(ဃ)-ပူတာအို ခရိုင်ရှိ လမ်းပန်းဆက်သွယ်ရေးခက် ခဲသောမချမ်းဘော၊နောင်မွန်၊ခေါင်လန်ဖူး ဒေသများ တွင် မြဝတီရုပ်မြင် သံကြားထပ်ဆင့် လွှင့်စက်တပ် ဆင်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၁၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nan mon tinကချင်ပြည်နယ်၊ပူတာအိုခရိုင် မချမ်းဘောမြို့၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့များတွင် ယနေ့အထိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက် တပ်ဆင်ခြင်းမရှိသေးပါကြောင်း၊ တပ်ဆင်ရန် စက်ပစ္စည်းများ ရောက်ရှိသော်လည်း တပ်ဆင်ရန်ခွင့်ပြုမိန့် မကျသေးကြောင်း ရုပ်သံဝန်ထမ်းများ၏ ပြောပြချက်အရ သိရှိရပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသော မိမိတို့ ပူတာအိုခရိုင် မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့များတွင် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက် တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

 


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen myint nweကချင်ပြည်နယ်၊ပူတာအိုခရိုင်ရှိမချမ်းဘော၊နောင်မွန်နှင့် ခေါင်လန်ဖူးမြို့တို့တွင် မြဝတီရုပ်မြင်သံကြား 40 Watt ရှိသည့် Digital ထပ်ဆင်‌့လွှင့်စက်များ တပ်ဆင်နိုင်ရန် အ တွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ဝယ်ယူရေးဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ထပ်ဆင့်လွှင်‌့စက်များအား ၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်တွင် သက်ဆိုင်ရာမြို့ အသီးသီး သို့ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမြို့၃ မြို့ရှိပြည်သူများ ဖမ်းယူကြည့်ရှုနိုင် ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနပိုင် MRTV Tower များနှင့် တွဲဖက်တပ်ဆင်ခွင့် ရရှိရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ညှိနှိုင်းကြောင်းကြား ထားရှိပြီးဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ အဆိုပါ မချမ်းဘော၊ နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့များ၌ မြဝတီရုပ်မြင်သံကြား  Digital ထပ်ဆင့်လွှင်‌့စက်များ အား ပြန်ကြားရေး ဝန်ကြီးဌာနမှ MRTV Tower များနှင့်တွဲဖက် တပ်ဆင် ခွင့်ပေးမည်ဆိုပါက အမြန်ဆုံးအကောင်အထည်ဖော် တပ်ဆင်ထုတ်လွှင့်ပေးနိုင်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြား ပါသည်။