ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် S.I.T.I Technologies Innovation မှ Mr.Benny Somech (CEO) အား ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ စက်မှု၊ လက်မှု သက်မွေးပညာ သင်တန်းကျောင်းများတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများတွင် နည်းပညာ တိုးတက်လာစေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုး၊ ဒေါက်တာအောင်နိုင်နှင့် ဦးသန်းညွန့်တို့ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
