ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် WFD ၏ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပဋိဇီဝဆေးဝါးများ မှာယူတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအစီရင်ခံစာ နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲပြုလုပ်မည့် အစီအစဉ်များနှင့် ပြည်သူလူထု အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
Standard (Image)
