(ဇ)-မြောက်ဦးမြို့မှအဆောက်အဦဟောင်းတစ်ခုပမာ စွန့်ပစ်ထားသောယခင်ပြည်သူ့ဆေးရုံဟောင်းနှင့်ပတ် သက်၍ညှိနှိုင်းဖြေရှင်းရန်နှင့်ဆေးရုံဟောင်းတွင်ကျန်း မာရေး လုပ်ငန်းများ၊ ရုံးများ ဖွင့်နိုင်၊ မဖွင့်နိုင်တို့ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၂၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

hla hla sawမြောက်ဦးမြို့သည် ရှေးဟောင်းသုတေသနနယ်မြေပြီး ရှေးရခိုင်မင်းများ နောက်ဆုံး ၁၈ ရာစုအထိ နေခဲ့သည့်မြို့ဖြစ်ပါကြောင်း၊ သာသနာ့အဆောက်အဦများ၊ ဂန္တဝင်ပိဋကတ်တိုက်များ၊ နှင့် အရေးကြီး သော သမိုင်းတန်ဖိုးရှိသည့်ပစ္စည်းများရှိပါကြောင်း၊ မြို့လယ်ရှိ နန်းတော်ရာကုန်း ကို ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့  အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်၏ အမိန့်အာဏာဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပါကြောင်း၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ကိုမြှင့်တင် ရန် နှင့် မြောက်ဦး ကို နိုင်ငံတကာ အဆင့်မီ ရှေးဟောင်းသုတေသနမြို့ဖြစ်ရန် ရည်ရွယ်သော်လည်း ထင်သလောက်ခရီးမပေါက်ဘဲ  အထက်တန်းကျောင်းတစ်ကျောင်း ၊ ပြည်သူ့ဆေးရုံနှင့် အစိုးရစုပေါင်း ဝန်ထမ်းရုံးတို့သည့် မြို့ပြင်သို့ရောက်သွားပါကြောင်း၊အထက် တန်းကျောင်းကို ပညာရေးဌာန ဂိုထောင် အဖြစ်လည်းကောင်း၊စုပေါင်းရုံးကြီးကို ရှေးဟောင်းသုတေသန၏ ပြတိုက်အဖြစ်ဖွင့်လှစ် ထားပါကြောင်း၊၎င်းဆေးရုံကြီးသည် ယခင်က ကျန်းမာရေးဝန်ကြီးဌာန အောက်တွင်ရှိခဲ့သော်လည်း ယခုအချိန်တွင် ရှေးဟောင်း သုတေသနအောက် သို့ရောက်ရှိသွားပါကြောင်း၊၎င်းကိစ္စနှင့်ပတ်သက်၍ မိမိသိလိုသည်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အများပြည်သူအကျိုးစီးပွားဖြစ် အောင် လုပ်ကိုင်ပေးနိုင်ခြင်းရှိမရှိကိုသိလိုပါကြောင်းနှင့် ဆေးရုံအသစ်ကို ဖွင့်လှစ်ထားပြီ ဖြစ်သည့် အတွက် ပြည်သူလူထု လိုအပ်သည့် ဒေသန္တရကျန်းမာရေး ဆေးပေးခန်းများနှင့် တခြားကျန်းမာရေးနှင့် ပတ်သက် သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်ရုံးများအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်များ ရှိ/မရှိ ကို သိလို ပါကြောင်းဖြင့်မေးမြန်း သွားပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြောက်ဦးယဉ်ကျေးမှုနယ်မြေအား ၅-၁၁-၂၀၀၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊၁/၂၀၀၉ ဖြင့် ယဉ်ကျေးမှုဒေသအမွေအနစ်အဖြစ် သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း လုပ်ငန်း ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့ကြောင့် နန်းတော်ရာကုန်း၏မြောက်ဘက်နှင့်တောင်ဘက်ရှိ အဆောက်အဦများ အားလုံးကို မြောက်ဦးမြို့၏ အရှေ့မြောက်ဘက်ရှိ ထမ္မရာဇ်ရပ်ကွက်သို့ အစိုးရ၏အစီအစဉ်ဖြင့်ပြောင်းရွှေ့ခဲ့ပါ ကြောင်း၊ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ကျန်းမာရေး အဆောက်အဦကို ၅-၁၁-၂၀၀၉ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၀၉ အရ ဖျက်သိမ်းမည့်ကိစ္စရပ်များကို မိမိတို့စတင်ပြုလုပ်နေ ပါပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားအနေနှင့် နန်းတော်ရာမြင်ကွင်းကို ကွယ်နေသော ဆေးရုံဟောင်း အဆောက်အဦကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နောက်ဆုံး ထား၍ ဖျက်သိမ်းသွား မည်ဖြစ် ပါကြောင်း၊ ပြည်သူ့ဆေးရုံဟောင်း အဆောက်အဦ သည် မြောက်ဦး နန်းတော်ရာကုန်း၏အရှေ့ဘက် အလယ်ဈေး ရပ်ကွက်တွင်တည်ရှိပြီး  ၁၆.၈.၁၉၆၈ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ပြည်သူ့ဆေးရုံ အသစ်ကို မြောက်ဦးမြို့နှင့် ၃ မိုင် ကွာဝေးသော ထမ္မရာဇ်မြို့သစ် ရန်ကုန်-စစ်တွေကားလမ်း အနောက်ဘက်၌ ၇.၉. ၁၉၉၈ ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး  ၂၇.၄.၂၀၀၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး  မူလအဆောက်အဦ အဟောင်းနေရာ တွင် ဆေးရုံ လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုဘဲ ဆေးရုံအသစ် တွင်သာ ဆေးကုသမှုများ ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊သို့သော် ရခိုင်ပြည်နယ်ပြည်သူများ အတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာလုပ်နိုင်ရန်အတွက် ၎င်း အဆောက် အဦဟောင်း တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ မိခင်နှင့်ကလေး ကျန်းမာ‌ရေး ဌာန၊ ကျောင်းကျန်းမာရေး ဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက် ရေးဌာန၊ မြို့မကျန်းမာရေးဌာနတို့အား လုပ်ငန်းလိုအပ်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ညှိနှိုင်းခွင်‌့ပြုချက်အရ ယာယီဖွင့်လှစ်ထားပါကြောင်း၊ယခုအခါ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရုံးအဆောက်အဦ အသစ်ကို မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ပြည်သူ့ဆေးရုံအသစ်နှင့် မျက်နှာချင်းဆိုင်နေရာ၌ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ခွင့် ရန်ပုံငွေဖြင့်ဆောက်လုပ်၍ ၇၅% ပြီးစီးနေ ပါပြီဖြစ်ကြောင်းနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အဦပြီးပါက ပြည်‌သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေသောဌာနများကို ပြောင်းရွေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဦးဦးလှစော(မြောက်ဦး)မှ ဆက်လက်မေးမြန်းပါသည်။

