ပြည်မြို့၊ ခုတင် ၅၀၀ ဆေးရုံကြီးကို ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ခုတင် ၂၀၀ မှ ခုတင် ၅၀၀ အဖြစ် အဆင့်မြှင့်တင်လိုက်သောကြောင့် အဆောက်အဦ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ ဝန်ထမ်းအင်အားများ အများအပြားလိုအပ်လာပါကြောင်း၊ ဖျားနာဆောင်တွင် အတွင်းလူနာအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၄၂၈၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၄၈၉၀ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ၅၂၇၀ ဦး တက်ရောက်ကုသပါကြောင်း၊ ပြင်ပ လူနာအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၃၈၄၇ ဦး၊
၂၀၁၅ ခုနှစ်တွင် ၄၂၀၂ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ အထိ ၅၂၆၂ ဦးအဖြစ် လာရောက်ပြသကြပါကြောင်း၊ ခုတင် (၅၀၀)ဖြစ်ပြီးသည့်အချိန်မှစ၍ အတွင်းလူနာနှင့် ပြင်ပလူနာပါ တိုးလာတာကို သိနိုင်ပါကြောင်း၊ ဖျားနာဆောင်ကို ကြီးကြပ်ပြီးကုသပေးနေသည့် အထူးကုဆရာဝန် ကြီးနှစ်ဦးရှိသည့်အနက် တစ်ဦးသည် Renal Training သွားရမည်ဖြစ်သည့်အတွက် တစ်ယောက်သာကျန်မည်ဖြစ်သော်ကြောင့် မသွားရသေး ပါကြောင်း၊ ထို့ကြောင့် လိုအပ်လျက်ရှိသည့် Junior Consultant တစ်ဦးနှင့် First Assistant တစ်ဦး ချထားပေးပါရန် တင်ပြတောင်းခံရခြင်းဖြစ်ပါကြောင်း၊ ပြည်မြို့သည် ဟိုင်းဝေးလမ်းဆုံတွင် ရှိသောကြောင့် RTA Case အပါအဝင် မှုခင်းလူနာလည်းများပါကြောင်း၊ မှုခင်းလူနာသည် ၂၀၁၄ ခုနှစ်တွင် ၃၄၅၄ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၄၂၉ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိ ၃၀၁၄ ဦးရှိပါကြောင်း၊ တစ်လတွင် မှုခင်းလူနာ အနည်းဆုံး ၁၉၀ မှ အများဆုံး ၃၉၅ ယောက်အထိ ကြည့်ပေးရပါကြောင်း၊ ထို့ကြောင့် မှုခင်းဆရာဝန်ကြီး တစ်ဦး မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း၊ ပြည်ဆေးရုံကြီးတွင် ဆေးစတို အဆောက်အဦမရှိသောကြောင့် ဆေးစတို Parker လိုအပ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့် Blood Bank သီးသန့်ခွဲထုတ်ပေးမည်ဆိုပါက ဓာတ်ခွဲလုပ်ငန်းများ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် T Scan နှင့် သွေးရည်ကြည်ခွဲစက်အတွက် မီးအားအပြည့်ပေးနိုင်မည့် 315 KVA ထရန်စဖော်မာတစ်လုံးနှင့် မီးအားလိုင်း အသစ်တစ်ခုလည်း လိုအပ်လျက်ရှိ ပါကြောင်း၊ ထို့ကြောင့် ဆေးရုံတွင်လိုအပ်နေသည့် ဆရာဝန်ကြီးများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်တွင် ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်၊ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီး၏ Human Resources ကို Analyze လုပ်ရာ ဆေးရုံကြီးများတွင် Senior Consultant, Junior Consultant, Specialist(AS) ဟူ၍ Three Category ရှိပါကြောင်း၊ ၎င်းတို့သည်ဘွဲ့လွန်ရှိသည့် သူများဖြစ်ပါကြောင်း၊ ပြည်ဆေးရုံကြီး တွင် ဆေးပညာ၊ ခွဲစိတ်၊ ကလေး၊ သားဖွားမီးယပ် လေးခု စုံလို့ရှိရင် တော်တော်များများကိုကုလို့ရပါကြောင်း၊ Physician တစ်ယောက်သည် Cardiac လည်းကုလို့ရပါကြောင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ အကုန်လုံးကိုကုလို့ရပါကြောင်း၊ ဖွဲ့စည်းပုံအရ အဓိကဘာသာကြီးလေးခုတွင် Senior Consultant မှ နှစ်ဦးစီရှိရပါကြောင်း၊ အားလုံးအပြည့်အစုံရှိပါကြောင်း၊ မေ့ဆေးနှင့် အရိုးဌာနတို့တွင် နှစ်ယောက် ရှိသည့်နေရာတွင် တစ်ယောက်သာရှိပါကြောင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း ဌာန၊ ဓာတ်မှန်ဌာန နှင့် မျက်စိဌာနတို့တွင် တစ်ယောက်ရှိ နေရာတွင် တစ်ယောက်ရှိပါကြောင်း၊ သို့သော် ရောဂါဗေဒဆရာဝန်ကြီးနှင့် သွား Senior Consultant ရယ်၊ Micro Biologist ရယ်၊ အရိုးအဆစ်တို့တွင် မပြည့်စုံပါကြောင်း ၎င်းကိုနောက်မှမိမိတင်ပြမည်ဖြစ်ပါကြောင်း၊
ပြည်ဆေးရုံကြီးတွင်မရှိသည့် အခြား Consultant တွေ ရှိပါကြောင်း၊ Senior Consultant များ၊ Cancerနှင့်ပတ်သက်ပြီး ကုသမည့်ပါရဂူလိုပါကြောင်း၊ ဦးနှောက်အာရုံကြောနှင့် ပတ်သက်ပြီး ပါရဂူလိုပါကြောင်း၊ လက်ထောက်ဆရာဝန် အထူးကုများသည် Post Graduate ရထားသည့်ဆရာဝန်များ၊ Specialist ဖြစ်ပါကြောင်း၊ လုပ်သက်အရသာ် လက်ထောက်ဆရာဝန် အထူးကုခေါ်ခြင်းဖြစ်ပါကြောင်း၊ လုပ်သက်များပါက Junior Consultant ဖြစ်သွားပြီး ဆက်ပြီးတော့များလာပါက Senior Consultant ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ တစ်ပြည်လုံးအနေဖြင့် မှုခင်းဆရာဝန် များလိုအပ်နေပါကြောင်း၊ မှုခင်းဆရာဝန် Post Graduate (Medical Jurisprudence နဲ့ Forensic Medicine) ကိုတတ်သည့် မှုခင်းဆရာဝန်ကြီးကနည်းပါကြောင်း၊ သို့သော် Stop Gap Measure အနေဖြင့် ၂၀၁၅ ခုနှစ်တွင် မှုခင်းဆရာဝန်ပါမောက္ခ၊ တွဲဖက်ပါမောက္ခကနေပြီး တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် လက်ထောက်ဆရာဝန်များ အားလုံးကို မိမိတို့ Training ပေးထားပါကြောင်း၊ သင်တန်းအကုန်လုံးကို တစ်ပြည်လုံးတွင် မိမိတို့ပေးထား ပြီးဖြစ်ပါ ကြောင်း၊ ပြည်ဆေးရုံကြီးမှာရှိသည် လက်ထောက်ဆရာဝန်သည် မှုခင်းဘာသာရပ်ဆိုင်ရာတွင် ထပ်ပြီး့ Training လိုအပ်မည်ဆိုပါက ရန်ကုန်ဆေးရုံကြီးတွင် နှစ်လ သို့မဟုတ် သုံးလ Attach လုပ်ပြီး