(စ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏နေအိမ်အဆောက် အဦများ အား သပ်ရပ် ကျယ်ဝန်းသော အဆင့်မီ သည့်နေအိမ်များအဖြစ်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံအေးချမ်းရေးအတွက် နေ့ညမပျက်တာဝန်ထမ်း ဆောင်ကြရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ နေအိမ်လိုင်းခန်းများသည် ခေတ်ကာလအခြေအနေအရ အမြင်မတင့်တယ် သည့်အပြင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာနေထိုင်နိုင်သည့် အခင်းအကျင်းမျိုး မဟုတ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အန္တရာယ်ရှိပြီး မလုံခြုံသည့် အဆောက် အဦများတွင် မမျှမတမလောက်မငှဖြင့် စိုးရိမ်ငြိုးငယ် စွာနေကြရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ နေအိမ် အဆောက်အဦများအား သပ်ရပ်ကျယ်ဝန်းသော အဆင့်မီသည့် နေအိမ်များအဖြစ် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန