(ဇ)-နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနေထိုင်ရန်နှင့် ပညာရေးဝန်ထမ်းများ ခေတ္တတည်းခိုနိုင်ရန်အတွက် အဆောက်အအုံတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၅.၉.၂၀၁၄)

ဦးဇင်းဝမ် (နန်းယွန်း)စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေး ဝန်ထမ်းဆရာဆရာမများနေထိုင်ရန်နှင့် ပညာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန်အတွက် အဆောက်အဦလိုအပ်လျက်ရှိရာ (၁၀၀ ပေ x ၃၀ ပေ x ၁၁ ပေ) အတိုင်းအတာ အဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် မြို့နယ်ပညာရေးမှူးရုံး တည်ရှိရာ နေရာဌာနဖြစ်ပါကြောင်း၊  ပညာရေးဝန်ထမ်းများသည်လည်း ပြည်နယ်နှင့် ပြည်မများမှ လာရောက် တာဝန် ထမ်းဆောင်ကြသူများဖြစ်ပါကြောင်း၊  နန်းယွန်းမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် တာဝန်ကျသည့် ဆရာဆရာမများ နေထိုင်ရန်နှင့် ပန်ဆောင်မြို့နယ်ခွဲ နှင့် ဒုံးဟီးမြို့နယ်ခွဲတို့မှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာဆရာမများ အတွက် ခေတ္တတည်းခိုနေထိုင်နိုင်ရန် အဆောက်အဦမရှိသဖြင့် များစွာအခက်အခဲကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းများအတွက် အဆောက်အဦ တစ်ဆောင် မရှိမဖြစ်လိုအပ်လျက်ရှိနေသည့်အတွက် ယင်းလိုအပ်လျက်ရှိသော အဆောက် အဦကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်များ အသစ်တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း အပြီးသတ်ဆောက်လုပ်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များ ကျောင်းဆောက် လုပ်ပြီးစီး၍ သက်တမ်းကြာမြင့်ပြီး အန္တရာယ်ရှိမှုအခြေအနေလုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ်အလိုက်၊ ကျောင်းအလိုက် တန်းစီးဇယားတွင် ထည့်သွင်းလျာထားခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တယ်။

ယခုအခါ နန်းယွန်းမြို့နယ်တွင် အခြေခံပညာကျောင်း ၂၈ ကျောင်းအတွက် ငွေကျပ် ၅၂၂ သန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြပြီး ဖြစ်ပါကြောင့် နန်းယွန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်း ဆရာဆရာမများ နေထိုင်ရန်နှင့် ပညာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင် ရန်၊ အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းပြန်လည်ဖြေကြားခဲ့ ပါသည်။