(က)-စစ်ကိုင်းနည်းပညာတက္ကသိုလ်အားတက္ကသိုလ် အဆင့်မီအောင်လိုအပ်ချက်များအားဖြည့်ဆည်းပေး ရန်၊ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ခြင်းနှင့် (၃) ထပ်ဆောင်ဆောက်လုပ်ခြင်းအားပြီးစီးအောင်ဆက် လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၃.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u khin mg theinစစ်ကိုင်းနည်းပညာတက္ကသိုလ်ကို ၁၉၈၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ  စက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅-၉၆ ပညာသင်နှစ်တွင် ပညာရေး ဝန်ကြီးဌာန လက်အောက်မှ သိပ္ပံနှင်‌့နည်းပညာဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊၁၉၉၈ ခုနှစ်တွင် စက်မှုလက်မှုသိပ္ပံ၊ GTI အဖြစ် အဆင့်တိုးမြှင့်ပြီး ပညာသင်ကြားခဲ့ပါကြောင်း၊ ၂၀၀၀ ခုနှစ်တွင် ကျောင်းသားဦးရေ ၁၅၀၀ ခန့်အထိရှိပြီး ၂၀၀၆ ခုနှစ်အရောက်တွင် နည်းပညာကောလိပ်အဖြစ် တိုးမြှင်‌့ပြီး ပညာသင်ကြားခဲ့ရာ ကျောင်းသား/သူပေါင်း တစ်နှစ်လျှင် ၂၅၀၀ ခန့်အထိ ပညာသင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊၁၁-၂-၂၀၁၂ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပြီး ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းဆောင် အသစ်များ ကိုလည်း တိုးချဲ့ဆောက် လုပ်ခဲ့ပါကြောင်း၊ထိုစဉ်က စစ်ကိုင်းနည်းပညာ တက္ကသိုလ်ကြီးသည် ထိုစဉ်အချိန်က တက္ကသိုလ် အင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ ဘွဲ့နှင်းသဘင်ခန်းမ မရှိခြင်း၊ စာသင်ဆောင် မလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံခြင်း၊ဝန်ထမ်းအိမ်ရာများ ချို့တဲ့ခြင်း၊ သောက်သုံးရေ သန့်စင်ခန်းများ စက်ဘီးဆိုင်ကယ် ရပ်နား ရန် နေရာများ လိုအပ်လျက်ရှိနေခြင်းကြောင်း ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အဆင့်မီ လိုအပ်ချက်များ အား ဖြည့်ဆည်းပေး မည် ဖြစ်ကြောင်းနှင့် ဘွဲ့နှင်းသဘင်ခန်းမအပါအဝင် သုံးထပ်ဆောင်အား ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်းဖြေကြားခဲ့သော်လည်း ဆက်လက်၍ မဆောင်ရွက်နိုင် ပါကြောင်း ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားလာပါ၍ ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းနည်းပညာ တက္ကသိုလ်အား ယခင်အစိုးရမှ ဆက်လက်၍ မဆောက်ရွက်နိုင်သော်လည်း ယခုအစိုးရသစ်မှ တက္ကသိုလ် အဆင့်မီအောင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်လည်း ဘွဲှနှင်းသဘင်ခန်းမ အပါအဝင် သုံးထပ်ဆောင် ဆောက်လုပ်ခြင်းသည် ၈၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ကျန်ရှိသော ၁၂ ရာခိုင်နှုန်း အား ပြီးစီးအောင် ဆက်လက်လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiစစ်ကိုင်းတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ၃ ထပ်စာသင်ဆောင်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေကျပ် ၃၇၁၇.၄၇၄ သန်းဖြင့် Civil Tech ကုမ္ပဏီမှ ဆောက်လုပ်ခွင်‌့ တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ ထိုသို့ဆောက်လုပ်ခဲ့ရာတွင် ၈၉.၅ ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါအဆောက်အဦ အား ဆက်လက် ဆောက်လုပ်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်ခေါင်းစဉ်အောက်၌ ထည့်သွင်း လျာထားခဲ့သော်လည်း ခွင့်ပြုရန်ပုံငွေ မရရှိခဲ့ပါသဖြင့် ပြီးစီးအောင်ဆောင်ရွက် မပေးနိုင်ခြင်းဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ၈၉.၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်သော ၃ ထပ် စာသင်ဆောင်အား ပြီးစီးအောင် ဆက်လက် လုပ်ဆောင်ပေးရန်နှင့် တက္ကသိုလ်၏ အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့ ဆရာ/မနှင့် ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား/သူများအတွက် အိမ်ဆောင် များနှင့် ရေသန့်များအတွက်၊အခြားလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံသည့် အချိန်တွင် ထပ်မံ ထည့်သွင်း တောင်းခံ သွားမည်ဖြစ်ပါကြောင်းနှင့် ထပ်မံလိုအပ်ပါက ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ်တွင် တင်ပြတောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။