မိုင်းခတ်မြို့နယ်အနီး တွင် စီးဆင်းလျက်ရှိသောနမ့်လွေချောင်းသည် မြောက်ဘက်တရုတ်ပြည်မှ တောင်ဘက် တြိဂံဒေသသို့ စီးဆင်းနေသည့်ချောင်းတစ်ခုဖြစ်ပါကြောင်း၊ မိုးတွင်းကာလတွင် အင်မတန် ရေစီးသန်ပါ ကြောင်း၊ ချောင်း၏အကျယ်မှ ပေ ၅၀၀ ခန့်ရှိပြီး၊ မိုင်းခတ်မြို့အနီး မြစ်ကျဉ်းချောင်းကျဉ်းသည့် နေရာတွင် ပေ ၁၀၀ တောင်မရှိပါကြောင်း၊ ရေကြီးချိန်တွင် ရေလျံတက်ပြီး မိုင်းခတ်မြို့အနီးရှိ ဝမ်ကိုးကျေးရွာနှင့် စစ်ပလောင် ကျေးရွာနှစ်ရွာ မှ ရေမြုပ်ခြင်းခံရပါကြောင်း၊ ရေမြုပ်ရင် ၂ ပေမှ ၃ ပေနှင့် ၄ ပေအထိ မြှင့်တက်လာပါကြောင်း၊ ယခုလိုရေမြုပ်သည့်အတွက် ရွာသူ/ရွာသားများ သွားလာရေး အခက်အခဲများစွာရှိပြီး ကျောင်းသူ/ကျောင်းသား များအတွက်လည်း ကျောင်းတက်ရန် အင်မတန်ခက်ခဲပါကြောင်း၊ ရွာ ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော လယ်ယာခြံမြေများ၊ ငါးကန်များလည်း အကုန်လုံးရေမြုပ်ကုန်သည့်အတွက် ပျက်စီးဆုံးရှုံးပါကြောင်း၊ လယ်ယာ အိမ်မြေဧက ၁၀၀ မှလည်း ရေမြုပ်သည့်အတွက် အကုန်လုံး ပျက်စီးပြီး နောက်တစ်ခါပြန်စိုက်ပါက လည်း အထွက်တိုး နည်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ မိုင်းခတ်နှင့်ကျိုင်းတုံဆက်သွယ်ထားသော ကားလမ်းမကြီးသည် ၎င်းချောင်းနှင့်အပြိုင် ရှိသည့်အတွက် ရေတိုက်စားမှုကြောင့် တစ်ခါတလေ ပြိုကျခြင်း ကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားပြီးပါကြောင်း၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား သုံးမြို့နယ် သည် ၎င်းလမ်းမကြီးကို အားကိုး နေရသည့်အတွက် အင်မတန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်း၏ အောက်ခြေ ချောင်းနှင့်နီးသည့်နေရာတွင် ကျောက်စီပေးရန် တင်ပြလိုပါကြောင်း၊ နမ့်လွေချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် ချောင်းကိုပိတ်နေသော သဲသောင်များကို ဖယ်ရှားပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကွင်းဆင်းလေ့လာပြီး ကူညီဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်နှင့် အစီအစဉ်မရှိက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
နမ့်လွေချောင်းသည် တရုတ်ပြည်မှနေပြီး စီးဆင်းလာခြင်းဖြစ်ပါကြောင်း၊ တရုတ်ပြည်တွင်းကြား တွင် သတ္ထုတူးဖော် နေပြီး ဒီဘက်တွင်လည်း ရေဝေရေလဲဒေသတွင် တောင်ယာခုတ်ခြင်း များသည့် အတွက် မြေဆီလွှာပြုန်းတီးပြီး သဲ၊ နုန်းများ ချောင်းအတွင်း အနည်ထိုင်သည့်အတွက်ကြောင့် ချောင်း ကြမ်းပြင် မြင့်တက်ခြင်း ဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ လယ်ဧက ၄၀ နှင့် ငါးကန် ၂၅ ဧကသည် ချောင်းရေဝင် သည့်အတွက် စိုက်ပျိုးသီးနှံပျက်စီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဝမ်ခုတ်ကျေးရွာသည် အိမ်ခြေ ၇၅ အိမ်ရှိပါကြောင်း၊ နမ့်လွေချောင်း နားတွင် ကမ်းပြိုမှု ဖြစ်ပေါ်ခဲ့သည် လွန်ခဲ့သည့် ၇ နှစ်အတွင်း လူနေအိမ် ၁၀ လုံး ကို ပြောင်းရွှေ့ ခဲ့ရပါကြောင်း၊ နှစ်စဉ်နှစ်တိုင်းရွာအတွင်း ချောင်းရေများ ဝင်လေ့ရှိပြီး တစ်ကြိမ်တွင် တစ်ပတ်ခန့်ကြာပါကြောင်း တစ်နှစ်ကို နှစ်ကြိမ်မှသုံးကြိမ်အထိ ဝင်ရောက်ရှိသည်ကို သိရှိရပါကြောင်း၊ လယ် ဧက ၅၀ ကျော်သည် ချောင်းရေဝင်သည့်အတွက် စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ကျိုင်းတုံ၊ မိုင်းခတ်ကားလမ်းသည် မိုင်တိုင် ၃၄ အနီးတွင်ရှိသည့်အတွက် သဘာဝကျောက်ဆောင် တွေတည်ရှိပြီး ၎င်းကျောက်ဆောင်များသည် ရေကာတာလို ဖြစ်ပြီး သဲနုန်းများအနည် ထိုင်ပြီး ကြမ်းပြင် မြင့်တက်မှု ဖြစ်ပေါ်သည် ကို တွေ့ရှိရပါကြောင်း၊ မိုင်တိုင် ၃၂ အနီးတွင် ကျိုင်းတုံ၊ မိုင်းခတ် ကားလမ်းသည် ချောင်းကွေ့၏ အပြင်ဘက်တွင်ရှိပြီး ချောင်းကမ်းပါးမြေသားသည် သဲနုန်းဆန်သည့်အတွက် မိုးရာသီရေစီး သန်ချိန်တွင် ချောင်းကမ်းပါးပြိုကျမှုများဖြစ်ပေါ်နိုင်ကြောင်း၊မိုင်တိုင် (၂၆/၆)တွင် နမ့်လွေချောင်းကမ်းပါးနှင့် ကျိုင်းတုံ-မိုင်းခတ် ကားလမ်းသည် ကပ်နေသည့်အတွက် ရေတိုက်စားမှုဖြစ်ပေါ်နိုင်သည့်နေရာ ဖြစ် ကြောင်း၊ ၎င်းကားလမ်းများ ကာကွယ်ရေး ၊ ဆွပ်ပလောင်းကျေးရွာနှင့် ဝမ်ခုတ်ကျေးရွာ ရေဝင် ရောက်မှုကာကွယ်ရေး တို့သည် လုပ်သင့်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ဆွပ်ပလောင်းကျေးရွာ၊ နမ့်လွေချောင်းရေဝင်မှု ကာကွယ် ရေးအတွက် ၁၁၄ သန်း ကုန်ကျမည်ဖြစ်ပြီး၊ ဝမ်ခုတ်ကျေးရွာ၊ နမ့်လွေချောင်းရေဝင်ရောက်မှု ကာကွယ်ရေးနှင့် နမ့်လွေချောင်းကမ်းပါးကာကွယ်ရေးအတွက် Steel Basket အခြေပြု ကျောက်စီနံရံ အလျား ၇၀၀ ပေ တည်ဆောက်ရမည်ဖြစ်ပါပြီး ၁၇၃ သန်း ကုန်ကျ မည်ဖြစ်ပါကြောင်း၊ ကျိုင်းတုံ-မိုင်းခတ်ကားလမ်းကို မိုင်တိုင် ၃၄ အနီး သဲသောင်နှင့် ကျောက်တုံး များကို ဖယ်ရှားခြင်းမှ အလျားပေ ၁၂၀၀ ရှည်ပါကြောင်း၊ ၎င်းအတွက် သန်း ၆၀ လောက်ကျမည်ဟု တွက်ချက်ထားပါကြောင်း၊ Gabion Box များနှင့် မိုင်တိုင် ၃၂ အတွက် ၃၀၆ သန်းကုန်မည်ဖြစ်ပြီး လေးခုစလုံးတစ်ပြိုင်တည်း လုပ်မည်ဆိုပါက ၆၅၃ သန်းကုန်ကျမည်ဖြစ်ကြောင်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ပါဝင်ခြင်းမရှိအတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ထည့်ပေးပါမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
