မေးခွန်း အကြောင်းအရာ
၂၀၀၅ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏တရားရုံးချုပ် High Court သည် ရန်ကုန်မြို့တွင်ရှိပါကြောင်း၊ ၎င်းအချိန်တွင် မန္တလေးမြို့တွင် မန္တလေးရုံးထိုင်တရားရုံးချုပ်၏ တရားရုံးချုပ်ခွဲ တစ်ခုရှိသည့်အတွက် အမှုသည်များအနေဖြင့် ရန်ကုန် (အောက်မြန်မာပြည်) အတွက် ရန်ကုန်တရားရုံးချုပ်တွင်လည်း ကောင်း၊ အထက်မြန်မာပြည်အတွက် မန္တလေးတရားရုံးချုပ်မှာ စီရင်ကြားနာစစ်ဆေးသဖြင့် ဥပဒေ ပညာရှင်များကိုလည်း လွယ်ကူစွာရွေးချယ်နိုင်ပြီး စရိတ်လည်း သက်သာသည့်အတွက် အဆင်ပြေပါကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ဥပဒေ အခန်း (၃)ပုဒ်မ ၁၀ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နေပြည်တော်တွင်ရုံးထိုင်ရမည်၊ လိုအပ်ပါက နိုင်ငံတော်အတွင်း သင့်လျော်သည့် ဒေသတစ်ခုခုတွင် ရုံးထိုင်နိုင်သည်ဟု ဥပဒေ တွင်ပြ ဋ္ဌာန်း ထားပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ရုံးခွဲကို တရားမနှင့်ဒုတိယအယူခံမှု/ပြင်ဆင်မှု/ ရာဇဝတ်အယူခံမှု/ ပြင်ဆင်မှု(တစ်ပါးထိုင်)အမှုများကို အထက်မြန် မာပြည်အတွက် မန္တလေးမြို့နှင့် အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့များတွင် ရုံးထိုင်စစ်ဆေးပေးရန် အစီအစဉ်ရှိ/ မရှိ ကိုသိရှိ လိုပါကြောင်းမေးမြန်းခဲ့ပါသည်။
ပြည်ထောင်စုတရား စီရင်ရေးဥပဒေပုဒ်မ ၁၀ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နေပြည်တော်တွင် ရုံးထိုင်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်ပြီး နောက်ဆုံးအဆင့်ဖြစ်သည့် အယူခံမှု၊ ပြင်ဆင်မှုများကို ရုံးထိုင် ကြားနာခြင်းဖြစ်သည့်အတွက် အခြားဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများ ကဲ့ သို့ နေပြည်တော်တွင် ရုံးထိုင်ပြီး အမှုတွဲများကို စစ်ဆေး စီရင်ခြင်းဖြစ်ပါကြောင်း၊ တရားရုံးချုပ် လက်ထက်တွင် မန္တလေး၌ တရားရုံးချုပ်(ရုံးခွဲ)ကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းအချိန်တွင် မိမိတို့ရုံးစိုက် ရာဒေသသည် ရန်ကုန်မြို့ ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင်ရုံးထိုင်ခြင်းဖြစ်ပါကြောင်း၊ရန်ကုန်မြို့သည် အောက်မြန်မာပြည် အတွင်းရှိပြီး အထက်မြန်မာပြည်ဖြစ်သည့် မြစ်ကြီးနား ၊ကချင်ပြည်နယ် စ သည့်ဒေသများနှင့် ဝေးကွာသည့်အတွက် အမှုသည်များသွားရေးလာရေးလွယ်ကူစေရန် တရားရုံးချုပ် (မန္တလေး)နှင့် အောက်မြန် မာပြည်မှ အမှုသည်များအတွက် ရန်ကုန်မြို့တို့တွင် ရုံးထိုင်ပေး ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံ၏ ဗဟိုအချက်အချာဖြစ်သည့် နေပြည်တော်တွင် ရုံးထိုင်သည့်အတွက် အထက်ဒေသများဖြစ်သော ကချင်၊ ရှမ်း စ သည့် ဒေသ များနှင့် အောက်မြန် မာပြည်ဒေသများဖြစ်သည့် တနင်္သာရီတိုင်း စသည့်ဒေသသည် လည်းကောင်း၊အလယ်ဗဟိုဖြစ်သည့် နေပြည်တော်သို့ လွယ်ကူ ချောမွေ့စွာသွားလာနိုင်ပြီ အဆင်ပြေသည့်အတွက် နေပြည်တော် တွင် ရုံးထိုင်စစ်ဆေးခြင်းသည့် သင့်တော်သည်ကို တွေ့ရှိရသည်အတွက် လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်များ ရုံးထိုင်ရာဒေသများဖြစ်သည့် မန္တလေး၊ ရန်ကုန်တို့တွင် ရုံးထိုင် စစ်ဆေးရန် လက်တလော အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။
