ပြီး ကျောင်းသားဦးရေဝင်ခွင့် လျော့နည်းသည်ကို လက်ခံလျက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် အင်ဂျင်နီယာ နှင့် နည်းပညာကျွမ်းကျင်သူ Technition အချိုးကွာဟမှုအတွက်၊ နည်းပညာကျွမ်းကျင်သူများ ပိုမိုထုတ်လုပ်ရန် အတွက် G.T.I ကျောင်းသစ်များ တည်ထောင်ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရရှိပါသည်။ ယခုလိုကျောင်းအသစ်များကို ထပ်မံတည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာများကို သုံးစွဲမည့်အစား လက်ရှိနည်းပညာ တက္ကသို့လ်တွင် လိုအပ်လျက်ရှိသည့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ (Equiptment) များ ကျွမ်းကျင်သူများအတွက် နှစ်စဉ်လက်တွေ့ခန်းစရိတ် ကုန်ကျမှုများကို ပိုမိုခွင့်ပြုသုံးစွဲပြီး ဆောက်လုပ်ရေး အတွက်လိုအပ်သည့် ဘဏ္ဍာငွေသုံးစွဲမှုများကို လျော့ခြင်းအားဖြင့် G.T.I သင်တန်းများကို ဆောင်ရွက်သင့်ပါကြောင်း၊ ယခုလိုဆာင်ရွက်ခြင်းအတွက် G.T.I သင်တန်းများကို နည်းပညာတက္ကသိုလ်တွင် ပူးတွဲဖွင့်လှစ်ထားမည်ဆိုပါက ပိုပြီးအဆင်ပြေဖွယ်ရာရှိနိုင်ပါကြောင်း၊ လက်ရှိဖွင့်ထားသည့် နည်းပညာ တက္ကသိုလ်များသည် လူနေထူထပ်သောမြို့ကြီးများတွင် တည်ရှိပြီး Compact ကောင်းမွန်ပြီးဖြစ်သော ကျောင်းသား/သူများအတွက်လည်း အဆင်ပြေကြောင်းကို တွေ့ရှိရပါသည်။ ထို့ကြောင့် G.T.I သို့မဟုတ် A.G.T.I ကျောင်းသစ်များကို အသစ်ထပ်မံဆောက်လုပ်မည့်အစား လက်ရှိနည်းပညာတက္ကသိုလ်များတွင် A.G.T.I သင်တန်းများကို ပူးတွဲဖွင့်လှစ်ပေးပြီး့ သင်ကြားရေးမြှင်တင်မှု၊ ဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အမျိုးသားပညာရေးဥပဒေ အသစ်ကို နိုင်ငံတော်သမ္မတမှ အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်မှ ၃၀-၁၀-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း ဥပဒေအသစ်၏ အခန်း(၅) အပိုဒ် ၁၄ တွင် နိုင်ငံတော်၏ ပညာရေးကို အောက်ပါအတိုင်း သတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟုပါရှိပါကြောင်း၊ (က) အခြေခံပညာရေး၊ (ခ) နည်းပညာနှင့် သက်မွေးပညာရေး၊ (ဂ) အဆင့်မြင့်ပညာရေးတို့ဖြစ်ပါကြောင်း၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင်ရှိသည့် နည်းပညာတက္ကသိုလ်များ၏ အဆင့်မြင့် ပညာရေးကဏ္ဍမှာ အကျုံးဝင်သွားမည်ဖြစ်ပါကြောင်း၊ လွတ်လပ်သည့်သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေး စနစ်ကို ကျင့်သုံးမည့် Autonomous တက္ကသိုလ်များအဖြစ် ရပ်တည်နိုင်သည်အထိ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင့်မြင့်ပညာရေးကဏ္ဍတွင် နည်းပညာတက္ကသိုလ်များ ပါဝင်သွားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်ကျောင်းများကို ယခုလက်ရှိရေးဆွဲနေသည့် နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ ဥပဒေကြမ်းရေးဆွဲသည် whold Draft အထိရောက်ပါပြီဖြစ်ပါကြောင်း၊ ထိုဥပဒေကြမ်းအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ်များသည် လွတ်လပ်သည့်သင်ကြား သင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးမည့် တက္ကသိုလ်များဖြစ်လာမည်ဖြစ်ပြီး အစိုးရစက်မှု လက်မှုသိပ္ပံများ၊ နည်းပညာအထက်တန်းကျောင်းများ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန Department of Technical and Vocational Education အောက်တွင် ဆက်လက်တည်ရှိ နေမည်ဖြစ်ပါကြောင်း၊ Engining Education အင်ဂျင်နီယာ ပညာရေးစနစ်နှင့် Technition Education ကျွမ်းကျင်သူ ပညာရေးကို ခွဲခြားပြီး ဆောင်ရွက်လျက်ရှိ နေပြီဖြစ်သည့်အတွက် နည်းပညာတက္ကသိုလ်များတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး့ အင်ဂျင်နီယာဘွဲ့ (၆)နှစ်သင်တန်းများ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါကြောင်း၊ နည်းပညာ တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရများ အရည်အသွေးမြင့်မားလာစေရန်အတွက် ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမများ အရည်အချင်းမြင့်မားရေး၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံများ ပြည့်စုံမှုရှိစေရေးနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ ပြည့်စုံစေရေး၊ သင်ကြားမှုစနစ်များ ပိုမိုကောင်းမွန်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊
