အစိုးရသစ်ကာလ ငါးနှစ်တာအတွင်း နိုင်ငံတော်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းငန်းများအနက်
ပို့ဆောင်ရေးကဏ္ဍကိုလေ့လာမည်ဆိုပါက လေကြောင်း၊ ရေကြောင်းနှင့် ရထားလမ်းများ၊ လေယာဉ်၊ သင်္ဘောနှင့် ရထားတွဲများ၏ အဆင့်အတန်းနှင့် လုံခြုံစိတ်ချမှုအခြေအနေ၊ နှင့် ၎င်းတိုးနှင့် ဆက်စပ်လျက်ရှိသော အဆောက်အဦများ၊ ဘူတာများ၊ စခန်းခွဲများ၏ အခြေအနေများသည် မျှော်မှန်းထားသကဲ့သို့ သိသာထင်ရှားသော တိုးတက်မှုမရှိပါကြောင်း၊ ရေယာဉ်များ နှင့် ရထားများကို ပြည်သူများအနေဖြင့် မဖြစ်မနေစီးနင်းရန် လိုအပ်မှသာ လိုက်ပါစီးနင်းနေကြသည်ကိုသိရှိရသကဲ့သို့ ရထားတွဲများတွင် လိုက်ပါစီးနင်းနေသော ခရီးသည်များသည် သယ်ဆောင်နိုင်စွမ်း၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိသာရှိခြင်း၊ ရေကြောင်းလိုင်းများတွင် စက်ပိုင်းဆိုင်ရာလုံခြုံမှုမပေးနိုင်ခြင်းများ တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပို့ဆောင်ရေးကဏ္ဍပြောင်းလဲတိုးတက်ရန်ဆောင်ရွက်နေမှု အခြေအနေများကို အများ ပြည်သူတွေသိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊
(၁) လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ ရထားပို့ဆောင်ရေးနှင့်ပတ်သက်ပြီး အနာဂါတ်တွင် သိသာ ထင်ရှားသော ပြောင်းလဲတိုးတက်မှုဖြစ်စေဖို့ရန် မည်သို့စီမံထားရှိသည်နှင့် ယခု ငါးနှစ်တာကာလအတွင်း အဆိုပါ ပို့ဆောင်ရေးလုပ်ငန်းများ သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုမရှိခြင်းအပေါ် မည်သို့ သုံးသပ် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှု မူဝါဒ ရည်မှန်းချက်များ၊ ဘဏ္ဍာရေးမူဝါဒရည်မှန်းချက်များ၊ အရည်အသွေးမီစီမံခန့်ခွဲမှု မူဝါဒရည်မှန်းချက်များနှင့် အလုပ်အကိုင် ရှာဖွေခန့်ထားရေး ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် မှာ လေယာဉ်ကွင်းများတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ဘဏ္ဍာငွေကျပ် ၁၀.၂၇ ဘီလီယံခန့်အသုံးပြု၍ ပြည်တွင်းလေယာဉ်ကွင်း ၃၃ ကွင်းတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊
ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည့်အတွက် လေကြောင်းမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပခရီးသွားလာမှု၌ တွင် ၂၀၁၀ ခုနှစ်တွင် ပြည်တွင်းခရီးသည် ၂.၃ သန်းနှင့် ပြည်ပခရီးသည် ၁.၂ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းခရီးသည် ၄.၄ သန်းနှင့် ပြည်ပ ခရီးသည် ၃.၂ သန်းထိ တိုးတက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
နိုင်ငံပိုင်နှင့် အမျိုးသားပုဂ္ဂလိက လေကြောင်းလိုင်းအရေအတွက်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ၆ လိုင်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လေယာဉ်လိုင်း ၁၀ လိုင်းအထိ တိုးတက်လာသည်လည်းကောင်း၊ မြန်မာနိုင်ငံသို့ ပျံသန်း သည့် နိုင်ငံတကာလေကြောင်းလိုင်းသည်လည်း ၂၀၁၀ ခုနှစ်တွင် လေကြောင်းလိုင်း ၁၃ လိုင်းမှ ၂၀၁၄ ခုနှစ် တွင် (၂၃)လိုင်းအထိ တိုးတက်လာပါကြောင်း၊
