(ဇ)-တန့်ဆည်မြို့နယ်ရှိ စည်တုံးလုံးချောင်းကူးတံ တားကြီးကိုနိုင်ငံတော်မှဆောက်လုပ်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myint tunမြို့၏မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် စည်တုံးလုံးချောင်း ရှိပါကြောင်း၊၎င်းချောင်းကြီးသည် တန့်ဆည်မြို့နယ်၏ အနောက်မှ အရှေ့သို့ ဖြတ်သန်းသွားပြီး မူးမြစ်ထဲကို စီးဝင်ပါကြောင်း၊ ချောင်း ၏ မြောက် ဘက်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်၊ လူဦးရေ ငါးသောင်း ကျော်ရှိပါကြောင်း၊ ၎င်းချောင်းသည် ရွှေဘို-ရေဦး-တန့်ဆည်-ကျွန်းလှကို ဆက်သွယ် ရန် ဖောက်လုပ် ထားသည် လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ်တည်ရှိနေပါကြောင်း၊ မိုးရာသီတွင် ရေစီးသန်သည့် အတွက် ကျောင်းသူ/ ကျောင်းသား များ ကျောင်းသွားရာတွင် လည်းကောင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ရုံး ကိစ္စ၊ ကောက်ပဲ သီးနှံ သယ်ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ၎င်းချောင်းကို တံတား တည်ဆောက်မည်ဆိုပါက  မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းသွားပြီး ကျွန်းလှမြို့နယ် ၊ ကန့်ဘလူမြို့ နယ် အထိ သွား လာနိုင်သည်အတွက် တံတားတစ်စင်းမရှိမဖြစ် လိုအပ်သည်ဟု ထင်ပါ ကြောင်း၊ အစိုးသစ်သက်တမ်းတွင် တန့်ဆည်မြို့နယ်ရှိ စည်တုံးလုံးချောင်းကူးတံတားကြီးကို နိုင်ငံတော်မှ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuတန့်ဆည်မြို့နယ်၊ စည်တုံးလုံးချောင်းသည် တန့်ဆည်မြို့နယ်မှ ငါးမိုင်ကွာဝေးသည့် နဘက် ကျေးရွာ မြောက်ဘက်မှ ဖြတ်သန်းစီးဆင်းပြီး မူးမြစ်အတွင်းသို့စီးဝင်သည့် ချောင်းဖြစ်ပါကြောင်း၊ ချောင်းအမြင့် သည် ပေ ၇၀၀ ရှိပြီး တံတားတည်ဆောက်ထားခြင်း မရှိပါကြောင်း၊ ၎င်းချောင်းသည် သဲကြောထု ထူသဖြင့် Bore Pile၊ သံဘောင်ယက်မ၊ သစ်သားတံတား ၇၀၀ ပေ x ၁၄ ပေဆောင်ရွက်ရမည်ဖြစ်ပြီး ခန့် မှန်း ကုန်ကျငွေကျပ် ၁၀၅၀ သန်း ကုန်ကျမှာဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ပါက အကျိုးပြု မည့်ကျေးရွာ ၆၂ ရွာ၊ အိမ်ခြေပေါင်း ၁၀၁၃၀ လုံး၊ လူဦးရေပေါင်း ၅၂၆၅၇ ဦးတို့ကို အကျိုးပြု မည်ဖြစ် ပါကြောင်း၊ အဆိုပါလုပ်ငန်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက် ရေးဦးစီးဌာန ရန်ပုံငွေအဖြစ် လျာထားဆောင်ရွက်ထားခြင်း မရှိပါကြောင်းနှင့် ဘဏ္ဍာရေး နှစ် အလိုက် ဘဏ္ဍာငွေ ရရှိမှုအခြေအနေအရ လျာထားဆောင်ရွက်နိုင်ရန် တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၆၅၂၀.၇၂ သန်းဖြင့် ကွန်ကရစ်လမ်းပေါင်း ၅ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်းပေါင်း ၂၀ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၁၀၁ မိုင် ၃ ဖာလုံ၊ ဂဝံ/မြေနီလမ်း ၃၈ မိုင် ၅ ဖာလုံ၊ မြေသားလမ်း ၁၀၉ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၄၇ စင်း၊ သစ်သားတံတား ၉၃ စင်း၊ ရေပြွန် ၆၅ စင်းနှင့် ရေကျော် ၄၄ စင်း တို့ကို လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ တန့်ဆည်မြို့နယ် အ တွက် ကျေး လက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၂၈၉.၃၄ သန်းဖြစ်ပြီး  ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၄ မိုင်၊ ကွန်ကရစ်တံတား တစ် စင်း၊ သစ်သား တံတားနှစ်စင်း တို့ကို လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊လက်ရှိအခြေအနေတွင် ပြည်ထောင်စုအဆင့် လမ်း၊ တံတားလုပ်ငန်းများ နှင့် ပတ်သက်ပြီး လမ်းအမျိုး အစားနဲ့ လမ်း အဆင့် သတ် မှတ်ခြင်း၊ စံချိန် စံညွှန်းများ သတ်မှတ်ခြင်း၊ လမ်းနယ်သတ်မှတ်ခြင်း၊လမ်း ပိုင်ဆိုင်မှုနယ်နိမိတ်သတ်မှတ်ခြင်းအပြင် Strategy and Investment Plan များ ရေးဆွဲကာ စီစဉ်ဆောင် ရွက်လျက်ရှိ ပါကြောင်း၊ ပြည်ထောင်စု အဆင့်သတ်မှတ်ချက် Criteria  နှင့်အညီ ဦးစားပေး ရွေးချယ်ခြင်းကို ပြည်နယ်/တိုင်းဒေသကြီးမှ သက်ဆိုင်ရာအဖွဲ့အစည်းများ ဆွေးနွေးပြီး နှစ်တို၊ နှစ်ရှည် စီမံကိန်း Master Plan ရေးဆွဲပြီး စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများ တွင်  နှစ်တို၊ နှစ်ရှည်စီမံကိန်း Master Plan အရ ဦးစားပေးရေးဆွဲတင်ပြ လာသည့် လုပ်ငန်းများ အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်၍ ဆက် လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်-ကျွန်းလှ(မြို့ဟောင်း)လမ်းပေါ်မှာ ရှိသည့်  စည်တုံးလုံးချောင်းကူး တံတား တည်ဆောက်ခြင်းကို ဝန်ကြီး ဌာန၊ ကျေး လက်ဒေ သဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်  ပါဝင်ခဲ့ခြင်းမရှိသည့် အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဦးစားပေး တင်ပြမှု အပေါ်မူ တည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။