(က)-ကံမမြို့နယ်၊မဒေးချောင်းမီးရထားလမ်းကူးတံ တားသည်ရထားလမ်းနှင့်ကားလမ်းပေါင်း၍ဆောက် လုပ်ထားရာကားလမ်းမှာ ပေါက်ပြဲပျက်စီးနေသည့် အတွက် ပြင်ဆင်ပေးရန်ရှိ/မရှိနှင့်မရှိပါကမည်သည့် အချိန်ကာလတွင် ပြင်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u sein hanမကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင်ရှိသည့် မဒေးချောင်းမီးရထားလမ်းကူးတံတားသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး သုံးစွဲခဲ့ပါကြောင်း၊ ၎င်း တံတားကို ဆောက်လုပ်ထားသည်မှာ ကားလမ်းနှင့်အတူ ဆောက်လုပ် ထားပါကြောင်း၊ ကားလမ်းကို ကတ္တရာခင်းပေးထားပါကြောင်း၊ ကားလမ်း ဖောက်လုပ်ထားသည့် အတွက်ကြောင့် မကွေး-မင်းဘူး-သရက်-ကံမ စသည့်မြို့ကြီးများမှ ကားကြီး၊ ကားငယ်များဖြင့် နေ့စဉ်နှင့်အမျှ သွားလာနေသည်မှာ ယခုချိန်ထိဖြစ်ပါကြောင်း၊ တံတား၏ မျက်နှာပြင်မှာ ပေါက်ပြဲနေပါကြောင်း၊ မိုးရွာသည့်အခါ မိုးရေများပြည့်လျှံနေသည့် အတွက်ကြောင့် ကားများသွားလာရာတွင် အင်မတန် အန္တရာယ်ကြီးမားပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ တံတားကို မိမိတို့မိုးမကျမီ လို့ပြောထားပါကြောင်း၊ ယခုအချိန်တွင် မိုးကျပြီဖြစ်သည့်အတွက်ကြောင့် အချိန်မီပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgမကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ မဒေးချောင်း မီးရထားလမ်းကူးတံတားသည် ရထားလမ်းနှင့် ကားလမ်းနှစ် ခုပေါင်းပြီး တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ အမှန်တကယ်တွင် ရထားလမ်းသက်သက် သာလျှင်ဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ ကားများဖြင့်အလွယ်တကူသွားလာနိုင်ရန် ရထားလမ်းတံတား၏ ဘေးတွင် ကားလမ်းခင်းပြီး ဖောက်ထားခြင်းဖြစ်ပါကြောင်း၊  တံတား၏အကျယ်မှာ ၁၆ ပေ၊ အလျား ၇၂၀ ပေရှိသည့် တံတားဖြစ်ပြီး အရေးပေါ်သွားလာနိုင်ရန် ရည်ရွယ်ပြီးရထားနှင့်ကားပါ သွားလာနိုင်အောင် တည်ဆောက်ထားပြီး အန္တရာယ်ရှိသည့် တံတားဖြစ်သော်လည်း မိမိတို့မှ ရထားလမ်းတံတားပေါ်တွင် ကားဖြင့်သွားလာနိုင်အောင် လုပ်ထား ခြင်းဖြစ်ပါကြောင်း၊ အဲဒီမှာ ၂၀၀၇ ခုနှစ်ကတည်ဆောက်ပြီး လက်ရှိအခြေအနေတွင် ရေလည်တိုင်များ၊ ကွန်ကရစ်တံတား ဘောင်များ ကောင်းမွန်ပြီး တံတားပေါ်တွင်ရှိသည့် ကတ္တရာလမ်းသည် ပေါက်ပြဲပြီး ပျက်စီးမှုများဖြစ်နေပါကြောင်း၊ တံတားကြီး၏ ပေသည် ၇၂၀ ရှည်ပြီး ၁၆ ပေကျယ်သည့် တံတားလည်းဖြစ်ပါကြောင်း၊

မိမိတို့အနေဖြင့် ဒီနှစ်ဘတ်ဂျက်ထဲတွင် မပါဝင်သေးပါကြောင်း၊ ကြံခင်း-ပခုက္ကူရထားလမ်းဖောက် လုပ်ရေးစီမံကိန်း ငွေလုံးငွေရင်းအသုံး စရိတ်နှင့်ဖောက်လုပ်ထားသည့် ဆောင်ရွက်သည့် လုပ်ငန်းများမှာ လုပ်ငန်းခေါင်းစဉ် လွှဲပြောင်းပြီး ယခုနှစ်အတွင်းတွင် ဆောက်လုပ်ပါမည် ဆောက်လုပ်ရန်အတွက် ပြင်ဆင်ဖို့ ခန့်မှန်းကုန်ကျစရိတ်မှာ သိန်း ၅၀ ဖြစ်ပါကြောင်း၊ ကားလမ်းကတ္တရာခင်းခြင်းအတွက် မိမိတို့တွင် ကတ္တရာခင်းသည့် လုပ်ငန်းဆောက် လုပ်ရေးနှင့်ညှိနှိုင်းပြီး၊ ဆောက်လုပ်ရေးမှ လမ်းဦးစီးဌာနနနှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လအကုန် ရှေ့နှစ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။