မှုခင်းဆိုင်ရာဘာသာရပ်နှင့်ပတ်သက်ပြီး ထပ်ပြီးလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်မြို့ဆေးရုံအုပ်ကြီး မှ အမြဲတမ်းအတွင်းဝန်ဆီသို့အဆင့်ဆင့်တင်ပြ၍ အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဆီကိုအကြောင်းကြားရပါကြောင်း၊ မိမိတို့အနေဖြင့်တတ်နိုင်သမျှ လုပ်ပေးပါကြောင်း၊ ယခုလိုကိစ္စများ ဆရာဝန်များမရှိသည်ကို ဗဟိုမှ ချက်ချင်းမသိနိုင်ပါကြောင်း၊ တစ်ပြည်လုံး တွင်ရှိသည့် Different Category of Hospital (၅၀၀)၊ (၁၀၀၀)၊ (၂၀၀)၊ (၁၀၀) အစ HRH Specialist များတွင် ခန့်ထားဘယ်နှစ်ယောက် လစ်လပ်ဘယ်နှစ်ယောက်ရှိသည်ကို တောင်းခိုင်းထားပါကြောင်း၊ သို့သော် ဤနှစ်မှာဆိုလို့ရှိရင် ၂၀၁၆ ခုနှစ်တွင် အထူးကုဆရာဝန်ကြီး ၅၇၅ ဦး ၊ ၂၀၁၇ ခုနှစ်တွင် အထူးကုဆရာဝန်ကြီး(Different Category) ၆၉၉ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၇၄၃ ဦး ၊ စုစုပေါင်း အထူးကုဆရာဝန်ကြီး ၂၀၁၇ ဦး ၊ ပါရဂူ အဆင့်တွင် ၂၀၁၆ ခုနှစ် ၈၇ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၅ ယောက်၊ ၂၀၁၈ ခုနှစ်တွင် ၁၅၆ ယောက် စုစုပေါင်း ပါရဂူအဆင့် ၃၂၈ ယောက် ထွက်ရှိလာမည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဒီထက်များများပိုထွက်အောင် မိမိတို့ စီစဉ် ထားပြီးဖြစ်ပါကြောင်း၊ ထိုအတူ သွားဘက်ဆိုင်ရာတွင်လည်း သွားအထူးကုတွေရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် တွင် ၅၁ ယောက်၊ ၂၀၁၇ ခုနှစ်တွင် ၄၈ ယောက်၊ ၂၀၁၈ ခုနှစ်တွင် ၁၃ ယောက် ထွက်ဖို့ရှိပါကြောင်း၊ သူနာပြုဘက်တွင် သူနာပြု MSc မှအစ၍ သူနာပြုသိပ္ပံများ ထွက်ရန်အစီအစဉ်ရှိပါကြောင်း၊ ယခုနှစ်တွင် ဆေးပညာမဟာသိပ္ပံသင်တန်းတွင် ၂၂၅၉ ဦးတက်နေပါကြောင်း၊ မိမိတို့တွင် တက္ကသိုလ် ၁၃ ခုရှိပါကြောင်း၊ Different Category of Disciplines တွင် ၃၁၊ ၃၂ ခုရှိပါကြောင်း၊ အားလုံး ၂၂၅၉ ဦး သင်တန်းတက်နေပါကြောင်း၊ ဆေးလက်တွေ့ပါရဂူအနေဖြင့် ၃၅၅ ဦး၊ ဆေးလက်တွေ့အခြေခံ Basic Health Science တွင် ၉၇ ဦး ၊ ဒီပလိုမာတွင် ၁၂၈ ဦး၊ ထို့ကြောင့်ဆရာဝန်ပေါင်း ၂၈၃၉ ဦး သည် လောလောဆယ်သင်တန်းတွေတက်နေပါကြောင်း၊ ယခုလောလောဆယ်တွင် မိမိတို့အနေဖြင့် အချိန်နှင့် လိုအပ်ချက်ကို လုပ်နေသည့်အတွက် တစ်နှစ်၊ နှစ်နှစ်တွင် နည်းနည်းလေးလိုမည်ဖြစ်ပါကြောင်း၊ သို့သော် After 2, 3 years လောက်တွင် တော်တော်လေးအလျင်မီလာလိမ့်မည်ဟု တင်ပြလိုပါကြောင်း၊
