ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဉီးခင်အေးသည် Myanmar Tourism Federation အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီး သွားလုပ်ငန်းများအား ဈေးကွက်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေတွင် ထည့်သွင်းရေးဆွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးခင်မောင်စိုး၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
Standard (Image)
