(က)-ပြည်သူ့ဆေးရုံကြီးတွင်လိုအပ်လျက်ရှိသော လူနာဆောင်၊ခွဲစိတ်ခန်း၊ဝန်ထမ်းအိမ်ရာ(၆)ခန်းတွဲ (၄)ထပ်တစ်ဆောင်ဆောက်လုပ်ခြင်း၊ဆေးရုံဝင်းခြံ အုတ်တံတိုင်းခတ်ခြင်းနှင့်လမ်းများအားကွန်ကရစ် ခင်းခြင်း ဆောင်ရွက်ပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၂၃.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

than soeမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးမှာ လူနာဆောင်အသစ်များ ဆောက်လုပ်ပြီး သုံးစွဲနေသော်လည်း ခွဲစိတ်ခန်း မှာ ဆေးရုံ အဟောင်းတွင် ကျန်ခဲ့သည့်အတွက် လူနာများ ပြောင်းရွှေ့ခွဲစိတ်ရာတွင် အခက်အခဲများစွာ တွေ့ကြုံနေရပါကြောင်း၊ သို့ဖြစ်ပါ၍ လူနာဆောင် အသစ်နှင့် ကပ်လျက် ရှိသော ခွဲစိတ်ခန်းအသစ် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ထမ်းအိမ်ရာမှာလည်း ဆရာမ ၃ ဦး၊ အထွေထွေ လုပ်သား ၄ ဦးအတွက်သာရှိပြီး လက်ထောက်ဆရာဝန်နှင့် အခြားအဆင့်ဝန်ထမ်းများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းအိမ်ရာ မရှိသည့် အတွက် အခက်အခဲများ အများကြီး တွေ့နေရပါကြောင်း၊ ထို့အပြင် မြို့နယ်ပြည်သူ့ဆေးရုံကြီး ဝင်းခြံမှာလည်း လုံးဝကာရံထားခြင်း မရှိသည့် အ တွက် လုံခြုံမှု မရှိပါကြောင်း၊ ဆေးရုံအတွင်း အဝင်/အထွက်လမ်းများမှာလည်း ပျက်စီးယိုယွင်းနေပါကြောင်း၊ သာစည်မြို့ နယ် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက် ရှိသော၊ လူနာဆောင်အသစ်နှင့် ကပ်လျက်ရှိသော ခွဲစိပ်ခန်း အသစ်တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၄ ထပ်တစ်ဆောင် တည်ဆောက်ပေးခြင်း၊ ဆေးရုံအုတ်တံတိုင်းကာရံခတ်ခြင်း၊ ဆေးရုံဝင်းအတွင်း လမ်းများခင်းခြင်းကို ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

myint htweအဆိုပြုတင်ပြထားသော လုပ်ငန်းများအနက် သာစည်မြို့နယ်ဆေးရုံတွင် လိုအပ်လျက်ရှိသော ခွဲစိပ်ခန်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွင့်ပြုချက် ရပါက ဆောင် ရွက်ပေး မည်ဖြစ်ပါကြောင်း၊ ဆေးရုံဝန်းကျင် အုတ်တံတိုင်းအပြည့် ခတ်ခြင်းနှင့်စပ်လျဉ်း၍ ဆေးရုံအရှေ့မျက်နှာစာအား အုတ်တံတိုင်း ကာရံပေးခြင်း၊ ဆေး ရုံဘေး နှစ်ဖက်နှင့် အနောက်ဘက်ခြံစည်းရိုးများအား အုတ်ခုံတုန်းသည် ချိန်းနှင့် ခြံစည်းရိုးဖြင့် ကာရံခြင်း လုပ်ငန်းများ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း လုပ်ငန်းနှင့် ဆေးရုံတွင်းလမ်းများ၊ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ပြင်ဆင်ထိန်းသိမ်း စရိတ် မှာ ယခုနှစ်အတွင်း ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။