ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် International Glass Co., Ltd မှ Director ဦးဇော်ဝင်း ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် International Glass Co., Ltd မှ Director ဦးဇော်ဝင်း ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် International Glass Co., Ltd အနေဖြင့် မိမိတို့ မှန်စက်ရုံလုပ်ငန်းမှ မှန်ရောင်းချ မှုအခြေအနေနှင့် ကြုံတွေ့နေရသောအခက်အခဲများအား ရှင်လင်းတင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၇ ရက်

Standard (Image)