(ဂ)-ကလေးငယ်များအတွက်အသည်းရောင်အသား ဝါဘီပိုးကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြည်တွင်းပြည်ပမှ တင်သွင်းသောဆေး ဝါးများ၏ စံချိန်စံညွှန်းကို မည်ကဲ့သို့ စိစစ်ကြပ်မတ် စစ်ဆေးမှုများ ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၀.၅.၂၀၁၆)

ဦးမြင့်ဦး (သနပ်ပင်)၇-၃-၂၀၁၆ ရက် နေ့တွင် ပဲခူးမြု့ဆေးရုံကြီးမှ ပြင်ပဆေးဆိုင်က ဝယ်ယူသည့် အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးနှင့် ကလေးငယ် ၂၈ ဦးကို ထိုးနှံရာမှ ၃ ဦးသေဆုံးကာ ၇ ဦးကို ရန်ကင်းကလေး ဆေးရုံကြီးမှ အထူးကြပ်မတ်ကုသပေးရပြီး ကျန်ကလေးငယ်များကို ပဲခူးဆေးရုံကြီးမှ ကြပ်မတ်ကုသ ပေးခဲ့ရပါကြောင်း၊ သေဆုံးသွားသည့် ကလေးငယ်များအတွက် အထူးကြေကွဲဝမ်းနည်းရသည့်နည်းတူ အထူး ကြပ်မတ်ကုသခံနေရသည့် ကလေးများအတွက်လည်း သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ နိုင်ငံတော်မှ ကလေးငယ်များအတွက် လုံခြုံစိတ်ချရသည့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ် ဆေးများ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခြင်း သို့မဟုတ် ဝယ်ယူဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် ဆေးဝါးများ၏စစ်မှန်မှုနှင့် စံချိန်စံညွှန်းကို မည်ကဲ့သို့ စိစစ်ကြပ်မတ်စစ်ဆေးမှုများ ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါက်တာမြင့်ထွေးပထမမေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်မှ ကလေးငယ်များအတွက် လုံခြုံစိတ်ချရသော အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိပါကြောင်း၊ သို့သော် မြန်မာ နိုင်ငံတွင် လူကြီးများအတွက် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို စက်မှုဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါကြောင်း၊ တစ်နှစ်စာထုတ်လုပ်နိုင်သည့် ပမာဏကို စက်မှုဝန်ကြီးဌာနမှသာလျှင် အသေးစိတ်ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသော အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးအရည်အသွေးနှင့် စိတ်ချရမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စစ်ဆေး၍လည်းကောင်း၊ ကာကွယ်ဆေး အသုတ်လိုက်ထုတ်လုပ်ရာတွင် (Lot Release Certificate) များ ရပါက အဆိုပါစက်ရုံမှ မိမိတို့လို အပ်ချက်များကို ဝယ်ယူ၍ မွေးကင်းစကလေးငယ်များအတွက် သုံးစွဲရန်ညှိနှိုင်းမည်ဖြစ်ကြောင်း၊ သို့သော် Lot Release Certificate  မရရှိသေးပါကြောင်း၊ ဤစက်ရုံသည်  ယခင်က ဆေးသုတေသနဦးစီးဌာန အောက်တွင်ထားရှိပြီး စက်မှုဝန်ကြီးဌာနကို ပေးလိုက်ရပါကြောင်း၊ ကလေးငယ်များ နှစ်လ၊ လေးလ၊ ခြောက်လအရွယ်တွင် အသည်းရောင်အသားဝါ ကာကွယ်ဆေးပါဝင်သည့်  ငါးမျိုးစပ်ကို မိမိတို့အနေဖြင့်       Gavi vaccine alliance အထောက်အပံ့၊ နိုင်ငံတော်၏ ရန်ပုံငွေဖြင့် လုံလောက်စွာ ထိုးနှံပေး လျက်ရှိပါကြောင်း၊ မွေးကင်းစကလေးများတွင် ထိုးနှံရန် လိုအပ်သော အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး လိုအပ်ချက်ကိုလည်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ဒုတိယအသုတ် အခမဲ့ရရှိလာမည်ဖြစ်ရာ ၎င်းဆေးများကို ထိုးနှံသွားရန်လည်း စီစဉ်ထားပါကြောင်း၊  ထပ်မံလိုအပ်ချက်ရှိပါကလည်း ကျန်းမားရေး ဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ သာမန်အသုံးစရိတ်ကို အသုံးပြုပြီး အရည်အသွေးကောင်းမွန်သည့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့အသိအမှတ်ပြု အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးများ ဝယ်ယူပြီး  ကလေးငယ်များ မွေးကင်းစ ကလေးများကို  ထိုးနှံရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊

ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍

(က) ပြည်တွင်း Premarker ဈေးကွက်မတင်မီစစ်ဆေးခြင်း-

(၁) ထုတ်လုပ်သောစက်ရုံ၏ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ညီညွတ်ခြင်းရှိ/မရှိကို  အသုံးပြု၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) မှ စစ်ဆေးဆောင်ရွက်ပါတယ်။

(၂)     ထုတ်လုပ်ပြီးသော ဆေးဝါးများကိုလည်း ကောင်းမွန်သော သိုလှောင်မှုစနစ် (Good Storage Pratctice) ရှိ/မရှိကို (FDA)မှ စစ်ဆေးဆောင်ရွက်ခြင်း၊

(၃)     ထို့ပြင် ကောင်းမွန်သော ဖြန့်ဖြူးမှုစနစ် Good Distribution Practice (GDP) ရှိ/မရှိကို  Checklist အသုံးပြုပြီးမှ ဖြန့်ဖြူးရန်နမူနာ (Sample) များကို FDA ဓာတ်ခွဲခန်းနှင့် Quality (အရည်အသွေး) Efficacy

 (အာနိသင်) Safety (အန္တရာယ်ကင်းရှင်းမှုများ) ကို ဓာတ်ခွဲစစ်ဆေးပြီး အောင်မြင်မှသာလျှင် လက်လီလက်ကား ဖြန့်ခွင့်ပေးခြင်း၊

(ခ) ဈေးကွက်တင်ပြီး စောင့်ကြပ်ကြည်‌့ရှုစစ်ဆေးခြင်း(Post Markert Sureillance)

 ဈေးကွက်တင်ပြီး စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကို အောက်ပါအတိုင်းဆောင်ရွက်ပါကြောင်း၊

(၁)     ဖွင်‌့ခွင့်ပြုထားသော ဆေးဆိုင်များတွင် လုံလောက်သော အအေးထိန်းစနစ် (Cold Storage Protection) ရှိ/မရှိ  စစ်ဆေးခြင်း၊

(၂)     နမူနာ Sample များကို ပြန်ဝယ်ပြီး အရည်အသွေး၊ အာနိသင်၊ ဘေး အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိကို သုံးလ တစ်ကြိမ် နိုင်ငံအနှံ့မှာ ပုံမှန်ဆောင်ရွက်လျက်ရှိခြင်း၊

(ဂ)    ပြည်ပမှ တင်သွင်းသော ဆေးဝါးများ

(၁)     တရားဝင်ခွင့်ပြုထားသော ကုမ္ပဏီများမှတင်သွင်းသော ဆေးဝါးများနှင်‌့ ပတ်သက်သော စာရွက်စာတမ်း(Document)များကို ဦးစွာတောင်းခံခြင်း၊

(၂)     တောင်းပြီးလျှင် (Preview)များကို  ညွှန်မှူးဦးဆောင်သည့် ကျွမ်းကျင်ပညာရှင်အဖွဲ့ (Expert Gropu) မှ စစ်ဆေးပြီး Micro Biologic၊ Formica Logic၊ Physical Logic တို့ ပါဝင်သော  Drug Advisory Council ကို ပေး၍ အဆိုပါအဖွဲ့၏  သဘောတူညီချက်ရပြီဆိုပါက ဓာတ်ခွဲစစ်ရန် ဆေးကုမ္ပဏီက ငွေကြေးတောင်းခံပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းကို Quality၊ Efficacy၊ Safety များ စစ်ဆေးခြင်းများဆောင်ရွက်များပြုလုပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ဓာတ်ခွဲခန်းတစ်ခုတည်းနှင့် အဆုံးအဖြတ်ပေးနိုင်ခြင်းမရှိပါက ကမ္ဘာ့အဆင်‌့အတန်းမီ    ဓာတ်ခွဲခန်း များသို့ ပေးပို့ စိစစ်စေပြီး စစ်ဆေးချက်ကောင်းမွန်ပါက နိုင်ငံ၏ အခြေအနေ လိုအပ်ချက်ပေါ်မူတည်၍ လိုအပ်သောပ မာဏကို တင်သွင်းခွင့်ပြုပါကြောင်း၊ Control Druge ပိုင်းကိုလည်း တည်းတည်း ကြပ်ကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။