မေးခွန်း အကြောင်းအရာ
တောင်ကုတ်မြို့နယ်၊ တန်းလွှဲချောင်း၊လက်ပံကျွန့်ကျေးရွာအုပ်စု၊ လက်ပံကျွန့်ကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်၊လူဦးရေ ၁၅၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ဒေသခံများ၏ အဓိက စီးပွားရေး လုပ်ငန်းသည်လည်း လယ်ယာလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြ ပါကြောင်း၊ နှစ်စဉ်နှစ်တိုပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်င်း ရေကြီးရေလျှံမှုများကြောင့် ယခုအချိန်တွင် အဆိုပါရွာ၏ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကမ်းပါးပြိုကျနေမှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိပါကြောင်း၊ကမ်းပါးပြိုကျနေမှုများကြောင့် ဒဿနိကအဆောက်အဦတချို့ကို ရေထဲမျောပါခြင်းမရှိစေရန် ဖျက်ထား ရပါကြောင်း၊ထိုအတိုင်းသာဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ရွာလုံးကျွတ် နီးပါး ပြောင်း ရွှေ့ရမည့် အနေအထားကို သိပ်မကြာသောနှစ်များ အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည့် အတွက် တောင်ကုတ်မြို့နယ် အတွင်းရှိ လက်ပံကျွန့်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ချောက်ကမ်းပါး ပြိုကျနေမှုများကို ထိန်းသိမ်း ကာကွယ်ရန် ကမ်းထိန်း နံရံများဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၃-၂၀၁၄ ဘတ်ဂျက်ကစတင်၍ ရခိုင်ပြည်နယ်အစိုးရထံ ငွေလုံးငွေရင်းခွင့်ပြုငွေများနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၁၁၇၄.၄၅၀ ကျပ်သန်းဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၃ ခု၊၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၅၈.၆၄၄ သန်းဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၂၄ ခု၊ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင် ငွေလုံးငွေရင်းခွင့်ပြုငွေ ၅၉၉၇ သန်းဖြင့် ကမ်းပြို ကာကွယ် ရေးလုပ်ငန်း ၂၇ ခုနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုငွေ သန်းပေါင်း ၅၉၄၀ သန်းဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၃ ခုအား ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊
တောင်ကုတ်မြို့နယ်အတွင်းရှိ လက်ပံကျွန့်ကျေးရွာ၊ရွာဦးဘုန်းတော်ကြီးကျောင်းဝင်း ချောက်ကမ်းပါးပြိုကျနေမှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရခိုင်ပြည်နယ်ရုံး အနေဖြင့် ဘိုးပိုင်အခြေပြု ကျောက်စီတမံအလျား ပေ ၆၀၀ တည်ဆောက်သွားရန် လုပ်ငန်း တန်ဖိုး ၅၂၅.၄၂ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေတွင် လည်းကောင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်စိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် လည်းကောင်း၊ ထည့်သွင်းတင်ပြတောင်းခံခဲ့ သော် လည်း ခွင့်ပြုရန်ပုံငွေ ကန့်သတ်ချက်ပေါ်မူတည်ပြီး ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့်အတွက် ယခု ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေမရရှိခဲ့ပါကြောင်း၊လက်ပံကျွန့်ကျေးရွာ၊ရွာဦး ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ချောက်ကမ်းပါးပြိုကျနေမှုများကို ထိန်းသိမ်းကာကွယ်ရန်နှင့် ကမ်းထိန်းနံရံများဆောက်လုပ်ပေးရန်သည် အမှန်တစ်ကယ် လိုအပ်နေသည်ကို တွေ့ရှိ ရပါကြောင်းနှင့် ကမ်းထိန်း နံရံများဆောက်လုပ်ရာတွင် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်မှသာလျှင် ထမ်မံကမ်းပြိုခြင်း မရှိတော့မည်ဖြစ်ပါကြောင်း၊ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် လက်ပံ ကျွန့်ကျေးရွာ၊ ကမ်းထိန်းနံရံများဆောက်လုပ်ပေးရန်အတွက် ထည့်သွင်းပေးရန်နှင့် ရန်ပုံငွေရရှိပါက အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