မြန်မာအမျိုးသားလေကြောင်းကို နိုင်ငံတကာအဆင့်မီ လေကြောင်းလိုင်းအဖြစ် ရင်ဘောင်တန်းနိုင်ရန်အတွက် ခေတ်မီလေယာဉ်များဖြင့် လေယာဉ်အင်အားဖြည့်တင်းပြီး ပြည်တွင်းခရီးစဉ်များ၊ နိုင်ငံတကာခရီးစဉ်များ ပြေးဆွဲခြင်းကို စင်ကာပူနိုင်ငံ၊ ဟောင်ကောင် တို့ကို ပြေးဆွဲခဲ့ပြီး ချင်းမိုင်နှင့် တိုင်ပေပြည်ပခရီးစဉ်များကို ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားသကဲ့သို့ ကိုရီးယား၊ ဂျပန် စသည့် ပြည်ပခရီးစဉ်များကိုလည်း တွေကိုလည်း ဆက်လက်တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါကြောင်း၊
ခေတ်မီလေယာဉ်များ ဝယ်ယူ/ငှားရမ်းပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်းကို ဈေးကွက်စီးပွားရေးစနစ်နှင့် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ATR 72-600 ရှစ်စီး၊ Boeing 737-800 NG ရှစ်စီးနှင့် Caravan 208 B-FX နှစ်စီး စုစုပေါင်း လေယာဉ် ၁၈ စီး အင်အားဖြည့်တင်းရန် စီစဉ်ထားသည့်အပြင် ပြင်သစ်နိုင်ငံ ATR Co.,Ltd ၏ နည်းပညာအကူအညီ အထောက်အပံ့ဖြင့် ATR Aircraft Maintenance, Repair and Overhaul (MRO) Project ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ရေယာဉ်သစ်တည်ဆောက်ခြင်း၊ ရေယာဉ်များ နိုင်ငံခြားမှ မှာယူတင်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး နှစ်အလိုက်မှတ်ပုံတင်ထားသော ရေယာဉ်နှင့် သင်္ဘောအရေအတွက်သည် ၂၀၁၀ ခုနှစ်တွင် ၃၆၅၈ စီးရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄၉၂၂ စီးအထိ တိုးတက်ခဲ့ပါကြောင်း၊ သင်္ဘောများကို နိုင်ငံခြားမှ တင်သွင်းရာတွင် အကောက်ခွန်ဦးစီးဌာနသို့ အခွန်(Custom Duty)ကို ရေယာဉ်၏ တန်ဘိုး ၁.၅ ရာခိုင်နှုန်း၊ ပေးဆောင်ရပြီးတော့ ကုန်သွယ်လုပ်ငန်းခွန်(Commercial Tax)ကို ရေယာဉ်တန်ဘိုး၏ ၅ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန်ကို ရေယာဉ်လုပ်ငန်းမှ ရရှိသောဝင်ငွေ၏ စုစုပေါင်း အသားတင် အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းပေးဆောင်ရခြင်းများတွင် အခက်အခဲ ဖြစ်ပေါ်စေလျက်ရှိ ပါကြောင်း၊ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများကဲ့သို့ Domestic Shipping Development ဥပဒေရေး ဆွဲပြဋ္ဌာန်းပြီး အခွန်အခများကို ကင်းလွတ်ခွင့်ပေးနိုင်ပါက ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်စေရေးကို အထောက်အကူပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ဂျပန်နိုင်ငံနှင့် Memorandum on Cooperation in the field of Transportation နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် National Transport Master Plan ကို ရေးဆွဲရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ်သောဌာနများက ကိုယ်စားလှယ်အားလုံးပါဝင်ပြီး မြန်မာ၊ ဂျပန်ပူးပေါင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပို့ဆောင်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သော ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေး ကဏ္ဍများ ရေရှည်မှာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ National Transport Master Plan ရေးဆွဲပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ရထားပို့ဆောင်ရေးကဏ္ဍနှင့်ပတ်သက်ပြီး အမျိုးသားစီမံကိန်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်အထိ ကာလတို ငါးနှစ် အမျိုးသား စီမံကိန်းများကို ရေးဆွဲအကောင် အထည်ဖော ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
