ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း သည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-2) ကော်မတီအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းတွင် မသန်စွမ်းအမျိုးသမီးများအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အကြံပြုချက်များအား ထည့်သွင်း ဆောင်ရွက်နိုင်ရန် ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်
Standard (Image)
