(က)-ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ် အတွင်း၌ မဲစာရင်းများ မှားယွင်းနေမှု အပေါ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်နောင် လာမည့် ရွေးကောက်ပွဲ ကာလ၌ မဲစာရင်းမှန် ကန်နိုင်စေရန်မည်ကဲ့သို့ စီမံ ဆောင်ရွက်ထား သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၃၀.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u nay myo htet၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကျောက်တံတားမြို့နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း၌ မဲစာရင်းများတွင် သေးဆုံးသွားသောသူများ အမည်စာရင်းများ၊ အိမ်ပြောင်းရွှေ့သွားသောသူများ အမည် စာရင်း များ၊ မြို့နယ်အတွင်း၌ အမှန်တကယ်နေထိုင်ခြင်း မရှိသော အမည်စာရင်းများ၊ မှတ်ပုံတင်နံပါတ် မှားယွင်းနေသော အမည်စာရင်းများ ပါဝင်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ကျောက်တံတားမြို့နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း၌ မဲစာရင်းများမှားယွင်းနေမှု အပေါ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲကာလ၌ မဲစာရင်းများ မှန်ကန်စေနိုင်ရန်မည် ကဲ့သို့စီစဉ်၊ ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အဖွဲ့ဝင် ဦးလှတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u hla thintနိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မိမိတို့ မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် လည်းပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များ၏ ပူးပေါင်းပါဝင်မှုအတွက်လည်း မိမိတို့က ဗွီနိုင်းပိုစတာများ၊ ရေဒီယိုရုပ်မြင်သံကြား၊ လက်ကမ်းစာစောင်များဖြင့် နည်းမျိုးစုံလှုံ့ဆော်စည်းရုံးသွားရန်လည်း မိမိတို့ စီစဉ်ထားပါကြောင်း၊ မဲစာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ကို စံပြစမ်းသပ်နယ်မြေအဖြစ် သတ်မှတ်ပြီး စတင်ကောက်ယူသွားရန်  မိမိတို့ စီစဉ်ထားပါကြောင်း၊ ယခုမေးခွန်းမတိုင်ခင် ပြီးခဲ့သည့်လဆန်းကတည်းက စီစဉ်ထားရှိ ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။