ဝေးလံခက်ခဲဒေသရှိ တိုင်းရင်းသားလူငယ်များ၏ ဒေသအခြေအနေအရ ပညာရေးအခြေခံအရည်အသွေးနိမ့်ကျခြင်း၊ မိဘများ စီးပွားရေးချို့တဲ့ခြင်းတို့ကြောင့် တက္ကသိုလ်သို့တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် ဘွဲ့ တစ်ခုရရှိရန် အဝေးသင်တက္ကသိုလ်ကိုသာ အားကိုးနေရပါကြောင်း၊ ယခင်တက္ကသိုလ် စာပေးစာယူခေတ်တွင် မိမိတို့ သက်ဆိုင်ရာဘာသာရပ် ပို့ချချက်စာအုပ်များရရှိပြီး ကိုယ်တိုင်စိတ်ဝင်တစား လေ့လာဖတ်ရှုပြီး စာစဉ်မေးခွန်းများကို ကိုယ်တိုင်ကြိုးစားဖြေဆိုပေးပို့ခဲ့ကြပါကြောင်း၊ အနီးကပ်ပို့ချမှုများကိုလည်း အခက်အခဲမရှိ ဖြေဆိုနိုင်ကြပါကြောင်း၊ ယခုအဝေးသင်တက္ကသိုလ် ကျောင်းသားများသည် ထုတ်ပေးသည့် ပို့ချချက်စာအုပ်၊ CD ခွေ စသည်တို့ကို ဖတ်ရှုလေ့လာဖို့ထက် အဆင်သင့်ဝယ်ယူရရှိသည့် စာစဉ်ဖြေဆိုချက်များကို အလွယ်တကူကူးယူပြီး ပေးပို့ကြပါကြောင်း၊ အနီးကပ်ပို့ချမှုမတိုင်ခင် ကျူရှင်တက်ရပြီး ပြီးမှအနီးကပ်သင်တန်း တက်ရောက်၍ စာမေးပွဲ ဖြေဆိုကြရပါကြောင်း၊ ထို့ကြောင့် အောင်မြင်မှုနည်းပါးပြီး ပညာကိုဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ခဲ့ ကြပါကြောင်း၊ အချိန်ကုန်၊ ငွေ ကုန်၊ လူပန်းပြီး မျှော်လင့်ချက်မဲ့ဖြစ်ရသူတွေလည်း ရှိခဲ့ပါသည်။ အဝေးသင် တက္ကသိုလ်ကို ယနေ့အထိ အားကိုးနေရသည့် ဝေးလံခက်ခဲဒေသရှိ တိုင်းရင်းသားလူငယ်များကို အထိုက် အလျောက် အရည်အသွေးပြည့်မီသော ဘွဲ့ရလူငယ်များဖြစ်စေချင်သည့်အတွက် အဝေးသင်တက္ကသိုလ်ကို မည်သို့ မြှင့်တင်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။
(က)-ဝေးလံခက်ခဲဒေသရှိတိုင်းရင်းသားလူငယ်များ ကိုအထိုက်အလျောက် အရည်အသွေးပြည့်မီသော ဘွဲ့ရများဖြစ်စေချင်ပါသောကြောင့်အဝေးသင်တက္က သိုလ်များကိုမည်သို့မြှင့်တင် ဆောင်ရွက်နေသည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဒုတိယနေ့ (၁၇.၁၁.၂၀၁၅)
မေးမြန်းသူ
ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
