မေးခွန်း အကြောင်းအရာ
မိမိတို့နယ်စပ်ဒေသမှာရှိသည့် မြို့ရွာကျေးလက်များအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယအထောက်အပံ့နှင့် ဆောက်လုပ်ထားသည့် နန်းယွန်း၊ ဒုံဟီး၊ လဟယ်လမ်းအပိုင်းကို သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ် ဆအရ ၉၀၁ နှင့် ဆအရ ၉၀၉ တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ ပါကြောင်း၊ ကျောက်ခင်းလမ်းခင်းခြင်းကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သော်လည်း ဘေလီသံဘောင်တံတား သုံးစင်းကို ယနေ့အချိန်အထိ အပြီးသတ်ဆောင် ရွက်နိုင်မှု မရှိသေးပါကြောင်း၊ ဒေသခံပြည်သူများ ခရီးသွားရန် အခက်အခဲရှိနေသည် ကိုမိမိတို့တွေ့ရှိနေရပါကြောင်း၊ နန်းယွန်းမြို့အဝင် ကျန်တိုင်တံတား(ခေါ်) တိုင်းယောင်း(၁)ပေ ၂၀၀ တံတား၏ လက်ရှိအနေအထား ကြီးရှိနေသည့် အခြေအနေဖြစ်ပါကြောင်း၊ ဒါကိုလောလောဆယ် မိမိတို့က အထက်နားမှာရှိသည့် ကြိုးတံတားကို အသုံးပြုနေရသည့် အတွက်ကြောင့် ဒေသခံများအခက်အခဲတွေ့နေရခြင်းဖြစ်ပါကြောင်း၊ ချမ္မကောက်လုံကောင်းကျေးရွာနှင့် ဒုံဟီးမြို့ကြားမှာရှိသည့် ပေ ၂၀၀ တံတား ဒုံဟီးတံတားဖြစ်ပါကြောင်း၊ ၎င်းတံတားများ၏ လက်ရှိ အခြေအနေတွင် ဒေသဦးစီးအဖွဲ့၏ ဦးဆောင်မှုနှင့် ဒေသခံကုမ္ပဏီများဆီမှ အကူအညီတောင်းပြီး အလှူခံပြီး ပြင်ဆင်ထားခြင်းဖြစ်ပါကြောင်း၊ ဒုံဟီးမြို့နှင့် ချန်ဖန်းကျေးရွာကြားမှာ ချောင်းဆုံ တံတားဖြစ်ပါကြောင်း၊ တံတားအစတွင် ဒီဇယ်လည်းသုတ်လိမ်းထားသည့် တံတားဖြစ်ပါကြောင်း၊ သုတ်လိမ်းခါစတွင် ၎င်းဓာတ်ပုံသည် လှနေခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဆိုးရွားနေသည့်အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း မပြီးပြတ်ဘဲ ကျန်နေသည့် တံတားသုံးစင်းကို မည်သည့်အချိန်တွင် အပြီးသတ်ဆက်လက်ပြီး ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၎င်းတံတားသုံးစင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အိန္ဒိယနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဘေလီတံတားကိုးစင်းတွင် ပါဝင်သော တံတားများ ဖြစ်ကြောင်း၊ လိုအပ်သည့် ဘေလီသံဘောင် အရှည်ပေ ၁၅၉၀ ပေကို အိန္ဒိယနိုင်ငံ မှ ကူညီပံ့ပိုးရန် နှစ်ဘက် သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ လွှဲပြောင်းပေးပို့ခဲ့သော ဘေလီသံဘောင်အရှည် ၉၁၀ပေ ကို နာဂဒေသအတွင်း တိုင်းယောင်း(၂)တံတား အရှည်ပေ ၁၅၀၊ တိုင်းယောင်း(၃)တံတား အရှည်ပေ ၁၄၀၊ ကဲဆန်တံတား အရှည်ပေ ၈၀၊ ရောင်ကွန် တံတား အရှည်ပေ ၂၀၀၊ ကျားဝမ်တံတား အရှည်ပေ ၂၀၀ စုစုပေါင်းတံတား ငါးစင်းကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူတည်ဆောက် တပ်ဆင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
အိန္ဒိယနိုင်ငံမှ ပေးပို့ရန် ဘေလီသံဘောင် ၆၈၀ ပေ ကျန်ရှိသေးပါကြောင်း၊ ၎င်းသံဘောင်များကို အမြန်ဆုံး လွှဲပြောင်းနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်း ဘေလီသံဘောင်များ လွှဲပြောင်းချိန်တွင် တိုင်းယောင်း(၁)တံတား အရှည်ပေ ၃၀၀၊ ဒုံဟီးတံတား အရှည်ပေ ၂၀၀၊ တုံကီတံတား အရှည်ပေ ၂၀၊ ချောင်းဆုံတံတား အရှည်ပေ ၃၀၀၊ ပေ ၁၄၀ ကတော့ တပ်ဆင်ပြီးဖြစ်ပါကြောင်း၊ စုစုပေါင်းတံတား လေးစင်းကို ဆက်လက်တည်ဆောက် သွားမည် ဖြစ်ပါကြောင်း ၊ အိန္ဒိယနိုင်ငံမှ ထောက်ပံ့လွှဲပြောင်းပေးပို့မည့် သံဘောင်ဘေလီ ၆၈၀ ပေ ရရှိနိုင်ရေး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ခံ ရရှိပါက ဆောလျင်စွာ တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
