ပြည်သူ့လွှတ်တော်၊နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith အား ယနေ့နံနက် ၈ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ တိုင်ကြားစာများနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နေမှု အခြေအနေများ၊ ကော်မတီဝန်ထမ်းများအား နည်းစနစ်ကျကျ တိုင်ကြားစာ ထုတ်ပြန်နိုင်ရေးအတွက် သင်တန်းများပို့ချပေးမည့်အစီအစဉ်များနှင့် ကနေဒါနိုင်ငံရှိ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းထားရှိမှုများနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်

 

Standard (Image)