(င)-မက်မန်းမြို့နယ်တွင်အမြင့်(၄၅)မီတာရှိမိုဘိုင်း တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းတွင် ဆောင် ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းတစ်ခုလုံး၏ ၁၁ % ဖြစ်သောရေဒီယိုစက်များတပ်ဆင်ခြင်းလုပ်ငန်း အား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

tin ayeမက်မန်းမြို့မှ ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသရှိ နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့) ဘက်မှ မိုင်းပျဉ်းကို ၇၃ မိုင် ဝေးပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါကြောင်း၊ ဆက် သွယ်ရေးအပိုင်းကို တင်ပြရမည်ဆိုပါက လက်ရှိအနေအထားတွင် သံလွင်မြစ်အနောက်ဘက်မှ မိုင်းရှူး Station မှ သူ၏ Coverage Area Outracing  ကို မီရုံလေးရှိသည့်အတွက် ရတစ်ချက်၊ မရတစ် ချက်ဖြစ်နေ ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၂၂-၁၀-၂၀၁၀ ရက်နေ့မှစပြီး MPT မိုဘိုင်းတာဝါလာပြီး တပ်ဆင်ပါကြောင်း၊ ၂၅-၄-၂၀၁၆ ရက်နေ့မှစပြီး လုပ်ငန်းရပ်ဆိုင်းသွားပြီး ယခုအထိ တိုးတက်မှု အခြေအနေလုံးဝမရှိပါကြောင်း၊ လက်ရှိပြီးစီးနေသည့် အနေအထားသည် လုပ်ငန်းအဆင့်အနေဖြင့် ၆ ပိုင်း ခွဲထားပါကြောင်း၊ အလျား ၃၆ ပေ၊ အနံ ၃၆ ပေ အနက် ၇ ပေရှိ သည့် ဖောင်ဒေးရှင်း တူးသည့် အပိုင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါကြောင်း၊ သံချည်သံကွေးလည်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါကြောင်း၊ ကိုးလက်မပတ်လည်တိုင်ပိုနှင့် ပုံလောင်းခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါကြောင်း၊ တိုင်ထောင်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းလည်း ပြီးစီးပါကြောင်း၊ စက်တပ်ဆင်ခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်းနှင့် ရေဒီယိုတပ်ဆင်ခြင်းလုပ်ငန်း  ၆၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ရေဒီယိုစက်ထားမည်ဟု ရည်ရွယ် ထားသည့် အခန်း ကိုကြည့်မည်ဆို ပါ က Overhaul ရာခိုင်နှုန်းပြီးစီးမှုသည် ၈၉ ရာခိုင်နှုန်းရှိပြီး ၁၁ ရာခိုင်နှုန်းသာ ကျန်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ဖြစ်သည့်အတွက် ထိုလုပ်ငန်းကို မည်သည့်အချိန်တွင် အပြီးသတ်ဆောင် ရွက်နိုင် မည် ဆိုသည်ကို အဓိကထားပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgလွှတ်တော်ကိုယ်စားလှယ်ကြီးမှ အသေးစိတ်အားလုံး စိစစ်မေးမြန်းပြီး၊ သေချာလေ့လာ တင်ပြထားခြင်းဖြစ်ပါကြောင်း၊ တကယ်တမ်း သူပြောသည့်အတိုင်း ၁၁ ရာခိုင်နှုန်း ကျန်ခြင်းဖြစ်ပါကြောင်း၊ ကျိုင်းတုံမှ မက်မန်းလမ်းရှိ GSM စခန်းများဖွင့်လှစ်ပေးနိုင်ခြင်း၊ မက်မန်းမြို့နယ်နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာအား ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ရန်အတွက် Voice သာမက Data ပါ ရရှိရန် Data Tran submission ရရှိရန်အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်တွင် တည်ဆောက်ထားရှိပြီးဖြစ်သည့် GSM-UMTF စခန်း ဆိုဒ်အမှတ် SHE 00151 ၏ တာဝါနှင့်စက်မှု အဆောက်အဦ တည်ဆောက်ထားမှုအခြေအနေ၊ တာဝါ အတွက် မိုးကြိုးလွှဲနှင့်မြေစိုက်ကြိုးများ တည်ဆောက်ထားမှု အခြေအနေ၊ ပါဝါအတွက်အင်ဂျင် တပ်ဆင်ထားရှိမှု အခြေအနေ ရရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေဒီယိုကို အမြန်ဆုံးပို့ပြီး ဒီနှစ်မကုန် ခင်တွင် အပြီးတပ်ဆင်သွားမည် ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။