ပြည်သူ့လွှတ်တော်၊ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဉီးဝင်းထွဋ် JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဉီးဝင်းထွဋ် သည် JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် JICA ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေး နှင့်‌ဆောက်လုပ်ရေး စီမံကိန်းအခြေအနေများနှင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်

Standard (Image)