မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ ရန်ကုန်-ပြည်-မကွေး ပြည်ထောင်စုလမ်းမကြီးနှင့် ၁၇ မိုင်ခန့်အကွာ အတွင်းဘက်တွင်တည်ရှိပြီး ၇၉၁ စတုရန်းကီလိုမီတာ ကျယ် ဝန်းပြီး ဖွံ့ဖြိုးမှုနည်းပါးသော မြို့နယ်ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာပေါင်း ၁၄၂ ရွာပါဝင်ကာ လူဦးရေ ၁၂၀၀၀၀ နီးပါး နေထိုင် သည့်မြို့နယ် လည်းဖြစ် ပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကို ၁၉၆၆ ခုနှစ်တွင် စတင် တည် ထောင်ခဲ့ပြီး ဆေးရုံမြေဧရိယာ ၇.၄၆ ဧက ကျယ်ဝန်းပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၏ ဆရာဝန်၊ လူနာ အချိုးသည် ၁း၆၁၀၀၅ ဖြစ်ပြီး ခွင့်ပြုခုတင် ၂၅ ခုတင်တွင် အသုံးပြုခုတင် ၄၂ ခုတင်အထိ အသုံးပြု နေခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ် ပါကြောင်း၊ ဖွဲ့စည်းပုံအရကြည့်မည်ဆိုပါက လက်ထောက်ဆရာဝန် ၄ ဦးတွင် ၃ ဦး လစ် လပ်နေပြီး ၁ ဦးသာ ရှိပါကြောင်း၊ သူနာပြုများနှင့် မရှိမဖြစ်လိုအပ်သော ဓာတ်ခွဲ ကျွမ်းကျင်၊ ဓာတ်မှန်ကျွမ်းကျင်များလည်း လိုအပ်လျက် ရှိပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်သည် ချောင်ကျခြင်း၊လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းမရှိခြင်းတို့ကြောင့် မြို့ပေါ်နေ ပြည်သူများနှင့် ကျေးရွာအများစုသည် ကျန်းမာရေးကိစ္စများနှင့် ပတ်သက်လာပါက မြို့နယ် ပြည်သူ့ဆေးရုံကိုသာ အားကိုး အားထားပြုချင်နေ ခဲ့ရ ပါကြောင်း၊ သို့သော် နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း ဆေးရုံသည် တိုးတက်သင့်သလောက်မတိုးတက်ခဲ့ပါကြောင်း၊
ဆင်ပေါင်ဝဲမြို့နယ်သည် တောင်တွင်းကြီးမြို့နယ်နှင့် အောင်လံမြို့နယ်ကြားတွင်ရှိပြီး လူဦးရေအားဖြင့် ယင်းမြို့များလောက်မရှိသော်လည်း နယ်မြေအကျယ်အဝန်းအားဖြင့် ယင်းမြို့များနီးပါး ကျယ်ဝန်း ပါကြောင်း၊ ဧရာဝတီမြစ် အနောက် ဘက်ကမ်းရှိ ကျေးရွာအုပ်စုများသည် သရက်မြို့နယ်၊ မင်းလှမြို့ နယ်ရှိ ဆေးရုံ၊ ဆေးခန်းများကို မှီခိုအားထားနေကြရပြီး မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာအုပ်စုများ သည် နီးစပ်ရာ အောင်လံ၊ တောင်တွင်းကြီး၊ မကွေး၊ ပြည်စသည့် ပုဂ္ဂလိ ကဆေးရုံများ၊ ပြည်သူ့ ဆေးရုံများကို သွားရောက်နေကြရပါကြောင်း၊ ထိုသို့ သွားနေကြရခြင်းများသည် ဆေးရုံတစ်ရုံ၏ ရှိသင့်ရှိထိုက်သော ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝမရခဲ့သည်ဟု မိမိတို့ နားလည် ပါကြောင်း၊
၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ဆေးရုံအတွင်း RC နှစ်ထပ်ဆောင်ပြုလုပ်ခဲ့၍ လူနာများ နေရေးထိုင်ရေး အဆင်ပြေ ချောမွေ့သွားသဖြင့် ဝမ်းသာရသော်လည်း ဆေးရုံတစ်ရုံသည် မြို့နယ်တစ်ခုလုံးက အားကိုး အားထားပြုရလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမျိုး ပိုပြီး လိုအပ်နေပါကြောင်း၊ မြို့နယ်တိုင်း တွင်လည်း ခုတင်(၅၀)ဆံ့ ဆေးရုံတစ်ရုံစီ အနည်းဆုံးရှိသင့်သည်ဟု ယူဆသကဲ့သို့ ဝန်ကြီးဌာန အနေဖြင့်လည်း ဦးစားပေးအလိုက် အဆင့်တိုးမြှင့်မှုများ လုပ်ဆောင်ပေးသွားမည်ဟု သိရှိရသည့် အတွက် ဝမ်းသာမိပါကြောင်း၊ သို့ပါ၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု များကို ယခင်ကာလများနှင့်မတူ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက် မှုများ ပေး သွားနိုင်ရန် ဒေသလိုအပ်ချက်အရ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆးရုံအား ဆေးဝါးပြည့်စုံသော၊ ဖွဲ့စည်းပုံပြည့်စုံသော ခုတင် (၅၀)ဆံ့ ဆေးရုံတစ်ရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လုပ်ဆောင်ပေးသွား နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်း ပါသည်။
မိမိတို့အနေဖြင့် ဆေးရုံအဆင့်မြှင့်ခြင်းသည် လွယ်လွယ်နှင့်မပေးပါကြောင်း၊ မပေးရခြင်းမှာ အဆောက်အဦအခွံကြီးသာ မဖြစ်စေချင်ဘဲ ဝန်ထမ်းအင်အား၊ ကျွမ်းကျင်မှုဝန်ထမ်း၊ ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲ ခန်းသုံးပစ္စည်း၊ လစာ၊ ဝန်ထမ်းအိမ်ရာ အားလုံးကို စဉ်းစားရပါကြောင်း၊ တယ်။ သို့သော်လည်း လိုအပ်မည်ဆိုပါက အဆင့်မြှင့်တင်ပေးရန် လုံးဝဝန်မလေးပါကြောင်း၊ ဥပမာအားဖြင့် ၂၅ ခုတင်များကို ခုတင် ၅၀ လုပ်မည်ဆိုပါက အမျိုးမျိုးစဉ်းစားရပါကြောင်း၊ ၂၅ ခုတင်ရှိ သည့်နေရာသည် မည်မျှကျယ်ဝန်းပြီး အနီးနားတွင် တိုက်နယ်ဆေးရုံ မည်မျှရှိသည်၊ ကျေးလက် ကျန်းမာရေး ဌာန မည်မျှ ရှိ သည်၊ ကျေးလက် ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံတန်းများမျ မြို့နယ်ဆေးရုံသို့လာမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိ/မရှိ ကြည့်ရပါကြောင်း၊ ထိုသို့ တွက်ရသည့်အပြင် ဧရိယာကြီး တစ်ခု လုံး၏ ပထဝီ အနေ အထားကိုကြည့်ရပါကြောင်း၊ ခက်ခဲသည့် နေရာတွင် နီးသော်လည်း မိမိတို့က တိုးပေးမည့် အလားအလာ ရှိပါကြောင်း၊
ထို့ပြင် ဆေးရုံ၏ အညွှန်းကိန်းများပေါ်တွင်ကြည့်ပြီး တိုးသင့်/မတိုးသင့် ဆုံးဖြတ်ရပါကြောင်း၊ အထူးသဖြင့် ဆေးရုံရှိ ကုတင်အသုံးပြုနှုန်းကိုလည်း ကြည့်ရပါကြောင်း၊ သို့သော် ခုတင်အသုံးပြုနှုန်း နည်းသည် ဆိုသည့်အချက် အများကြီး အပေါ်တွင် မူတည်ပါကြောင်း၊
မိမိတို့ထံတွင် ရှိသော စာရင်းဇယားများအပေါ် မူတည်ပြီး ဆုံးဖြတ်ပါကြောင်း၊ သို့သော် ဆေးရုံ (၂၅) ခုတင်၌ လိုအပ်သော ဆရာဝန်များ၊ သူနာပြုများဖြစ်လိုက်ရင် ဆေးရုံ၏ ဘဲလ်အောက်ကျူဘယ်လတီ တက်လာမည်ဆိုပါက အချိန် မရွေး ဆေးရုံကို ပြန်ပြီး အဆင့်မြှင့်တင်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံတိုးချဲ့ရန် RHC ကို ၅ ဧက၊ Hospital အဆင့်ကို ၇ ဧက နေရာလည်းရှိရန် လိုပါကြောင်း၊ တိုးချဲ့ပြီးပါက ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲကျွမ်းကျင် အစရှိသည်ဖြင့် ရှိနိုင်/မရှိနိုင်ကိုလည်း စဉ်းစားပါကြောင်း၊
ဆေးရုံကို တိုးသင့်/မတိုးသင့်ဆိုသည်မှာ ဒီဆေးရုံအနီးအနားတွင် Industrial Complate ကဲ့သို့ စက်ရုံကြီး၊ အလုပ်ရုံကြီး အများကြီးဖြစ်လာပါက မိမိတို့က တိုးရပါကြောင်း၊ ထို့အပြင် ဒေသတစ်ခု၏ ထူးခြားသည့် ဝိသေသ လက္ခဏာများ ကိုလည်း စဉ်းစားရပါကြောင်း၊
ဆေးရုံ အဆင့်မတိုးခင် လောလောဆယ်အဆင်ပြေစေရန် ဆရာဝန်များ၊ သူနာပြုများကို ယာယီ သို့မဟုတ် အမြဲတမ်းတွဲပေးမည်ဖြစ်ပါကြောင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းမျးကို ပိုမြှင့်မည်ဖြစ် ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ပိုမြှင့်ပါက ဆေးရုံလာမည့် လူနာဦးရေ နည်းသွား မည်ဖြစ်ပြီး ရောဂါဖြစ်မှုနည်းသွားသည့်အပြင် ရောဂါကျွမ်းလူနာများလည်း နည်းသွားမည်ဖြစ် ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် မိမိတို့က ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ လုပ်ရပါကြောင်း၊ ထို့ကြောင့် မိမိတို့က ဆေးရုံတစ်ရုံလုပ်မည်ဆိုပါက အဘက်ဘက်က စဉ်းစားရပါကြောင်း၊
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံရှိပါကြောင်း၊ ချောင်းကောက်တိုက်နယ်ဆေးရုံ၊ ဆင်မတောင် တိုက်နယ်ဆေးရုံ၊ မိုးညောင်သာတိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ ၄ ရုံရှိပါကြောင်း၊ ဆင်ပေါင်ဝဲ ဆေးရုံ၏ အညွှန်းကိန်းများသည် အလွန်နည်းသည်ကို တွေ့ရှိရပါကြောင်း၊ ခုတင်အသုံးပြုမှုသည် ၂၀၁၁ တွင် ၃၀ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၃၄ ရာခိုင်နှုန်း၊ ၂၀၁၃ တွင် ၂၆ ရာခိုင်နှုန်း၊ ၂၀၁၄ တွင် ၅၈ ရာခိုင်နှုန်း၊ ၂၀၁၅ တွင် ၃၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ကို တွေ့ရှိရသည့်အတွက် ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့ကို တိုးမည်ဆိုပါက ခုတင်အသုံးပြုမှုသည် ၁၅၀ ရာခိုင်နှုန်းအထိရှိမှသာလျှင် မိမိတို့က လုပ်ရပါကြောင်း သို့သော် ၁၅၀ ရာခိုင်နှုန်း မရှိသော်လည်း ၁၂၀ ရာခိုင်နှုန်း၊ ၁၃၀ ရာခိုင်နှုန်းတိုးလားပါက တိုးပေးရင် တိုးပေး မည်ဖြစ်ပါကြောင်း၊
ဆင်ပေါင်ဝဲဆေးရုံတွင် လစ်လပ်သည့် ဆရာဝန်သုံးဦးကို မိမိတို့ ခန့်ပေး၍ရပါကြောင်း၊ ယခု ဆရာဝန် ၁၇၆၈ ယောက် ဖောင်ကြီးနှင့် ဇီးပင်ကြီးတွင် သင်နေပြီး ရှစ်ပတ်ကြာပါက စခန့်တော့ မည်ဖြစ်ပါကြောင်း၊ ဆင်ပေါင်ဝဲတွင် ဓာတ်မှန် ကျွမ်းကျင် နှစ်ယောက်နှင့် ဆေးဘက်ကျွမ်းကျင် လစ်လပ်နေသည်ကို အမြန်ဆုံးခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ အထက်တန်းသူနာပြု ၅ ယောက်တွင်း ၅ ယောက်စလုံးရှိပြီး သူနာပြု ၁၀ ယောက်တွင် ၆ ယောက်ခန့် ရှိ ပါကြောင်း၊ ဆင်ပေါင်ဝဲဆေးရုံကို ယခုလောလောဆယ်တွင် ခုတင်တိုးပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားပါသည်။