အနာဂတ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများအတွက် လျာထားစီစဉ်ဆောင်ရွက်မှုများအနေဖြင့် ကတော့ ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင် မွမ်းမံခြင်းစီမံကိန်းအဆင့်-၁ ကို ဂျပန်နိုင်ငံ ODA ချေးငွေ အမေရိကန်ဒေါ်လာ ၆၄၈ သန်း၊ အပိုင်း-၁ ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ ODA ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆.၅၃ သန်းနှင့် ၂၀၁၅ ကနေ ၂၀၂၂ အထိ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားခြင်း၊ ပဲခူး-ထားဝယ်လမ်းပိုင်း ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရန် ADB မှ Pipe Line Project များစာရင်းတွင် ထည့်သွင်းလျာထားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ဦးစားပေးလမ်းပိုင်းဖြစ်သော ဂျိုးထောင်-နမ့်ခမ်း-ဘုံချောင်း-မဲဇာလမ်းပိုင်းကို ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ထားရှိပါကြောင်း၊ တရုတ်ချေးငွေ အမေရိကန် ၉၁.၇၈၇ သန်းဖြင့် ဆောင်ရွက်မည့် စက်ခေါင်းနှင့်တွဲ တည်ဆောက်ရေးစက်ရုံများ တည်ဆောက်မည့် စီမံကိန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုရီးယား EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လူစီးတွဲ ၁၀၀ ဝယ်ယူရေးစီမံကိန်း ချေးငွေစာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ခဲ့ပြီး အိန္ဒိယချေးငွေ အမေရိကန်ဒေါ်လာ ၈၆.၃၁ သန်းဖြင့် စက်ခေါင်း၊ တွဲများနှင့် စက်ကိရိယာပစ္စည်းများ ဝယ်ယူရေးစီမံကိန်းစာချုပ်ချုပ်ဆို ရေးနှင့် တင်ဒါခေါ်ယူရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တယ်။ တရုတ်အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ဖြင့် စက်ခေါင်းသစ် ၆ ခေါင်း ဝယ်ယူရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်မယ့် LRT ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီမံထားပါ။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖိတ်ခေါ်ဆောင်ရွက်မည့် အစီအမံများအနေဖြင့် ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်း၊ ရန်ကုန်မြို့ပတ်မြေအောက်ရထား စီမံကိန်း၊ ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ ကောင်းကင်ရထား ပြေးဆွဲရေးစီမံကိန်းအတွက် အနာဂတ် မျှော်မှန်းချက်အဖြစ် စိတ်ပါဝင်စားသော ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်းဖိတ်ခေါ်နေဆဲဖြစ်ပြီး ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ကြည့်မြင်တိုင်ဘူတာ၊ ပုဇွန်တောင်ဘူတာနှင့် ပုဂံဘူတာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရထားလမ်း တစ်လျှောက်ရှိ Optical Fiber Cable ဆက်ကြောင်းများကို သွယ်တန်းငှာရမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် မြန်မာ့မီးရထား ပိုင်မြေငှားရမ်းဆောင်ရွက်ရေးစီမံကိန်း၊ မြစ်ငယ်နှင့် ရွာသာကြီးတို့မှာ ကုန်းတွင်းဆိပ်ကမ်း (Dry Post) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ကုန်သေတ္တာတင်ရထား (Containerization) ပြေးဆွဲရေးစီမံကိန်း တို့ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြုရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ငါးနှစ်ကာလတို အမျိုးသားစီမံကိန်း ကာလအတွင်း စုစုပေါင်း ရထားလမ်းသစ် ၂၆၇.၉၁ မိုင်ကို တိုးချဲ့ဖောက်လုပ်သွားရန် လျာထားပါကြောင်း၊
