ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအား ယနေ့နံနက် ၈ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးနှင့် ကာကွယ်ပေးရေးစာချုပ်ပါ အကြောင်း အရာများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြန်လည်ကုစားပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်း နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
Standard (Image)
