(စ)-ဟုမ္မလင်းမြို့နယ်၊ပါဟုတ်ကြီးကျေးရွာတွင်တိုက် နယ်ဆေးရုံတစ်ခုဖွင့်လှစ်ပေးရန်နှင့်အသစ်ခွဲဝေချ ထားပေးသောကျန်းမာရေးဌာနနှင့်ကျန်းမာရေးဌာန ခွဲများတွင်ကျန်းမာရေးဆရာ/မများခန့်ထားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myo nyuntဟုမ္မလင်းမြို့နယ်သည် ၄၃၂၆.၄၄၈ စတုရန်းမိုင်ကျယ်ဝန်းပြီး မိမိတို့နိုင်ငံတွင် အကျယ်ဝန်းဆုံး မြို့နယ် တစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ ဘိုကုန်း အထက်ဘက် ဘိုကုန်း၊ နန်းနစ်၊ ပတ္တလားအထိ ဟုမ္မလင်း မှ ရေမိုင် ၁၄၉ မိုင်ကွာဝေးပါသဖြင့် ဘိုကုန်းမှ နန်းနစ်၊ မန်စိမ်း၊ ပတ္တလာကိုသွားလာရန်ချောင်းရိုးအတိုင်း ပြန်စုန်ဆင်းပြီး ချောင်းရိုးအတိုင်း ပြန်တက်ရသည့်အတွက် တာဝန်ကျဆရာမသည် ဘိုကုန်း၊ နန်းနစ်၊ ပတ္တလားကို တစ်နှစ်တွင် တစ်ခေါက်တောင် မရောက်နိုင် ပါကြောင်း၊ ထို့ပြင် ဥရုမြစ် တစ် လျှောက် ‌ရွှေမျောကြောင့် ပေါ်ပေါက်လာသော ပြည်ထဲရေးအမည်မပေါက်သေးသည့် ကျေးရွာ အများ အပြား ပေါ်ပေါက်နေပြီဖြစ် ပါကြောင်း၊ ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဟုမ္မလင်းမှ ၁၈ မိုင်ဝေးသည့် နောင်ပေါင်ကျေးရွာအထိ တိုက်နယ်ဆေးရုံတစ်ရုံရှိပါကြောင်း၊ ၃၈ မိုင်ဝေးသည့် နန်တော ကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ရုံရှိပြီး ၁၄၉ မိုင်အကွာအဝေးတွင် တိုက်နယ်ဆေးရုံ နှစ်ရုံသာရှိပြီး နန်တောအထက် မိုင်ပေါင်း ၁၀၀ ကျော်တစ်လျှောက်တွင် တိုက်နယ်ဆေးရုံတစ်ရုံမှ မရှိတော့ ပါ ကြောင်း၊

ပါဟုတ်ကြီးဒေသတွင် နေထိုင်ကြသော ဒေသခံများအနေဖြင့် ဆရာဝန်များဖြင့် ကုသခံယူမှု မရှိနိုင်ဘဲ လိုင်စင်မရှိ အပ်ကိုင်ဆရာဆရာမများကိုသာ အားကိုးအားထားပြုနေရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ ကြာင့် ပါဟုတ်ကြီးဒေသတွင် တိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ပေးသင့်ပါကြောင်းနှင့် ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းနှင့် ဟုမ္မလင်းဒေသအတွက် လစ်လပ်နေသော ကျန်းမာ ရေး ဝန်ထမ်း များကိုအလျင်အမြန် ခန့်ထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မ လင်းမြို့နယ်တွင်  ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတစ်ရုံ၊ ထမံသီတိုက်နယ်ဆေးရုံ၊ နမ့်တော တိုက် နယ် ဆေးရုံ၊ တောင်တွတ်တိုက်နယ်ဆေးရုံတစ်ရုံ၊ ရွှေပြည်အေးမြို့သစ်တိုက်နယ်ဆေးရုံ၊ နောင်ပိုအောင် တိုက်နယ်ဆေးရုံနှင့် မောင်ခမ်းတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံခုနစ်ရုံကို ဖွင့်လှစ်ထားပြီး ဖြစ် ပါ ကြောင်း၊ ပါဟုတ်ကြီးကျေးရွာတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ပြီဆိုပါက အကျိုးပြုနိုင်မည့်ကျေးရွာ ပေါင်း ၂၈ ရွာ၊ အိမ်ခြေ ၂၄၇၁ အိမ်၊ လူဦးရေ ၁၆၀၀၀ နီးပါးရှိပြီး ဒေသခံလူဦးရေထက် ရွှေ့ပြောင်း လူဦးရေမှာ များသည်ကို တွေ့ရှိရပါကြောင်း၊ ပါဟုတ်ကြီးကျေးရွာသည် ရေပေါ်ကျေးလက် ကျန်းမာရေးဌာနနှင့် ၁၂ မိုင်၊ နံ့သာ ကျေးလက်ကျန်းမာရေးဌာနနှင့် ၄၆ မိုင်၊ မန်စိမ်းကျေးလက် ကျန်းမာရေးဌာနနှင့် ၁၈ မိုင်၊ ရွှေပြည်မြင့် ကျေးလက်ကျန်းမာရေး ဌာနနှင့် ၁၆ မိုင်၊ သောင်ဦး ကျေးလက်ကျန်းမာရေးနှင့် ၁၀ မိုင်၊ ဟုမ္မလင်း မြို့နယ်ဆေးရုံနှင့် ၁၁၉ မိုင်၊ နန်တော တိုက်နယ် ဆေးရုံနှင့် ၉၄ မိုင်ကွာဝေးပြီး လက်ရှိ တွင်မြေယာ ပိုင်ဆိုင်မှုအဆောက်အဦ မရှိသေးသည့် အပြင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း။

လမ်းပန်းဆက်သွယ်ရေးတွင်လည်း မိုးရာသီတွင် ဥရုမြစ်ကြောင်းအတိုင်း ရေကြောင်းဖြင်‌့သာသွားလာ နိုင်သည့်အပြင် ဟုမ္မလင်းမြို့နယ်၏ လူဦးရေသည်လည်း အလွန်များပြားပါသော်လည်း တိုက် နယ် ဆေးရုံတစ်ရုံ၏ Criteria နှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် အဆိုပါကိစ္စအပေါ် ပြန်လည်သုံးသပ်၍ စစ်ကိုင်းတိုင်းဦးစီးမှူးနှင့်  ဆက်သွယ်ဆောင် ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။