ဝန်ကြီးဌာနတစ်ခုအနေဖြင့် မိမိတို့လက်အောက်သို့ ရောက်ရှိလာသော ဆေးရုံအပေါ်တွင် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိပါသော်လည်း ထိုသို့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိခြင်းကြောင့် အဆိုပါ ဆေးရုံအတွင်း မူးယစ်ဆေးဝါးဆေးထိုးအပ်သွင်းခြင်း၊ မှောင်ရိပ်ခိုခြင်း စသည့်ကိစ္စ ရပ်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါဆေးရုံဟောင်းကို စည်းကမ်းတကျ ထိန်းသိမ်းခြင်း၊ လွဲပြောင်းပေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို ဆောင်ရွက်ပေးရန်အတွက် လူထုသို့ အသိပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

အဆိုပါ ဆေးရုံဟောင်းသည် ရှေးဟောင်းသုတေသနနယ်မြေတွင် ရောက်ရှိနေခြင်းကြောင့်  ဖယ်ရှားမည်ဆိုပါက အဆိုပါနေရာရှိ အခြားသော ဟိုတယ်များကိုလည်း ပယ်ဖျက်သင့်ပါကြောင်း တင်ပြ မေးမြန်းပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး မှပြန်လည် ဖြေကြားပါသည်။

ရှေးဟောင်းသုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ရရှိပါက အဆိုပါ ဆေးရုံဟောင်းကို ဆက်လက် ထားရှိမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တွေ့ရှိပါက သက်ဆိုင်ရာရဲဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကို အကြောင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မိမိတို့ဘက်မှ လိုအပ်ချက်များကို ဆောာင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။