(င) - မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင် အ ထည်ဖော်ရေးအဖွဲ့များကိုပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myint theinပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ အခန်း (၅) ပုဒ်မ ၈ ပုဒ်မခွဲ (က) အရ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ဖွဲ့စည်းရာတွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌသည် အဖွဲ့ဝင်တစ်ဦးအဖြစ်နှင့် ပါရှိနေပါကြောင်း၊ ပုဒ်မ ၉ ပုဒ်မခွဲ (င) တွင်လည်း မြို့နယ်ဖွံ့ဖြိုးရေး၊ အကောင်အထည်ဖော်ရေးအဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း အလိုက် လုပ်ဆောင်မည့်ဌာန သို့မဟုတ် အဖွဲ့အစည်းများကို လုပ်ငန်းအပ်နှံခြင်းဟု ဖော်ပြထားရှိပါကြောင်း၊

ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီ၏ ၂-၁၀-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၉၂/၂၀၁၄) ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှ အခန်း(၄) မြို့နယ်အကောင်အထည်ဖော်ရေး အဖွဲ့များ၏ လုပ်ငန်းတာဝန်များအခန်း၊ လုပ်ထုံးလုပ်နည်းအမှတ် ၅ (ဂ) တွင် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများအား တာဝန်ယူဆောင်ရွက်စေခြင်း၊ လုပ်ထုံးလုပ်နည်းအမှတ် ၅ (က) တွင် ဥပဒေအရ အကောင်အထည်ဖော်သည့် လုပ်ငန်းများ မှန်ကန်ထိရောက်မှု ရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ခွင့်ပြုတာဝန် ပေးအပ်ခြင်းဟု ဖော်ပြပါရှိပါကြောင်း၊

အခန်း (၅) ငွေထုတ်ယူသုံးစွဲခြင်းအခန်း၊ လုပ်ထုံးလုပ်နည်းအမှတ် (၇) တွင်  မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့သည် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု ကော်မတီ၏ တာဝန်ခံတင်ပြချက်အရ လိုအပ်သောငွေကို ကြိုတင်၍ စိစစ်ထုတ်ပေးနိုင်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း အမှတ် (၈) တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးသည် သက်ဆိုင်ရာရပ်/ ကျေး ဖွံ့ထောက်ကော်မတီ၏ လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြချက်နှင့် ငွေလက်ခံရရှိကြောင်းအထောက် အထားများကို မြို့နယ်ဖွံ့ထောက်ကော်မတီ၏ ထောက်ခံချက်ဖြင့် ရယူထားရှိရမည်ဟု ဖော်ပြပါရှိပါကြောင်း၊

နိုင်ငံတော်သမ္မတရုံး၏ ၁၀-၆-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာအမှတ် (၃၇/၂၀၁၆) အရ ယခင်နိုင်ငံတော် သမ္မတရုံး၏ ၂၆-၂-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၃) ဖြင့် တာဝန်ပေးအပ်ခဲ့သည့် မြို့နယ်နှင့်ရပ်/ကျေး ဖွံ့ဖြိုးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရန်တာဝန်ပေးခြင်းကို ဖျက်သိမ်းပြီးဖြစ်ပါကြောင်း၊ ယခုလိုဖျက်သိမ်းပြီး ဖြစ်သည့်အတွက်ကြောင့် လောလောဆယ်တွင် ကုမ္ပဏီများ လစ်လပ်နေပါကြောင်း၊ လစ်လပ်နေသည့်အတွက် ချန်လှပ်ပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များဖွဲ့စည်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့် မညီမညွတ်ဖြစ်နေပါကြောင်း၊

ပြည်သူများ၏ မျှောင်လင့်တောင့်တသည့် လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ရန်ဆိုသည်မှာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေနှင့်အညီ ဖွဲ့စည်းနိုင်ရန်လိုအပ်နေပါ ကြောင်း၊ ထိုအဖွဲ့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရန်ဆိုသည်မှာလည်း ဖျက်သိမ်းထားပြီးဖြစ်သည့် လစ်လပ်သည့် ဖွံ့ထောက်ကော်မတီများ၏ နေရာတွင် မြို့နယ်နှင့်ရပ်/ကျေး ဖွံ့ထောက်ကော်မတီ အသစ်များကို ရှေးဦးစွာ ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်နေပါကြောင်း၊

သို့ဖြစ်ပါ၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ထားရှိမှု အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက ယင်းအဖွဲ့များဖွဲ့စည်းရန် မည်သို့ဆောင်ရွက်ရမည်။ မရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိဟူသော မေးခွန်းကို မေးမြန်းလိုပါသဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်ဆိုသည့် မေးခွန်းအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းမှ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် သို့ ပေးပို့သည့် မေးခွန်းကိုလက်ခံရရှိခဲ့ပါကြောင်း၊ သို့သော် ၎င်းမေးခွန်းကို ဖြေဆိုနိုင်ရန်အတွက် ပြင်ဆင်လာခဲ့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်မံတိုးချဲ့မေးထားသည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ထည့်သွင်းဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မူလပြင်ဆင်ထားချက်အရ ဆက်စပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေပုဒ်မ ၈ ပုဒ်မခွဲ (က) တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းသည့်အချိန်တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လွှတ်တော်ကိုယ်စားလှယ်၊ ကျန်ရှိလွှတ်တော် ကိုယ်စားလှယ်များမှ အဖွဲ့ဝင်၊ အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအဖွဲ့ဝင်၊ ဥက္ကဋ္ဌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီအဖွဲ့ဝင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန အတွင်းရေးမှူးနှင့် ဖွဲ့စည်းရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေပုဒ်မ ၈ နှင့်အညီ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများအဖြစ် မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးနှင့် ရွေးကောက်ခံ အမျိုးလွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၆-၄-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၇/၁၃/၉-၅၃(ပထစ)၂၀၁၆ နှင့် ပန်ကြားထားခဲ့ပါကြောင်း၊ ထိုသို့ပန်ကြားထားမှုများသည် ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၄-၇- ၂၀၁၆ ရက်စွဲပါစာအမှတ်အရ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက်တွင် မြို့နယ်ပေါင်း ၁၄၆ မြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်းဖြင့် မူလမေးခွန်းကို ပြန်လည်ဖြေကြားပါသည်။

နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၆ နှင့် ၂၀၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် မြို့နယ်နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းထားခဲ့ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၁၃ နှင့် မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများဖွဲ့စည်းရန် တာဝန်ပေးအပ်ခဲ့ခြင်းကို ၂၀၁၆ ခုနှစ် ဇွန်လ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၆) ဖြင့် ဖျက်သိမ်းပြီးဖြစ်ပါကြောင်းနှင့် အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိသေးပါကြောင်း အကြောင်းကြားထားပါသည်။ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုကော်မတီအား ပြန်လည်ဖွဲ့စည်းရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။