ထို့ကြောင့် ခုတင် ၅၀၀ ဆေးရုံ၏ တွင်ဖွဲ့စည်းပုံအကောင်းဆုံးဆိုပါက ၈၈၂ ဦးရှိရမည်ဖြစ်ပါကြောင်း၊ သို့သော် ပြည်ဆေးရုံကြီးမှာ ၄၁၃ ရှိပါကြောင်း ထက်ဝက်သာရှိသော်လည်း စိုးရိမ်စရာမလိုပါကြောင်း၊ အထူးကုဆရာဝန်များ အများကြီးရှိပါကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် နိုင်နင်းမည်ဟုထင်ပါကြောင်း၊ ကျောက်ကပ်၊ ဆီး ရောဂါများနှင့် ပတ်သက်ပြီး အမြန်ဆုံးလုပ်ပေးပါမည်ဖြစ်ပါကြောင်း၊ Forensic တွင် သုံးလ၊ နှစ်လ ရန်ကုန် ဆေးရုံကြီးတွင် Forensic Medicine Department မှာ Attach လုပ်ပြီးပေးပါမည်ဖြစ်ပါကြောင်း၊ သို့သော်မိမိအနေဖြင့် ချက်ချင်းလုပ်ပေး၍မရပါကြောင်း၊ အစိုးရမှ ဘတ်ဂျက်ပေးသည့်အခါ ပစ္စည်းကိရိယာများအနေဖြင့်လွယ်ကူသော်လည်း့ ဝန်ထမ်းအနေဖြင့် အခက်အခဲ နည်းနည်း ရှိပါကြောင်း၊ ဆေးရုံတစ်ရုံ၏ အဓိကမှ ဆရာဝန်နှင့် Equally Important မှ သူနာပြုဆရာမများဖြစ်ပါကြောင်း၊ ပြည်ဆေးရုံကြီးတွင် သူနာပြုအားလုံး ၁၉၀ ရှိပါကြောင်း၊ ၁၀၀ ရာခိုင်နှုန်း မလုံလောက် သော်လည်း အခြေအနေမဆိုးပါကြောင်း၊ ယခုနှစ်ဒီဇင်ဘာလ ၂ ရက် နေ့တွင် သူနာပြု ၁၂၉၁ ဦးခန့်လိုက် ပါကြောင်း၊ တိုင်းနှင့်ပြည်နယ်ဦးစီးမှူး များမှပြန်လည်နေရာချထားပေးမည်ဖြစ်ပါကြောင်း၊ နောက် ဒီဇင်ဘာလတွင် BN.Sc(Bachelor of Science Nursing)ကို ၃၀၀ လောက် မိမိတို့ခန့်ဖို့ရှိပါကြောင်း၊ ခန့်တဲ့အခါတွင် ပြည်ဆေးရုံ တင်မဟုတ်ဘဲ အခြားလိုအပ်သည့် ဆေးရုံများကို Priority အနေဖြင့်ပေးဖို့ရှိပါကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာ အနေဖြင့်စုစုပေါင်းသင်တန်း ၄၆ ကြိမ်ပေးပြီး ၁၅၀၀ ဦးသော လက်ထောက်ဆရာဝန်များကို သင်တန်းပေးပြီးပါကြောင်း၊
ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီး တွင် ကလေးလူနာကုသဆောင်နှစ်ထပ် တစ်လုံးဆောက်လုပ်ခြင်းအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေသန်း ၃၀၀၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေသန်း ၅၀၀ ခွင့်ပြုထားပြီး ဆောက်လုပ် လျက်ရှိပါကြောင်း၊ ထို့အပြင် C.T Scan အဆောက်အဦအတွက် ဆောက်လုပ်ခြင်းကို လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် သန်း ၅၀ သုံးပြီးဆောက်လုပ်ခဲ့ပါကြောင်း၊ လိုအပ်လျက်ရှိသော 315 KVA ထရန်စဖော်မာနှင့် မီးလိုင်းအသစ် တပ်ဆင်ခြင်း လုပ်ငန်းကိုလည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ဆေးစတိုဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ကုသရေးဦးစီးဌာန၏၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သန်း ၆၀ တင်ထား ပါကြောင်း၊ ကျန်ရှိသော ဓာတ်ခွဲဌာန နှင့်သွေးဘဏ်ဌာနအတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတောင်းခံ သွားရန် မိမိတို့စီစဉ်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
