(ခ)-လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ/ဆရာမများ ရိပ်သာနှင့်ပညာရေးဌာနပိုင်မြေနေရာတွင်ဆောက် လုပ်နေသည့် အဆောက် အဦများ ဆောင်ရွက် ထားခြင်း၊ဆောက်လုပ်ခွင့်ရကုမ္ပဏီနှင့်သဘောတူ ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၈.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aung kyaw kyaw ooလှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ ပညာရေးဌာနပိုင် တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာအတွက် ၁၂.၈၇ ဧက ကျယ်ဝန်းသည့် အသုံးချဘူမိဗေဒ ပိုင်မြေနေရာ၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေနှင့် လက်တွေ့ခန်းမြေနေရာ၊ ပါရမီဘောလုံးကွင်း၊ အခြေခံပညာဦးစီးဌာန၏ စာအုပ်သိုလှောင်ရုံမြေနေရာများတွင် Myanmar Imperial Vega Co.,Ltd မှ အဆောက်အဦများ ဆောက်လုပ်နေပါကြောင်း၊ ထို့ကြောင့်လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရီမီ လမ်းထောင့်ရှိ ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသည့် အဆောက်အဦများအား ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ မည်သို့အကျိုးတူ  ပူးပေါင်းစီမံဆောက်လုပ်၍ ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများကို မည်ကဲ့သို့နေရာချထားပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာဆရာမများရိပ်သာအပါအဝင် ပညာရေးဝန်ကြီးဌာနပိုင်မြေနေရာများတွင် ၂၀၁၄ ခုနှစ်မှစ၍ တည်ဆောက်နေသောအဆောက်အဦများသည် နိုင်ငံတော်သမ္မတရုံး၏ ၉-၇-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၅၉(၁)/၇/သမ္မတရုံး ခွင့်ပြုချက်အရ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းအဖြစ် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Myanmar Imperial Vega Co.,Ltd တို့သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆို၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အထက်ဖော်ပြပါစာချုပ်များအရ တက္ကသိုလ်ဆရာဆရာမများ၊ စီမံဝန်ထမ်းများ နေထိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနပိုင်အဖြစ် ရရှိလာမည့် အိမ်ခန်းများနှင့် အခြားအဆောက်အဦများမှာ (၁) ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ် အဆင့်များနေရန် နှစ်ခန်းတွဲငါးထပ် အဆောက်အဦတစ်လုံး ၁၀ ခန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးခြင်း၊ (၂) ပါမောက္ခ (ဌာနမှူး) / ညွှန်ကြားရေးမှူး/ ဌာနမှူးအဆင့်များနေရန် ခုနစ်ခန်းတွဲ ၁၂ ထပ်အဆောက်အဦ နှစ်လုံး (မြေညီထပ်-ကားပါကင်အပါအဝင်) ၁၅၆ ခန်း ၇၂ ရာခိုင်နှုန်းပြီးစီးခြင်း၊ (၃) ပါမောက္ခ/တွဲဖက် ပါမောက္ခ/ ဒုတိယညွှန်ကြားရေးမှူး (ဝါရင့်) အဆင့်များနေရန် ခုနစ်ခန်းတွဲ ၁၂ ထပ် အဆောက်အဦ နှစ်လုံး (မြေညီထပ်-ကားပါကင်အပါအဝင်) နှင့် နှစ်ခန်းတွဲ ၈ ထပ် အဆောက်အဦတစ်လုံး ၁၇၈ ခန်း ပြီးစီးမှုတွင် ၆၂ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်းပြီးစီးခြင်း၊ (၄) တွဲဖက်ပါမောက္ခ/ဒုတိယ ညွှန်ကြားရေးမှူး/ ကထိက အဆင့်များနေရန် ရှစ်ခန်းတွဲ ၁၂ ထပ်အဆောက်အဦ ၁၆ လုံး (မြေညီထပ်-ကားပါကင်အပါအဝင်) စုစုပေါင်း ၁၄၃၀ ခန်း ပြီးစီးမှုတွင် ၄၀ ရာခိုင်နှုန်းနှင့် ၃၈ ရာခိုင်နှုန်းပြီးစီးခြင်း၊ (၅) လက်ထောက်ကထိက (ဝါရင့်) အဆင့်များနေရန် ၁၂ ခန်းတွဲအဆောက်အဦ မြေအောက်ထပ်၊ ၈ထပ်အဆောက်အဦတစ်လုံး ၈၄ ခန်း၊ ပိုင်လုပ်ငန်းမှဆောင်ရွက်နေဆဲဖြစ်ခြင်း၊ (၆) လက်ထောက်ကထိကအဆင့်များ နေရန်ရှစ်ခန်းတွဲ ၈ ထပ်အဆောက်အဦနှစ်လုံးသည် ပိုင်လုပ်ငန်းမှ ဆောင်ရွက်နေဆဲဖြစ်ပြီး စုစုပေါင်း  ၁၁၂ ခန်းရှိသော အဆောက်အဦများဖြစ်ခြင်း၊  (၇) နည်းပြ/သရုပ်ပြ (ဝါရင့်) အဆင့်များနေရန် ၁၂ ခန်းတွဲ ၈ ထပ် အဆောက်အဦ ငါးလုံး စုစုပေါင်း ၄၂၀ ခန်းမှာ ပိုင်လုပ်ငန်းမှ ဆောင်ရွက်ဆဲဖြစ်ခြင်း၊  အထက်ဖော်ပြပါ အဆောက်အဦစုစုပေါင်း ၃၀ လုံးတွင် အိမ်ခန်း ၂၃၉၀ ခန်း ပါရှိမည်ဖြစ်ပါကြောင်း၊ အထက်ပါ အဆောက်အဦ ၃၀ လုံးတွင် အဆောက်အဦ သုံးလုံးသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့်အတွက် ဆရာဆရာမများကို နေထိုင်ရန်အတွက် ယာယီအားဖြင့် နေထိုင်ခွင့်ပြုရခြင်းသည် အဆောက်အဦများ ပြီးစီးပါက သတ်မှတ်ရာထူးနှင့် သတ်မှတ်အဆင့်အတန်းအလိုက် အိမ်ခန်းများကို နေရာချထား ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ မြန်မာအိန္ဒိယစီးပွားရေး စွမ်းဆောင်မှု ပညာရေးဖွံ့ဖြိုးရေးဌာန (MIEDC) တွင် အဆောက်အဦနှစ်လုံး ဖြစ်ပါကြောင်း၊ ပြီးစီးမှု ၁၀၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းများကို အဆင့်မြင့်ပညာဦးစီးဌာနရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် တွဲဖက်ဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သင်ကြား/စီမံခန့်ခွဲရေး ဝန်ထမ်းများအနက် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မိမိကိုယ်ပိုင်အိမ်မရှိသူ၊ မိမိဇနီး သို့မဟုတ် ခင်ပွန်းပိုင်အိမ်မရှိသူ၊ နိုင်ငံပိုင်အိမ်ခန်းရယူထားခြင်း မရှိသူများမှ လျှောက်ထားခြင်းကို စိစစ်နေထိုင်ခွင့်ပြုလျက်ရှိပါကြောင်း၊ အိမ်ခန်းများနေရာချထားခြင်းကို တက္ကသိုလ်အရာထမ်း၊ အမှုထမ်းအိမ်နေရာ ချထားရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ရာထူးအဆင့်တူအုပ်စုလိုက် ရွေးချယ်ရေးမူဘောင်နှင့် ညီညွတ်သူများကို သက်ဆိုင်ရာရာထူး အဆင့်အတန်းအလိုက် အိမ်ခန်းနေရာချထားရန် ပဏာမလျာထား သတ်မှတ်ပါကြောင်း အဆိုပါ လျာထားအမည်စာရင်းများကို သက်ဆိုင်ရာကျောင်း၊ ဌာနအကြီးအကဲများ က သတ်မှတ်ထားသည့် အိမ်ခန်းနေထိုင်သူများ လိုက်နာရမည့်စည်းကမ်းများကို လိုက်နာနိုင်မည့် သူများအား ထပ်မံစိစစ်ပြီး အိမ်ခန်းများကို နေရာချထားပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။