ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တည်ဆဲမြေယာဥပဒေများနှင့်စပ်လျဉ်းသည့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များနှင့် တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်
Standard (Image)
