(ဂ)-မန်ကျောင်း၊နောင်အက်၊ပန်ဟိုက်၊နမ့်လောင်းရွာ ချင်းဆက်လမ်း(၁၀)မိုင်အားကျောက်လမ်းခင်းပေးရန်၊ နားကော်ကျေးရွာအုပ်စု၊ ခိုတုံလမ်းခွဲမှမန်ပိန်း၊ လုံ ကျိန်၊ နောင်မိုရွာအထိ မြေသားလမ်း(၇)မိုင် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၂.၂.၂၀၁၇)

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု ရွာချင်းဆက်လမ်းများ ဖြစ်သည့် ပါဟောင်ရွာမှ မန်ကျောင်း၊ နောင်အက်၊ ပန်ဟိုက်၊ နမ့်လောင်းရွာအထိ (၁၀)မိုင်လမ်း (ခ) နားကော်ကျေးရွာအုပ်စု ခိုတုံးရွာလမ်းခွဲမှ မန်ပိန်း၊ လုံကျိန်၊ နောင်မိုရွာအထိ (၇)မိုင် ရှည်သော လမ်းများသည် မိုးရာသီတွင် ဗွက်အိုင်များဖြစ်ပေါ်၍ ၎င်းလမ်းကိုအသုံးပြုနေကြသည့် ရွာပေါင်း ၂၁ ရွာမှ လူဦးရေ ၆၀၀၀ ကျော်တို့သည့် ဆက်သွယ်သွားလာရန် အခက်အခဲတွေ့ကြုံနေရပါကြောင်း၊ ၎င်းဒေသ တွင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုင်းကောင်လမ်းကို ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ လမ်းများကိုပြုပြင်ရန် ရန်ပုံငွေများပံ့ပိုးပေးပါရန်အတွက် လားရှိုးမြို့တွင် ဖွင့်လှစ် ထားသော ပြည်နယ် ဖွံ့ဖြိုးရေးကြီးကြပ်ရေးရုံးသို့ ၁၆-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊ မက/(ပထစ)ဦး-၂/(၀၀၆၂) ဖြင့် တောင်းခံထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းကောင် ကျေးရွာအုပ်စု၊ မန်ကျောင်း၊ နောင်အက်၊ ပန်ဟိုက်၊ နမ့်လောင်းရွာအထိ ရွာချင်းဆက်လမ်း (၁၀)မိုင်အား ကျောက်ချောခင်း ပေးပါရန်နှင့် (ခ) နားကော်ကျေးရွာအုပ်စု ခိုတုံးရွာလမ်းခွဲမှ မန်ပိန်း၊ လုံကျိန်၊ နောင်မိုရွာ အထိ မြေသားလမ်း (၇)မိုင် ဖောက်လုပ်ရန်အတွက် အထက်ပါလမ်းများတွင် လိုအပ်သည့် ကွန်ကရစ် တံတားလေးစင်း၊ Box Culvert ရှစ်ခု၊ ရေပြွန်ငါးစင်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေလျာ ထားခြင်းရှိ/မရှိနှင်‌့ ရန်ပုံငွေ လျာထားခြင်းမရှိသေးပါက ၂၀၁၆-၁၇ ပြည်နယ်ရှစ်ခုရန်ပုံငွေ သို့မဟုတ် ၂၀၁၇-၁၈ ရန်ပုံငွေမှ ထောက်ခံသုံးစွဲရန် လျာထားခြင်းရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တန့်ယန်းမြို့နယ်၊ နားကော်ကျေးရွာအုပ်စု ခိုတုံလမ်းခွဲမှ မန်ပိန်း၊ လုံကျိန်၊ နောင်မိုရွာအထိ မြေသားလမ်း (၇) မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ဆောက်လုပ်ခြင်းအတွက် ငွေကျပ် ၁၅၃ သန်း နှင့် ၎င်းလမ်းပေါ် တွင် ၅ ပေ Box Culvert ၁၂ ခုဆောက်လုပ်ခြင်းအတွက် ငွေကျပ် ၂၅.၂၀ သန်းတို့အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊

ကွန်ကရစ်တံတား ၄ စင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ရန် လျာထားသည့် ခိုတုံလမ်းခွဲမှ နောင်မိုင်ရွာ ၇ မိုင် မြေလမ်း ပေါ်တွင် တည်ရှိပါကြောင်း၊ မန်ကျောင်း-နမ့်လောင်းရွာချင်းဆက် ၁၀ မိုင်လမ်းပေါ်မှာ ၅ ပေ Box Culvert ၅ ခုနှင့် ၃ ပေ ကွန်ကရစ်ရေပြွန် ၅ စင်းသာ လိုအပ် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိနေသည့် မန်ကျောင်း၊ နောင်အက်၊ ပန်ဟိုက်၊ နမ့်လောင်း ရွာချင်းဆက် ၁၀ မိုင်လမ်း ကျောက်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် လိုအပ်မည့် ၅ ပေ Box Culvert ၅ ခုနှင့် ၃ ပေ ကွန်ကရစ်ရေပြွန် ၅ စင်း တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံ တင်ပြလာပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေလျာထားချိန်တွင် အဆိုပါထည်‌့သွင်းလျာထားနိုင်ရန် တင်ပြ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ဖြေကြားပါသည်။