ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဉီးအောင်မင်း JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr.KARASAWA Masayuki နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဉီးအောင်မင်း သည် JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ ယန်းဘီလီယံ ၈၀၀ ထောက်ပံ့ကူညီရေးအစီအစဉ်ဖြင့် ဆောင်ရွက် မည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးခင်မောင်သန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်

Standard (Image)