အရေးကြီးရထားလမ်းပိုင်းများတွင်ပါဝင်သော ရထားလမ်းမိုင် စုစုပေါင်း ၄၅၀ မိုင် အဆင့်မြှင့် တင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စက်ခေါင်းများထုတ်လုပ်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့သော လေအေးစက်တပ် RBE ၃၇ စီး၊ ရန်ကုန် ကမ်းနား လမ်းတွင် ပြေးဆွဲမည့် လျှပ်စစ်ရထား ခုနစ်စီး၊ ဂျပန်နိုင်ငံ GGP Fund ဖြင့် လှူဒါန်းသော RBE ၁၉ စီး၊DRGFund ဖြင့် လှူဒါန်းသော RBE ၁၈ စီး စုစုပေါင်း RBE ၇၄စီး နှင့် လျှပ်စစ်ရထားခုနစ်တွဲ စုစုပေါင်း RBE ၄၇ စီးနှင့် လျှပ်စစ်ရထား ခုနစ်တွဲ ရောက်ရှိလက်ခံပြီးဖြစ်ပါကြောင်း၊ အခြားလှူးုဒါန်းသော RBE ကိုးစီးနှင့် ၁၈ စီး စုစုပေါင်း RBE ၂၇ စီးသာ ရောက်ရှိရန် ကျန်ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အပြီးလက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၉၁.၇၈၇ သန်းဖြင့် နှစ်စဉ် စက်ခေါင်းသစ် ၂၂ လုံးနှင့် လူစီးတွဲသစ် ၁၂၀ တွဲ ထုတ်လုပ်မည့် စက်ခေါင်းစက်ရုံကို နေပြည်တော်တွင် လည်းကောင်း၊ လူစီးတွဲသစ်စက်ရုံကို မြစ်ငယ်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ဖြစ်ပါကြောင်း၊
လက်ရှိအစိုးရလက်ထက်ကာလအတွင်း ဆောင်ရွက်နိုင်မှုများကတော့ ရထားလမ်းသစ်များ ဖောက်လုပ်ခြင်း ထက် လမ်းဟောင်းများ ပြုပြင်ထိန်းသိမ်းခြင်းကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းများအလိုက် ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများကို အဓိကထား ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်ခေါင်းနှင့်တွဲများ ဝယ်ယူဖြည့်တင်းခြင်း ဆောင်ရွက်ခဲ့တဲ့နေရာမှာတော့ ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ အိန္ဒိယနိုင်ငံချေးငွေဖြင့် ဒီဇယ်စက်ခေါင်း ၂၀ ခေါင်း၊ လူစီးတွဲ ၂၀ တွဲ၊ ကုန်တွဲ ၂၅၀ ကိုလည်းကောင်း၊ တရုတ်နိုင်ငံချေးငွေဖြင့် ဒီဇယ်စက်ခေါင်း ၂၂ ခေါင်း၊ လူစီးတွဲ ၆၀၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် RBE ရထား ၅၇ စီး ဝယ်ယူဖြည့်တင်းခဲ့ပါကြောင်း၊
ထို့ပြည် ပြည်တွင်းတွင် နှစ်စဉ်လူစီးတွဲသစ် ၅၀ တွဲ တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စက်ခေါင်းနှင့် တွဲများ ပြင်ဆင်မွမ်းမံခြင်းအနေဖြင့် နှစ်စဉ်စက်ခေါင်း အကြီးတန်း ပြင်ဆင်ခြင်း ၄၀၊ အလတ်တန်းပြင်ဆင်ခြင်း ၄၀၊ လူစီးတွဲအကြီးတန်းပြင်ဆင်ခြင်း ၅၀၄ တွဲ၊ အလတ်တန်း ပြင်ဆင်ခြင်း ၅၁၄ တွဲ၊ ကုန်တွဲအကြီးတန်းပြင်ဆင်ခြင်း ၁၀၅၂ တွဲ၊ အလတ်တန်းပြင်ဆင်ခြင်း ၁၁၆၆ တွဲကိုလည်း ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိပါကြောင်း။ ရန်ကုန်မြို့ကမ်းနားလမ်းတွင် ပထမဦးဆုံးပြေးဆွဲ မည့် လျှပ်စစ်ရထား (Tram) စနစ်အတွက် လင်းစဒေါင်း-ထော်လီလမ်းကွေ့ပိုင်း ၃.၆ မိုင်ကို Dual Gauge လျှပ်စစ်ရထားလမ်းသစ်အဖြစ် နောက်လမှ စတင်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရေကြောင်း၊ လေကြောင်းနှင့် ရထားပို့ဆောင်ရေးကဏ္ဍများမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