နည်းပညာ တက္ကသိုလ်များ အဆင့်မြင့်မားလာစေရန်အတွက် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချိန်တွင် A.G.T.I သင်တန်းများကို တွဲဖက်သင်ကြားရမည်ဆိုပါက နည်းပညာတက္ကသိုလ်များ အဆင့်မြင့်မားလာစေရေး ဆောင်ရွက်မှုများတွင် ထိခိုက်နိုင်ပါကြောင်း၊ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ပူတာအို၊ မိုးညှင်း၊ ဟားခါး၊ ခန္တီး၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ချောက်၊ သရက်နှင့် ဝါးခယ်မတွင် သိပ္ပံကျောင်းများကို အသစ်တည်ဆောက်ခြင်း မပြုဘဲ ရှိနေသည့်အဆောက်အုံများတွင် စက်မှုလက်မှုသိပ္ပံကျောင်းများအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လာမည့် ပညာသင်နှစ်တွင် အစိုးရဖွဲ့ကို တင်ပြအတည်ပြုချက် ရယူရန် လျာထားသည့် G.T.I ၁၀ ကျောင်းရှိပါသည်။ မော်လမြိုင်၊ မကွေး၊ လက်ပံတန်း၊ ကျိုက်လတ်၊ လပွတ္တာ၊ မြင်းခြံ၊ ရွှေဘို၊ ကန့်ပလူ၊ သံတွဲနှင့် ဂန့်ဂေါမြို့များရှိ ကျောင်းများကိုလည်း အသစ်ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်မည်မဟုတ်ပါကြောင်း၊ အသစ်တည်ဆောက်သည်ဆိုရာတွင် လက်ပံတန်းနှင့် ကျိုက်လတ်သည် ဖြန့်ကြတ်မှုအနေအထားအရ ဧရာဝတီတိုင်းဒေသကြီးတွင် G.T.I တစ်ကျောင်းသာရှိပါကြောင်း၊ ထို့ကြောင့် State Holder များနှင့် ဆွေးနွေးပြောကြား တင်ပြချက်များအရ လက်ပံတန်းနှင့် ကျိုက်လတ်ကိုလည်း ရည်ရွယ်သော်လည်း အစိုးရနည်းပညာ အထက်တန်းကျောင်းများအဖြစ် အသစ်တည်ဆောက်ခြင်းဖြစ်ပြီး G.T.I အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ မြင်းခြံ၊ ရွှေဘို၊ ကန့်ပလူ၊ သံတွဲ၊ ဂန့်ဂေါ စသည့် G.T.I ဖွင့်လှစ်ရန်လျာထားသည့် ကျောင်းများကိုလည်း လက်ရှိ ရှိပြီးသားအဆောက်အအုံများတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သူများ ရရှိစေရန်အတွက် A.G.T.I သင်တန်းများ ဖွင့်လှစ်ရာ လက်ရှိအစိုးရနည်းပညာကောလိပ် အဆောက်အအုံများ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် ယခင်သင်တန်းဖွင့်လှစ်ခဲ့သည့် နေရာများတွင် အဓိကထား၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အမှန်တကယ်လိုအပ်မှသာ အသစ်တည်ဆောက်ရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့်အတိုင်း အဆောက်အအုံဆောက်သည်ကို အဓိကဦးစားမပေးဘဲ လက်တွေ့ပစ္စည်းများ ဖြည့်ဆည်းရေးကို အဓိကထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဒေါက်တာစိုးရင်မှ ဆက်စပ်မေးခွန်း မေးခွန်းမေးမြန်းပါသည်။
ရည်ရွယ်ချက်က A.G.T.I ကျောင်းများနှင့် နည်းပညာတက္ကသိုလ်များ ပူးတွဲပြီး သင်ကြားခွင့် အစီအစဉ်ဆောင်ရွက်ခြင်းသည် A.G.T.I ကျောင်းသားများ သင်တန်းပြီးသည့်အချိန် နည်းပညာ တက္ကသိုလ်ကူးသည့် အခါလွယ်ကူအောင် ပူးတွဲသင်ကြားခြင်းမှာ ပိုမိုသင့်မြတ်သည်ဟု ယူဆမိပါကြောင်း၊ အခု ကျောင်းများကို သီးခြားခွဲခြားပြီးသည့်နောက်တွင် A.G.T.I ကျောင်းမှ သင်တန်းပြီးဆုံးသည့် ကျောင်းသား/သူများ နည်းပညာတက္ကသိုလ်များကို ဘယ်လိုကူးပြောင်းနိုငသည်ဆိုသည့် Bridge အတွက် ပေါင်းကူးရန် အစီအစဉ်များရှိမည်ဆိုပါက မိမိတို့အနေဖြင့် သိရှိလိုပါကြောင်း ထပ်မံမေးမြန်းပါသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်
မိမိတို့ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်သူများကို နည်းပညာတက္ကသိုလ် များတွင် တိုက်ရိုက် ဝင်ခွင့်ပေးထားပြီးဖြစ်ပါကြောင်းနှင့် အစိုးရနည်းပညာ သင်တန်းကျောင်းများမှ အောင်မြင်သူများကို အစိုးရစက်မှုသိပ္ပံများသို့ ဝင်ခွင့်ပေးထားပါကြောင်း၊ ယခု မိမိတို့ မနှစ်ကမှ စတင်ပြီး G.T.I များ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော်လည်း ယခင်ကျင့်သုံးခဲ့သည့် စနစ်ရှိပါပြီး အစိုးရစက်မှုသိပ္ပံများမှ ထူးချွန်စွာအောင်မြင်သူများကို နည်းပညာတက္ကသိုလ်များသို့ ပေါင်းကူးသင်တန်း ပေးမည်ဖြစ်ပါကြောင်း။ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
