ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် မြန်မာနိုင်ငံ ကျား/မ ရေးရာလေ့လာရေးသိပ္ပံအဖွဲ့နှင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် အမျိုးသမီး၊ ကလေးသူငယ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ ကလေးသူငယ်များမူးယစ်ဆေးဝါး သုံးစွဲခြင်း၊ မူးယစ် ဆေးဝါး ဖြန့်ဖြူးရာတွင်အသုံးချခံရခြင်း၊ အလုပ်သမားအဖြစ်ခိုင်းစေခြင်း၊ ကလေးသူငယ် ခိုးယူခြင်း ဆိုင်ရာ ကိစ္စရပ်များအပေါ် ကာကွယ်တားဆီးနိုင်ရန်အတွက် ထိရောက်သော အရေးယူမှုများ ဆောင်ရွက် နိုင်ရေးနှင့် ပိုမိုကောင်းမွန်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးဆိုင်ရာကဏ္ဍ အသီးသီးအား အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
