ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် ဖက်ဒရယ်နိုင်ငံများဖိုရမ် Forum of Federations (FOF) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် ဖက်ဒရယ်နိုင်ငံများဖိုရမ် Forum of Federations (FOF) အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်အတွက် တင်ပြရန်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ဖက်ဒရယ် နိုင်ငံများဖိုရမ်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတင်ပြအစီရင်ခံခြင်း၊ ယခင်ကဲ့သို့ လွှတ်တော် များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် အကြံပြု ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်၊ အဖွဲ့ဝင် ဦးနိုင်ထူးအောင်နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ  ၁၉ ရက်

 

Standard (Image)