ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် Mr. Benny Somech, S.I.T.I Technologies Innovation (CEO) နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ပညာရေးကဏ္ဍ အဆင့်မြင့်မားရေး အတွက် အကြံပြုဆွေးနွေးချက်များ၊ သင်ကြားရေးနည်းစနစ်များအဆင့်မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံနှင့် လက်တွဲ လုပ်ဆောင်လျက်ရှိသော ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးခမ်ခန့်ထန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
Standard (Image)
