ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် National Democratic Institute (NDI) မှ Resident Program Assistant, Ms. Hana Hseita အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကနေဒါနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများရှိ အောက်လွှတ်တော်များ၏ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ နှင့်ပတ်သက်၍ ဆောင်ရွက်နေသော သုတေသန အစီရင်ခံစာတို့အား တင်ပြလာပါသည်။ ထို့ပြင် စီးပွားဖြစ်လိင်လုပ်သားများနှင့် သက်ဆိုင်သော မူဝါဒအမျိုးအစားများကို NDI မှ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များမှ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
